Knowledge

ဘယ်ဆေးရုံမှမသွားပဲအံ့သြစရာကောင်းအောင် ကိုဗစ်လူနာ၃၈ဦးလုံးပျောင်ကင်းခဲ့တဲ့ ရွှေဆံပင်းကျောင်းကကုထုံး

ရွှေဆံပင်ကျောင်းမှကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီဖြစ်ကြောင်းသိရ”ရွှေဆံပင်ကျောင်းမှကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီလို့သိရပါတယ်။

ကိုဗစ်လူနာ၃၈ဦးလုံးဘယ်ဆေးရုံမှမသွားပဲဆရာဝန်များအတွေ့ကြုံရှိသူများ၏အကြံပေးမှုကိုအခြေခံပြီးဆရာတော်နဲ့ယျောဝစ္စအဖွဲ့၏အနီးကပ်ကြည့်ကြပ်စောင့်ရှောက်မှုရွှေဆံပင်ဒကာဒကာမများ၏ဝိုင်းဝန်းပံ့ပိုးမှုတို့ကြောင့်အားလုံးအဆင်ပြေခဲ့တာပါ။

ကိုဗစ်တိုက်ပွဲအတွေ့ကြုံလေးကိုစိတ်ဝင်စားသူများအတွက်ပြန်လည်မျှဝေပေးထားတာကိုဖော်ပြပေးလိုက်ရပါတယ်။နေထိုင်မှုစနစ်ကိုဗစ်စတွေ့ပြီဆိုတာနဲ့ပိုးတွေ့သူသံသယရှိသူနေကောင်းသူများကိုသုံးအုပ်စုခွဲလိုက်ပြီးကျောင်းဆောင်၁၀ဆောင်လောက်မှာခပ်ကျဲကျဲနေစေပြီးကုဋီတွေကစခွဲနိုင်သမျှ ခွဲပြီးနေထိုင်လိုက်ကြပါတယ်။Maskတပ်ခြင်း လက်ဆေးခြင်းများတောက်လျောက်လုပ်ခိုင်းပါတယ်။

ဆေးဝါးကိုဗစ်တွေ့ပြီလို့ကြားတာနဲ့ရန်ကုန်ကဆွေတော်မျိုးတော်များကလိုလေးသေးမရှိပို့လှူပေးကြသောဆေးဝါးများရောက်ရှိလာပြီးပိုးတွေ့သူများကိုVITAMIN C 500နှစ်ပြားနှင့်အားဆေးတလုံးကျန်သူများကိုအားဆေးနှင့်V C500တပြားကျွေးပေးလိုက်ပါတယ်။

နှာစေးချောင်းဆိုးဖျားလျင်LOCKOနှစ်ကြိမ်ကိုက်ခဲလင်paragesicလေးနာရီခြားတိုက်ပေးခဲ့ပါတယ်။လည်ချောင်းနာရင်ZINCငုံခိုင်းထားလိုက်ပါတယ်။နှာစေးချောင်းဆိုးနှစ်ယောက်လောက်နဲ့လည်ချောင်းနာကိုက်ခဲသုံးယောက်လောက်ပဲဖြစ်ပြီးသုံးရက်အတွင်းအာလုံးပျောက်ခဲ့ပါတယ်။

တိုင်းရင်းဆေးနဲ့ဓာတ်စာဖြစ်တဲ့နေ့ကစပြီးကွမ်းရွက်ရှောက်ရွက်ဂျင်းထန်းလျက်ကြိုပြီးကိုဗစ်ရှိသူတွေဓာတ်ဗူးတလုံးစီကျန်သူတွေမတ်ခွက်တလုံးစီသောက်ခိုင်းပြီးနာနတ်သီးသရက်သီးနဲ့ရှောက်သီးသုပ်တလှည့်စီကျွေးပြီး(နာနတ်သီးအများဆုံးကျွေးဖြစ်)တကျောင်းလုံးကြက်ဥပြုတ်နှစ်လုံးစီနဲ့နွားနို့သို့မဟုတ်ကွေကာအုပ်နဲ့ဓာတ်ဆားများတိုက်ပါတယ်။

ထမင်းစားပျက်တဲ့သူလည်းတစ်ယောက်မျှ မရှိပါ။ကြက်သွန်နီစားဖြစ်အောင်ထမင်းစားတဲ့နေရာအနီးတွေမှာတောင်းလိုက်ချပေးထားပါတယ်။လင်းလွန်းတစ်ထောင်ဆရာတော်ကြီးရဲ့သစ္စာမေတ္တာကိုဗစ်ကာကွယ်ဆေးများလည်းတိုက်ပေးထားပါတယ်။

စိတ်ဓာတ်မြင့်တင်ရေးနှင့်ကိုယ်လက်လှုပ်ရှားမှုကျောင်းစည်းကမ်းအရဖုန်းကိုင်ခွင့်မရှိပေမယ့်ဒီရက်ပိုင်းဖုန်းကိုင်ခွင့်ပေးထားပြီးအိမ်နဲ့လည်းပြောခိုင်းဆရာတော်ကိုယ်တိုင်လည်းဖုန်းဆက်ပြီးကိုဗစ်ကကြောက်စရာမဟုတ်ကြောင်းခဏနဲ့ပျောက်မယ့်အကြောင်းစားချင်တာလိုအပ်တာပြောခိုင်းပြီးတယောက်ချင်းစီဖုန်းနဲ့စကားလိုက်ပြောကာ စာကြည့်တိုက်ကဖတ်ချင်တဲ့စာအုပ်တွေထုတ်ပေးထားပြီးပန်းချီဆွဲဖို့လည်းစီစဉ်ပေးပါတယ်။

အားကစားလှုပ်ရှားမှုလုပ်ရန်ကြက်တောင်နဲ့ခြင်းလုံးများပေးထားလိုက်ပါတယ်။သင်ပေးထားတဲ့အကများလည်းအဆင်ပြေသလိုကခိုင်းထားပါတယ်။ဖုန်းလေးပြောလိုက်တခုပြီးတခုစားလိုက်ကစားလိုက် ဘုရားရှိခိုးပရိတ်ရွတ်လိုက်အိပ်လိုက်နဲ့ပျင်းချိန်စိတ်ညစ်ချိန်တောင်မရှိတော့ပါဘူး။(အိပ်ချိန်မအိတ်ဘဲဖုန်းသုံးရင်ဖုန်းသိမ်းမှာပြောထားတာ)

ဘာသာတရားအများစုကဗုဒ္ဓဘာသာတွေမို့ဘာသာတရားကလည်းမလုပ်လို့မရပါဘူး။မနက်၈နာရီမှ၉နာရီထိနေ့လည်၃နာရီမှ၄နာရီထိည၈နာရီမှ၉နာရီထိကိုယ့်နေရာကနဲ့ကိုယ်

ဘုရားရှိခိုးပြီးရတနသုတ်မေတ္တသုတ်ဗောဇ္ဈင်သုတ်တစ်ကြိမ်ကိုသုံးခေါက်စီ၄၅မိနစ်ရွတ်ပြီး၁၅မိနစ်အာနာပါနဝငလေထွက်လေလုပ်ပြီး ကုသိုလ်လည်းရအဆုတ်လေ့ကျင့်ခန်းလည်းပြုပြီးသားရအောင်နေ့စဉ်လုပ်နိုင်ခဲ့ပါတယ်။

တပတ်လောက်ကတည်းကအနံ့ပျောက်သူတွေပြန်ရလာကာအားလုံးကောင်းနေပြီးနှစ်ပတ်ပြည့်နေပြီမို့စိတ်ချလက်ချကောင်းနေကြပါပြီ။

ဖျားနာတဲ့အဆင့်လည်းမရောက်ကြဘဲအသက်ရှူကြပ်တဲ့အဆင့်လည်းဘယ်သူမှမဖြစ်လို့ကိုဗစ်ကလည်းဘာမှဟုတ်ပါဘူးလို့ပြောနေပြီးခပ်ပေါ့ပေါ့လုပ်နေကြလွန်းလို့သူတို့ကြောက်အောင်ခြောက်လိုက်ငေါက်လိုက်ပြန်လုပ်ပေးနေရပါတယ်။ပိုပြီးစိတ်ချရအောင်နောက်တပတ်အထိတော့ဒီအတိုင်းဆက်နေသွားပါဦးမယ်။

အခုဆိုရင်ကိုယ့်ကျောင်းမှာကိုဗစ်ကင်းစင်စိတ်ချရပြီးအပြင်မှာစိတ်မချရလို့လော့ဒေါင်းချထားပြီးအပြင်ကရိက္ခာပစ္စည်းများသွင်းရင်တောင်ဆေးဖြန်းပြီးမှအသွင်းခံပါတယ်။တခြားသူတွေကိုပြန်လည်ကူညီပေးဖို့လည်းပြင်နေပါပြီ။

Credit…M. M. H

zawgyi

ရွှေဆံပင်ကျောင်းမှကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီဖြစ်ကြောင်းသိရ”ရွှေဆံပင်ကျောင်းမှကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီလို့သိရပါတယ်။

ကိုဗစ်လူနာ၃၈ဦးလုံးဘယ်ဆေးရုံမှမသွားပဲဆရာဝန်များအတွေ့ကြုံရှိသူများ၏အကြံပေးမှုကိုအခြေခံပြီးဆရာတော်နဲ့ယျောဝစ္စအဖွဲ့၏အနီးကပ်ကြည့်ကြပ်စောင့်ရှောက်မှုရွှေဆံပင်ဒကာဒကာမများ၏ဝိုင်းဝန်းပံ့ပိုးမှု တို့ကြောင့်အားလုံးအဆင်ပြေခဲ့တာပါ။

ကိုဗစ်တိုက်ပွဲအတွေ့ကြုံလေးကိုစိတ်ဝင်စားသူများအတွက်ပြန်လည်မျှဝေပေးထားတာကိုဖော်ပြပေးလိုက်ရပါတယ်။နေထိုင်မှုစနစ်ကိုဗစ်စတွေ့ပြီဆိုတာနဲ့ပိုးတွေ့သူသံသယရှိသူနေကောင်းသူများကိုသုံးအုပ်စုခွဲလိုက်ပြီးကျောင်းဆောင်၁၀ဆောင်လောက်မှာခပ်ကျဲကျဲနေစေပြီးကုဋီတွေကစခွဲနိုင်သမျှခွဲပြီးနေထိုင်လိုက်ကြပါတယ်။Maskတပ်ခြင်းလက်ဆေးခြင်းများတောက်လျောက်လုပ်ခိုင်းပါတယ်။

ဆေးဝါးကိုဗစ်တွေဲ့ပြီလို့ကြားတာနဲ့ရန်ကုန်ကဆွေတော်မျိုးတော်များကလိုလေးသေးမရှိပို့လှူပေးကြသောဆေးဝါးများရောက်ရှိလာပြီးပိုးတွေ့သူများကိုVITAMIN C 500နှစ်ပြားနှင့်အားဆေးတလုံးကျန်သူများကိုအားဆေးနှင့်V C500တပြားကျွေးပေးလိုက်ပါတယ်။

နှာစေးချောင်းဆိုးဖျားလျင် LOCKOနှစ်ကြိမ်ကိုက်ခဲလင်paragesicလေးနာရီခြားတိုက်ပေးခဲ့ပါတယ်။လည်ချောင်းနာရင်ZINCငုံခိုင်းထားလိုက်ပါတယ်။နှာစေးချောင်းဆိုးနှစ်ယောက်လောက်နဲ့လည်ချောင်းနာကိုက်ခဲသုံးယောက်လောက်ပဲဖြစ်ပြီးသုံးရက်အတွင်း အာလုံးပျောက်ခဲ့ပါတယ်။

တိုင်းရင်းဆေးနဲ့ဓာတ်စာဖြစ်တဲ့နေ့ကစပြီးကွမ်းရွက်ရှောက်ရွက်ဂျင်းထန်းလျက်ကြိုပြီးကိုဗစ်ရှိသူတွေဓာတ်ဗူးတလုံးစီကျန်သူတွေမတ်ခွက်တလုံးစီသောက်ခိုင်းပြီးနာနတ်သီးသရက်သီးနဲ့ရှောက်သီးသုပ်တလှည့်စီကျွေးပြီး(နာနတ်သီးအများဆုံးကျွေးဖြစ်)တကျောင်းလုံးကြက်ဥပြုတ်နှစ်လုံးစီနဲ့နွားနို့သို့မဟုတ်ကွေကာအုပ်နဲ့ဓာတ်ဆားများတိုက်ပါတယ်။

ထမင်းစားပျက်တဲ့သူလည်းတစ်ယောက်မျှမရှိပါ။ကြက်သွန်နီစားဖြစ်အောင်ထမင်းစားတဲ့နေရာအနီးတွေမှာတောင်းလိုက်ချပေးထားပါတယ်။လင်းလွန်းတစ်ထောင်ဆရာတော်ကြီးရဲ့သစ္စာမေတ္တာကိုဗစ်ကာကွယ်ဆေးများလည်းတိုက်ပေးထားပါတယ်။

စိတ်ဓာတ်မြင့်တင်ရေးနှင့်ကိုယ်လက်လှုပ်ရှားမှုကျောင်းစည်းကမ်းအရဖုန်းကိုင်ခွင့်မရှိပေမယ့်ဒီရက်ပိုင်းဖုန်းကိုင်ခွင့်ပေးထားပြီးအိမ်နဲ့လည်းပြောခိုင်းဆရာတော်ကိုယ်တိုင်လည်းဖုန်းဆက်ပြီးကိုဗစ်ကကြောက်စရာမဟုတ်ကြောင်းခဏနဲ့ပျောက်မယ့်အကြောင်းစားချင်တာလိုအပ်တာပြောခိုင်းပြီးတယောက်ချင်းစီဖုန်းနဲ့စကားလိုက်ပြောကာစာကြည့်တိုက်ကဖတ်ချင်တဲ့စာအုပ်တွေထုတ်ပေးထားပြီးပန်းချီဆွဲဖို့လည်းစီစဉ်ပေးပါတယ်။

အားကစားလှုပ်ရှားမှုလုပ်ရန်ကြက်တောင်နဲ့ခြင်းလုံးများပေးထားလိုက်ပါတယ်။သင်ပေးထားတဲ့အကများလည်းအဆင်ပြေသလိုကခိုင်းထားပါတယ်။ဖုန်းလေးပြောလိုက်တခုပြီးတခုစားလိုက်ကစားလိုက်ဘုရားရှိခိုးပရိတ်ရွတ်လိုက်အိပ်လိုက်နဲ့ပျင်းချိန်စိတ်ညစ်ချိန်တောင်မရှိတော့ပါဘူး။(အိပ်ချိန်မအိတ်ဘဲဖုန်းသုံးရင်ဖုန်းသိမ်းမှာပြောထားတာ)

ဘာသာတရားအများစုကဗုဒ္ဓဘာသာတွေမို့ဘာသာတရားကလည်း မလုပ်လို့မရပါဘူး။မနက်၈နာရီမှ၉နာရီထိနေ့လည်၃နာရီမှ၄နာရီထိည၈နာရီမှ၉နာရီထိကိုယ့်နေရာကနဲ့ကိုယ်

ဘုရားရှိခိုးပြီးရတနသုတ်မေတ္တသုတ်ဗောဇ္ဈင်သုတ်တစ်ကြိမ်ကိုသုံးခေါက်စီ၄၅မိနစ်ရွတ်ပြီး၁၅မိနစ်အာနာပါနဝငလေထွက်လေလုပ်ပြီး ကုသိုလ်လည်းရအဆုတ်လေ့ကျင့်ခန်းလည်းပြုပြီးသားရအောင်နေ့စဉ်လုပ်နိုင်ခဲ့ပါတယ်။

တပတ်လောက်ကတည်းကအနံ့ပျောက်သူတွေပြန်ရလာကာအားလုံးကောင်းနေပြီးနှစ်ပတ်ပြည့်နေပြီမို့စိတ်ချလက်ချကောင်းနေကြပါပြီ။

ဖျားနာတဲ့အဆင့်လည်းမရောက်ကြဘဲအသက်ရှူကြပ်တဲ့အဆင့်လည်းဘယ်သူမှမဖြစ်လို့ကိုဗစ်ကလည်းဘာမှဟုတ်ပါဘူးလို့ပြောနေပြီး ခပ်ပေါ့ပေါ့လုပ်နေကြလွန်းလို့သူတို့ကြောက်အောင်ခြောက်လိုက်ငေါက်လိုက်ပြန်လုပ်ပေးနေရပါတယ်။ပိုပြီးစိတ်ချရအောင်နောက်တပတ်အထိတော့ ဒီအတိုင်းဆက်နေသွားပါဦးမယ်။

အခုဆိုရင်ကိုယ့်ကျောင်းမှာကိုဗစ်ကင်းစင်စိတ်ချရပြီးအပြင်မှာစိတ်မချရလို့လော့ဒေါင်းချထားပြီးအပြင်ကရိက္ခာပစ္စည်းများသွင်းရင်တောင်ဆေးဖြန်းပြီးမှအသွင်းခံပါတယ်။တခြားသူတွေကိုပြန်လည်ကူညီပေးဖို့လည်း ပြင်နေပါပြီ။

Credit…M. M. H