Local News

ဗိုလ်ထွန်းတောက်နိုင်ရဲ့မိသားစု အသိုင်းအဝန်းဘယ်လိုလဲ

ဗိုလ်ထွန်းတောက်နိုင်ရဲ့မိသားစု အသိုင်းအဝန်းဘယ်လိုလဲ

#MoreMrontVlog

MPDF ဗိုလ်ထွန်းတောက်နိုင်ရဲ့ ဦးလေးဖြစ်သူဟာ အာဏာရှင်ဦးသန်းရွှေလက်ထက်တုန်းက ဝန်းသိုတပ်ရင်းမှာ ဗိုလ်ကြီးအဆင့်ရာထူးရှိသူဖြစ်ပါတယ်။ နာမည်က ဦးမြင့်ဇော်ဖြစ်ပါတယ်။

သူဟာ မန်း PDF ၀င်စီးခံရတဲ့ဖြစ်စဉ်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတဲ့ A-1 ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်ရဲ့ သူငယ်ချင်းလို့ သိရပါတယ်။

လက်ရှိသူဟာ ဝန်းသိုမှာ ရွှေဆိုင်ဖွင့်ထားသူဖြစ်သလို၊ တပ်အရာအရှိတွေနဲ့နီးနီးကပ်ကပ်နေထိုင်သူဖြစ်ပါတယ်။ တပ်က အငြိမ်းစားယူထားပေမယ့် လက်ဝယ်သေနတ်ကိုင်ဆောင်သူလို့လည်း ဝန်းသိုဒေသခံတချို့ကပြောကြပါတယ်။

ထွန်းတောက်နိုင် (ခ) ဝေယံလင်းရဲ့ ငယ်နာမည်က ထက်ပိုင်ကျော်ဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့် ဦးလေးဖြစ်သူက ခေါ်ယူစောင့်ရှောက်ပါတယ်။ နောက်ပိုင်းမှာတော့ အဘွားဖြစ်သူနဲ့အတူ မန္တလေးမှာ နေထိုင်တယ်လို့သိရပါတယ်။

ဗိုလ်ထွန်းတောက်နိုင်ရဲ့နောက်ကြောင်းတချို့ကို ဆက်လက်စုံစမ်းနေပါတယ်။ သိရှိသူတွေ ဆက်သွယ်ပြောပြပေးစေချင်ပါတယ်။ စုံစမ်းသိရှိတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

MoreMrontVlog

ဗိုလ်ထွန်းတောက်နိုင်ရဲ့မိသားစု အသိုင်းအဝန်းဘယ်လိုလဲ

#MoreMrontVlog






MoreMrontVlog