love

ကိုဗစ် ကို အချစ်စွမ်းအားနဲ့တွန်းလှန်ခဲ့တဲ့ မြန်မာပြည်က ချစ်စရာစုံတွဲလေး

ကိုဗစ် ကို အချစ်စွမ်းအားနဲ့တွန်းလှန်ခဲ့တဲ့ မြန်မာပြည်က ချစ်စရာစုံတွဲလေး

ပရိသတ်ကြီးရေ ကိုဗစ်ကတော့ ချစ်ရတဲ့ချစ်သူတွေ မိဘတွေ သူငယ်ချင်းတွေ နဲ့ မိတ်ဆွေတွေ ချစ်ရခင်ရတဲ့သူတွေကို သေကွဲတွေတစ်မျိုး ရှင်ကွဲတစ်မျိုး ကွဲကွာအောင်ပြုလုပ်နေပါတယ်။ သတင်းတွေနဲ့ လူမှု့ကွန်ယက်တွေပါ် မှာကိုဗစ်ကြောင့် သေဆုံးရတာတွေ အများအပြားရှိလာပေမယ့်လည်း ‌ကိုဗစ်ကို မကြောက်ဘဲအချစ်စွမ်းအားနဲ့ ကြံ့ကြံ့ခံတွန်းလှန်ခဲ့တဲ့ စုံတွဲလေးအကြောင်းကို စိတ်ဓာတ်ခွန်အားပေးတဲ့အနေနဲ့ ရေးသားဖော်ပြပေးချင်ပါတယ်။

မိန်းမတစ်ယောက်ကချစ်ပြီဆိုရင် ကိုယ့်ဟာကိုဘာဖြစ်မလဲဆိုတာတောင်ပြန်မစဥ်းစားပဲ ရူးမိုက်စွာချစ်ကြတယ်တဲ့။ သူ Positive စဖြစ်တော့ ၇ လပိုင်း ၅ရက်မိသားစုလေးကလဲ ၃ ယောက်ပဲရှိတယ် အဖေနဲ့အမေကလဲရောဂါအခံတွေနဲ့ သူ့ကိုအနီးကပ် ပြုစုမယ့်သူလဲမရှိ

အဲ့အချိန်အချစ်စွမ်းအားအပြည့်နဲ့ ငါဖြစ်ချင်တာဖြစ်အကူးလဲခံမယ်ဟာ ဆိုပြီးသူဖြစ်ဖြစ်ချင်းနေ့က ကျွန်မသူ့ဆီသွားခဲ့တယ် သူ့အတွက်ကြက်သားနဲ့အသီးလေးတစ်ချို့ယူသွားခဲ့တယ် သူ့အိမ်ရောက်တော့သူ့အမေကအိမ်ပေါ်ယူသွားဖို့ပစ္စည်းလေးတွေအဆင်သင့်လုပ်ပေးထားတယ်

ကိုယ်လဲယူပြီးသူ့အခန်းထဲဝင်သွားတာပေါ့ သူ့ကိုမြင်မြင်ချင်းစိတ်မကောင်းဖြစ်ပြီး ငိုလိုက်ရတာ ကိုယ်ငိုတော့သူကလဲလိုက်ငို ကျွန်မလဲအငိုတိတ်ပြီး သူ့ကိုအားပေးစကားပြော ကိုစိတ်ဓာတ်မကျနဲ့ကို့နားမှာသဲတသက်လုံးရှိတယ် ဆိုပြီးအားပေးရတယ် ကျွန်မယူလာတဲ့ကြက်ကြော်လေးသူစားတော့ငံတယ်တဲ့

ကျွန်မလဲစိတ်တွေပူပြီးကြော်ခဲ့ရတော့ ဆားတွေအများကြီးထည့်မိသွားလို့နေမယ် ငံလဲသူစားနေတာပဲ နောက်တရက်သူဖျားတော့ပိုပြီးစိတ်တွေကပူညဘက်ကြီးဆိုတော့သူ့ဆီသွားလို့လဲမရနဲ့ မနက်မိုးမြန်မြန်လင်းပါစေပဲဆုတောင်းနေရတယ် မနက်သူ့ဆီရောက်တော့ ညကဘာစားလဲမေးတော့မှ

ထမင်းစားလိုက်လို့တဲ့ ထမင်းစားတော့ကိုယ်ပူမှာပေါ့ အဲ့တာနဲ့သူ့ရဲ့ခြေချောင်းလေးတွေနှိပ်ပေးလက်လေးတွေနှိပ်ပေး မနေ့ကဝတ်တဲ့အဝတ်လေးပါလျှော်ပြီး အိမ်ပြန်ခဲ့တယ် ထမင်းမစားဖို့လဲမှာခဲ့ရသေးတယ် နောက် ၂ ရက်နေတော့သူအနံ့စပျောက်လာလို့ ထုံး .လျှက်ဆား . ကွမ်းရွက် ရောပြီးသူ့ကိုရှူခိုင်း ကြက်သွန်နီတွေစားခိုင်း ကျွန်မလဲသိသလောက်အကုန်လုပ်ပေးခဲ့တာ

ဖျားတာတော့မဖျားတော့ဘူး အရသာလဲမပျောက်ဘူး အနံပဲမရတော့တာ သူ့ကိုလမ်းလဲလျှောက်ခိုင်းတယ် တစ်ယောက်ထဲပျင်းမှာဆိုးလို့ကိုယ်ပါတူတူလိုက်လျှောက် (အိမ်ထဲမှာပဲ) ကျွန်မအနားမှာရှိရင်သူကပိုကျန်းမာနေသလိုပဲ ကျွန်မလဲတတ်နိုင်သလောက်အကုန်လုပ်ပေးခဲ့တယ်

ခု ၁၃ ရက်နေ့ရောက်တော့အနံ့ပြန်ရနေပြီတဲ့ မနက်ဖြန် ၁၄ ရက်နေ့ ၁နှစ် ၁လ ပြည့်အတွက် ကျွန်မအတွက်လက်ဆောင်ပေးလိုက်သလိုပဲ နေပြန်ကောင်းပြီဆိုတဲ့စကားလေးက သူလဲကျွန်မနဲ့မခွဲချင်တဲ့စိတ်နဲ့ စိတ်ဓာတ်မကျပဲ ပြန်နေကောင်းလာတာပေါ့ ကျွန်မခုလိုသူ့ဆီသွားလိုက်ပြန်လိုက်လုပ်လို့ ကိုယ့်မိဘကိုပြန်မကြည့်ဘူးလားဆိုရင် ကျွန်မလဲကိုယ့်ဟာကိုပြန်ဂရုစိုက်ပါတယ် အိမ်ကိုမပြောရဲတော့

ပြောလိုက်ရင်မလွှတ်မှာစိုးလို့ သူ့ဆီကပြန်လာတိုင်းရေတန်းချိုးတယ် ခေါင်းကိုက်ရင် Biogesic သောက်တယ် ပြီးရင်တန်းအိပ်တယ် မိုးလင်းရင်လန်းဆန်းနေနေရောပဲ ခုလိုသူကလဲပြန်ကျန်းမာ ကျွန်မလဲကျန်းမာနေတော့ ကျွန်မတကယ်ပျော်တယ် ဒီရောဂါကြီးဖြစ်ရင်ဘာမှမကြောက်ပါနဲ့ ပြန်ပြီးတိုက်ထုတ်လိုက်ပါ ချစ်တဲ့လူတွေအတူတူ အချိန်အကြာကြီး နေနိုင်ကြပါစေ။

ကဲ … ပရိသတ်ကြီးရေ ဒီလိုအလိုက်သိပြီး ချစ်စရာကောင်းတဲ့ ချစ်သူကောင်မလေးကိုပိုင်ဆိုင်ထားတဲ့ ကောင်လေးကို အားကျနေကြပီမှတ်လား။ ကိုဗစ်ရောဂါကို အချစ်စွမ်းအားတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တွန်းလှန်နိုင်ခဲ့တဲ့ သူမတို့စုံတွဲလဲ ကျန်းမာ‌ရေးတွေဒီထက်ပိုကောင်းလို့ အချိန်အကြာကြီး ရွှေလက်တွဲနိုင်ပါစေ။

ဒီကိုဗစ်တတိယလှိုင်းရောဂါဆိုးကြီးကို အမြန်ဆုံးကျော်ဖြတ်နိုင်ပြီးတော့ ချစ်ရတဲ့လူတွေအားလုံးလဲ ‌ကွေကွင်းရှင်းမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဖတ်ရှု့ပြီးတော့ ကိုဗစ်ကိုတွန်းလှန်နိုင်တဲ့ စိတ်ခွန်အားတစ်ခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်။ မြန်မာပြည်ကြီး နေအမြန်ပြန်ကောင်းပါစေ။

Credit