သိန်း ၉,၀၀၀ ကျော်အကုန်ကျခံတည်ဆောက်ထားတဲ့ ကိုဗစ်စင်တာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် လူဦးရေ ၁၂၀၀ ဝန်းကျင်ဆံ့ ကွာရန်တင်းစင်တာ တည်ဆောက်ပြီးစီးသွားပြီဖြစ်ပြီး ကိုဗစ် Positive လူနာများကို စတင်လက်ခံနေပြီဖြစ်ကြောင်း ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက ယနေ့ (ဇူလိုင် ၁၅ ရက်) သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- Kokang SWF

အဆိုပါ ကွာရန်တင်းစင်တာ (Container House Quarantine Center) ကို ကွန်တိန်နာ အလုံးရေ ၂၀၀ ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး လူဦးရေ ၁၂၀၀ ဝန်းကျင် ထားရှိနိုင်ကြောင်း၊ စင်တာ၏ အခန်းတခန်းစီတွင် ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ကုတင်၊ မီး၊ Air Con များ ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ- Kokang SWF
ဓာတ်ပုံ- Kokang SWF

စင်တာရဲ့ တစ်ခန်းချင်းဆီမှာ ရေချိုးခန်း၊ အိမ်သာ၊ ဘေစင်၊ ရေပူရေအေး၊ ကုတင်၊ မီးနဲ့ Air Con တွေ ပါဝင်ပြီး လက်ရှိမှာတော့ လူနာတွေကို လက်ခံနေပြီဖြစ်ပါတယ်။

ယင်း စင်တာကို Hanley Group Limited ၏ မန်နေဂျင်းဒါရိုက်တာ၊ ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ ဥက္ကဋ္ဌ၊ လောက်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါ်ချောချောအေးက ဆောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်သည်ဟုလည်း ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- Kokang SWF
ဓာတ်ပုံ- Kokang SWF

Container House တလုံးကို တရုတ် ယွမ်ငွေ ၂၀,၀၀၀ (ပျမ်းမျှ မြန်မာငွေကျပ် ၅၀ သိန်း ဝန်းကျင်) ကုန်ကျပြီး အလုံးရေ ၂၀၀ ဖြစ်ရာ မြန်မာငွေကျပ် သိန်း ၉,၀၀၀ ကျော် တန်ဖိုးရှိကြောင်း သိရသည်။

မနေ့ ဇူလိုင် ၁၄ ရက်အထိ လောက်ကိုင်မြို့နယ်မှာ ကိုဗစ်-၁၉ လူနာ (၁,၈၇၀)ဦးထဲက သက်သာလာသူ (၃၈၆)ဦးနဲ့ သေဆုံးသူ ၅ ဦး ရှိနေပါတယ်။

ဓာတ်ပုံ- Kokang SWF
ဓာတ်ပုံ- Kokang SWF

ဒီစင်တာမှာ ကွာရန်တင်းဝင်လိုသူတွေအနေနဲ့ သာမန်အရပ်သားဆိုရင်အခမဲ့ဖြစ်ပြီးတော့ ကုမ္ပဏီဝန်ထမ်းဆိုရင်တော့ တစ်ဦးကို တစ်ရက် စားသောက်စရိတ် ယွမ် ၁၀၀ (မြန်မာငွေကျပ် ၂၀၀၀၀ ဝန်းကျင်) ပေးဆောင်ရမှာဖြစ်ပါတယ်။