မြန်မာနိုင်ငံရဲ့တရားစီရင်ရေးကို ဘယ်သူတွေချုပ်ကိုင်ထားလဲ ဆိုတာ ကမ္ဘာသိ ချပြလိုက်ပြီ
မန်မာနိုင်ငံရဲ့တရားစီရင်ရေးကို ဘယ်သူတွေချုပ်ကိုင်ထားလဲ ဆိုတာ ကမ္ဘာသိ ချပြလိုက်ပြီ
သံပါးစပ်
UNICODE
မြန်မာနိုင်ငံရဲ့တရားစီရင်ရေးကို ဘယ်သူတွေချုပ်ကိုင်ထားလဲ ဆိုတာ ကမ္ဘာသိ ချပြလိုက်ပြီ
တချက်ထဲနဲ့ ဘယ်သူ့လက်ချက်ဆိုတာကို ကမ္ဘာသိ ချပြလိုက်သလိုပါပဲ။ မြန်မာနိုင်ငံရဲ့တရားစီရင်ရေးကို ဘယ်သူတွေချုပ်ကိုင်ထားလဲ ဆိုတဲ့အကြောင်းနဲ့
တရားခွင်(တရားရုံး)က အမြင့်ဆုံးရာထူးရှိတဲ့ တရားသူကြီးဆိုတဲ့ သူတွေကိုယ်တိုင်က အရုပ်တရားသူကြီး ကြိုးစွဲရာကနေရတဲ့သူတွေဖြစ်ကြောင်းကို လူထုခေါင်းဆောင်အား ရုံးထုတ်စစ်ဆေးတဲ့ တရားခွင်မှာပဲ လူသိရှင်ကြား ပေါ်လွှင်စေခဲ့ပါတယ်။
တရားခွင်ထဲမှာ ဓာတ်ပုံမရိုက်ဖို့ လူထုခေါင်းဆောင်ကိုယ်တိုင် တောင်းဆို တင်ပြမှုအပေါ်
တရားသူကြီးရဲ့ ဖြေရှင်းချက်က အထက်ကိုတင်ပြပြီး ဆွေးနွေးပေးမယ် ဆိုပဲ။
အဲ့ဒါ ဒီနိုင်ငံက တရားခွင်မှာ ဥပဒေအရ ဆုံးဖြတ်ပိုင်ခွင့် အရှိဆုံးဂြိုလ်သားရဲ့စကားပါ။ တရားခွင်မှာ တရားသူကြီးထက်ကြီးတာဆိုလို့ QQလှမုန့်ပေါင်းပဲ ရှိမယ်ထင်တယ်။
ဒီနိုင်ငံက တရားသူကြီးတစ်ယောက်ဟာ သူ့တရားခွင်မှာတောင် သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့ဥပဒေ က
စိုးမိုးမှုမရှိကြောင်းကို ပြလိုက်တာပါပဲ။
ပြီးတော့ လူထုခေါင်းဆောင်နဲ့နိုင်ငံတော်အကြီးကဲတွေအပေါ် တရားစွဲဆိုထားမှုနဲ့ စစ်ဆေးမှုတွေဟာ ဥပဒေကြောင်းအရ ဘယ်လိုပဲ အပြစ်ကင်းနေပါစေ လုံးဝ အရေးယူလို့ မရတဲ့အတွက် လွတ်မြှောက်နေပါစေ
တရားသူကြီးရဲ့ပြောစကားအရဆိုရင် ဥပဒေနဲ့အညီ သူတို့မှာဆုံးဖြတ်ပိုင်ခွင့်မရှိပဲ အထက်ကိုတင်ပြပြီး အထက်ကခိုင်းတဲ့အတိုင်း သူတို့ပါးစပ်က ပြောရတယ်လို့ ဆိုလိုတာကြောင့် အထက်ကို တင်ပြလိုက်အုန်းမယ်ဆိုတဲ့ တရားသူကြီးရဲ့စကားနဲ့တင် မြန်မာ့တရားစီရင်ရေးဟာ မအလခိုင်းသမျှ လုပ်နေရတယ်ဆိုတာကို ကမ္ဘာသိဖြစ်သွားပါပြီ။
ဒီတချက်ထဲပါပဲ ။ဒေါ်အောင်ဆန်းစုကြည်ကို မခန့်မှန်းနဲ့ ရူးသွားမယ်။
မအလရဲ့တရားစီရင်ရေးကို မယုံကြည်ဘူးလို့ တခွန်းမှမပြောခဲ့ဘူး
သို့သော် ယုံစရာမရှိဘူးဆိုတဲ့ အကြောင်း ကမ္ဘာကမြင်အောင် ချပြတတ်တယ်။
သံပါးစပ်