Local News

ပရဟိတလူငယ်များ စစ်ကောင်စီကို အကြောင်းကြားပြောဆို

လက္ရွိ ျမန္မာျပည္မွာႀကဳံေတြ႕ေနရတဲ့ ကိုဗစ္-၁၉ ေရာဂါအေရးအတြက္ အာဏာသိမ္းစစ္ေကာင္စီက လုပ္အားေပးလူငယ္ေတြကို ေခၚယူေနေပမယ့္ စစ္ေကာင္စီလက္ေအာက္မွာတြဲၿပီး အလုပ္လုပ္ဖို႔အစီအစဥ္မရွိဘူးလို႔ ကိုဗစ္အေရး ေစတနာ့ဝန္ထမ္း လုပ္အားေပးခဲ့တဲ့လူငယ္ေတြက ေျပာပါတယ္။..

(ဇော်ဂျီဖောင့် ဖြင့် ဖတ်မရသူများ အောက်တွင် ယူနီကုဒ်ဖြင့် ဖော်ပြထားသည်)

စစ္ေကာင္စီက ဖြင့္ထားတဲ့ ကြာရန္တင္းစင္တာေတြနဲ႕ ေဆး႐ုံေတြမွာ အကူအညီေပးဖို႔ လုပ္အားေပးလူငယ္ေတြကို စစ္ေကာင္စီက ေခၚယူေနတာပါ။ကိုဗစ္ပထမလွိုင္းနဲ႕ ဒုတိယလွိုင္းမွာ ေစတနာ့ဝန္ထမ္းေတြအျဖစ္ တက္တက္ႂကြႂကြကူညီခဲ့ၾကတဲ့ လူငယ္ေတြကေတာ့ စစ္ေကာင္စီရဲ႕ ျပည္သူအေပၚထားတဲ့ ေစတနာမမွန္တဲ့အတြက္..

သူတို႔နဲ႕ပူးေပါင္းၿပီး အလုပ္မလုပ္ခ်င္ဘူးလို႔ဆိုၾကပါတယ္။စစ္ေကာင္စီကဖြင့္ထားတဲ့ ကြာရန္တင္း စင္တာေတြ၊ ေဆး႐ုံေတြမွာ ကိုဗစ္လူနာေတြအတြက္ လုံေလာ က္တဲ့ က်န္းမာေရးအေထာက္အကူျပဳပစၥည္းေတြ၊ ပံ့ပိုးမႈေတြမရွိတာဟာ ေစတနာ မမွန္တာကို ေဖာ္ျပေနတာလို႔ လုပ္အားေပးဦးေဆာင္လူငယ္တစ္ေယာက္ကေျပာပါတယ္။..

ပထမလွိုင္းနဲ႕ ဒုတိယလွိုင္းမွာ ကူညီခဲ့တဲ့လူငယ္ေတြဟာ လတ္တေလာမွာ ျပင္ပမွာ ကိုယ့္အစုအဖြဲ႕အလိုက္ လုပ္ အားေပးေနၾကၿပီး စစ္ေကာင္စီနဲ႕တြဲၿပီးေတာ့ အလုပ္မလုပ္ခ်င္ဘူးလို႔ ကိုဗစ္အေရးကူညီေဆာင္႐ြက္သူ မေမေက်ာ့ရွင္းက ေျပာပါတယ္။လက္ရွိ ျမန္မာျပည္မွာ ကိုဗစ္ကူးစက္ခံလူနာေတြဟာ ေအာက္စီဂ်င္ျပတ္လပ္တာ၊ ..

စနစ္တက် ကုသေစာင့္ေရွာက္မႈ မရရွိတာေတြေၾကာင့္ မလိုလားအပ္ဘဲ အသက္ဆုံးရႈံးေနၾကရပါတယ္။ကိုဗစ္ေရာဂါပိုးရွိမရွိ စနစ္တက်စစ္ေဆးေပးတာမ်ိဳး၊ ဆက္ စပ္လူနာေတြကို ထိန္းသိမ္း ေစာင့္ၾကည့္တာမ်ိဳးလည္း စစ္ေကာင္စီက မေဆာင္႐ြက္ခဲ့တဲ့အတြက္လည္း ျမန္မာ နိုင္ငံအတြင္း ပိုးကူးစက္မႈ အေျခအေနဟာ မခန႔္မွန္းနိုင္တဲ့ပမာဏျဖစ္ေနပါတယ္။..

စစ္ေကာင္စီက ျပည္သူေတြကို အကူအညီမေပးတဲ့အျပင္ လိုအပ္ေနတဲ့ေအာက္စီဂ်င္ကို ကန႔္သတ္ခ်ဳပ္ ကိုင္တာ၊ အကူအညီေပးေနတဲ့ပရဟိတအဖြဲ႕ေတြကို ဖိအားေပးေနတာေတြကို အျမန္ဆုံးရပ္တန႔္ေပးဖို႔ လူငယ္နိုင္ငံေရးလႈပ္ရွားသူ ပိုင္ရဲသူက တိုက္တြန္းပါတယ္။မၾကာေသးခင္လပိုင္းေတြတုန္းက..

စစ္ေကာင္စီရဲ႕ လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ လူမႈကူညီကယ္ဆယ္ေရး လုပ္ေနတဲ့ ေစတနာ့ဝန္ထမ္း ပရဟိတ လူငယ္ေတြကို အၾကမ္းဖက္ ဖမ္းဆီး ရို က္ႏွ က္ ပ စ္ခ တ္ သ တ္ျဖ တ္တာ၊ တရားစြဲ ေထာင္ခ်တာေတြ လုပ္ ေဆာင္ခဲ့ပါတယ္။ဒါ့အျပင္ နာေရးကူညီမႈအသင္း (ရန္ကုန္) အပါဝင္ နိုင္ငံအႏွံ႕အျပားရွိ..

ပရဟိတ အသင္းအဖြဲ႕ေတြရဲ႕ ႐ုံးေတြကို ဝင္ေရာက္စီးနင္းတာ၊ လုယက္ဖ်က္ဆီးတာေတြကိုလည္းက်ဴး လြန္ခဲ့တာျဖစ္ပါတယ္။လက္ရွိ ကိုဗစ္အေျခအေနဆိုး ႐ြားလာခ်ိန္မွာေတာ့ စစ္ေကာင္စီက CDM ဆရာဝန္ေတြနဲ႕ က်န္းမာေရးဝန္ထမ္းေတြေၾကာင့္ အေျခအေနပိုဆိုးလာရပါတယ္ဆိုၿပီး အျပစ္ဆိုထားပါတယ္။….

အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ကလည္း ဆရာ ဝန္ေတြနဲ႕က်န္းမာေရးဝန္ထမ္းေတြကို ကန္ထရိုက္စနစ္နဲ႕ ပိုက္ဆံေပးၿပီး ေခၚခိုင္းမယ္လို႔လည္း ေျပာဆိုထားပါတယ္။ ဒါဟာ ပညာရွင္ေတြကို ေစာ္ကားမႈအျဖစ္ ေဆးဘက္ဆိုင္ရာ ဆရာဝန္အသိုက္အဝန္းနဲ႕ ပညာရွင္ေတြက တုံ႕ျပန္ေျပာဆိုၾကပါတယ္။…

အမ်ိဳးသားညီၫြတ္ေရးအစိုးရ လူ႕အခြင့္အေရးဆိုင္ရာဝန္ႀကီး ဦးေအာင္မ်ိဳးမင္းကေတာ့ စစ္ေကာင္စီဟာ ျပည္သူေတြအသက္ဆုံးရႈံးမွာကို သိလ်က္နဲ႕ မကူညီတာဟာ ရည္႐ြယ္ခ်က္ရွိရွိ လူ႕အသက္ကိုဆုံးရႈံးေစၿပီး လူသားမဆန္တဲ့ျပစ္မႈကို က်ဴးလြန္တာလို႔ ဆိုပါတယ္။ ဒီအေၾကာင္းအရာအေထာက္အထားေတြကို..

နိုင္ငံတကာတရား႐ုံးကိုတင္သြင္းတဲ့အခါမွာ ပူးတြဲတင္ျပမယ္လို႔ လည္း ဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက ေျပာပါတယ္။စစ္ေကာင္စီက CDM ဆရာဝန္ေတြနဲ႕ က်န္းမာေရးဝန္ထမ္းေတြ၊ လုပ္အားေပးလူငယ္ေတြကို ျပည္သူေတြအျမင္ေစာင္းေအာင္ ဝါဒျဖန႔္ေနေပမယ့္ စစ္ေကာင္စီရဲ႕လုပ္ရပ္နဲ႕သေဘာထားကို ျပည္သူေတြ..

နားလည္မယ္ဆိုတာကို ယုံၾကည္တယ္လို႔ ဝန္ႀကီးဦးေအာင္မ်ိဳးမင္းကေျပာပါတယ္။ဇူလိုင္ ၁၂ ရက္ေန႕ကစၿပီး ရန္ကုန္ၿမိဳ႕နဲ႕ တျခားၿမိဳ႕ႀကီးေတြက သုသာန္ေတြမွာ ေအာက္ဆီဂ်င္ျပတ္ၿပီး ေသဆုံးသူအမ်ားအျပားကို မနိုင္မနင္းသျဂၤိုဟ္ေနရပါတယ္။ျမန္မာနိုင္ငံမွာ တရက္အတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္မႈအသစ္..

၇,၀၈၃ ေယာက္၊ ေသဆုံးသူ ၁၄၅ ေယာက္ ရွိခဲ့ၿပီး ေရာဂါကူးစက္ခံရသူ အတည္ျပဳလူနာ စုစုေပါင္း ၂၀၈,၃၅၇ ေယာက္ထိ ရွိလာၿပီလို႔ စစ္ေကာင္စီ က်န္း မာေရးနဲ႕ အားကစားဝန္ႀကီးဌာနက ဇူလိုင္ ၁၄ ရက္ညမွာ ထုတ္ျပန္ထားပါတယ္။စစ္ေကာင္စီက ထုတ္ျပန္တဲ့ပိုးကူးစက္ႏႈန္းနဲ႕ ေသဆုံးႏႈန္းထက္ပိုၿပီး ေျမျပင္မွာ အေျခအေနဆိုးေနတယ္လို႔လည္း အကူအညီေပးေနတဲ့ပရဟိတအဖြဲ႕ေတြကေျပာပါတယ္။…

ယူနီကုဒ်ဖြင့် ဖတ်ရန်

လက်ရှိ မြန်မာပြည်မှာကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါအရေးအတွက် အာဏာသိမ်းစစ်ကောင်စီက လုပ်အားပေးလူငယ်တွေကို ခေါ်ယူနေပေမယ့် စစ်ကောင်စီလက်အောက်မှာတွဲပြီး အလုပ်လုပ်ဖို့အစီအစဉ်မရှိဘူးလို့ ကိုဗစ်အရေး စေတနာ့ဝန်ထမ်း လုပ်အားပေးခဲ့တဲ့လူငယ်တွေက ပြောပါတယ်။..

စစ်ကောင်စီက ဖွင့်ထားတဲ့ ကွာရန်တင်းစင်တာတွေနဲ့ ဆေးရုံတွေမှာ အကူအညီပေးဖို့ လုပ်အားပေးလူငယ်တွေကို စစ်ကောင်စီက ခေါ်ယူနေတာပါ။ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ စေတနာ့ဝန်ထမ်းတွေအဖြစ် တက်တက်ကြွကြွကူညီခဲ့ကြတဲ့ လူငယ်တွေကတော့ စစ်ကောင်စီရဲ့ ပြည်သူအပေါ်ထားတဲ့ စေတနာမမှန်တဲ့အတွက်..

သူတို့နဲ့ပူးပေါင်းပြီး အလုပ်မလုပ်ချင်ဘူးလို့ဆိုကြပါတယ်။စစ်ကောင်စီကဖွင့်ထားတဲ့ ကွာရန်တင်း စင်တာတွေ၊ ဆေးရုံတွေမှာ ကိုဗစ်လူနာတွေအတွက် လုံလော က်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းတွေ၊ ပံ့ပိုးမှုတွေမရှိတာဟာ စေတနာ မမှန်တာကို ဖော်ပြနေတာလို့ လုပ်အားပေးဦးဆောင်လူငယ်တစ်ယောက်ကပြောပါတယ်။..

ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ကူညီခဲ့တဲ့လူငယ်တွေဟာ လတ်တလောမှာ ပြင်ပမှာ ကိုယ့်အစုအဖွဲ့အလိုက် လုပ် အားပေးနေကြပြီး စစ်ကောင်စီနဲ့တွဲပြီးတော့ အလုပ်မလုပ်ချင်ဘူးလို့ ကိုဗစ်အရေးကူညီဆောင်ရွက်သူ မမေကျော့ရှင်းက ပြောပါတယ်။လက်ရှိ မြန်မာပြည်မှာ ကိုဗစ်ကူးစက်ခံလူနာတွေဟာ အောက်စီဂျင်ပြတ်လပ်တာ၊ ..

စနစ်တကျ ကုသစောင့်ရှောက်မှု မရရှိတာတွေကြောင့် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးနေကြရပါတယ်။ကိုဗစ်ရောဂါပိုးရှိမရှိ စနစ်တကျစစ်ဆေးပေးတာမျိုး၊ ဆက် စပ်လူနာတွေကို ထိန်းသိမ်း စောင့်ကြည့်တာမျိုးလည်း စစ်ကောင်စီက မဆောင်ရွက်ခဲ့တဲ့အတွက်လည်း မြန်မာ နိုင်ငံအတွင်း ပိုးကူးစက်မှု အခြေအနေဟာ မခန့်မှန်းနိုင်တဲ့ပမာဏဖြစ်နေပါတယ်။..

စစ်ကောင်စီက ပြည်သူတွေကို အကူအညီမပေးတဲ့အပြင် လိုအပ်နေတဲ့အောက်စီဂျင်ကို ကန့်သတ်ချုပ် ကိုင်တာ၊ အကူအညီပေးနေတဲ့ပရဟိတအဖွဲ့တွေကို ဖိအားပေးနေတာတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့ လူငယ်နိုင်ငံရေးလှုပ်ရှားသူ ပိုင်ရဲသူက တိုက်တွန်းပါတယ်။မကြာသေးခင်လပိုင်းတွေတုန်းက..

စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ လူမှုကူညီကယ်ဆယ်ရေး လုပ်နေတဲ့ စေတနာ့ဝန်ထမ်း ပရဟိတ လူငယ်တွေကို အကြမ်းဖက် ဖမ်းဆီး ရို က်နှ က် ပ စ်ခ တ် သ တ်ဖြ တ်တာ၊ တရားစွဲ ထောင်ချတာတွေ လုပ် ဆောင်ခဲ့ပါတယ်။ဒါ့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) အပါဝင် နိုင်ငံအနှံ့အပြားရှိ..

ပရဟိတ အသင်းအဖွဲ့တွေရဲ့ ရုံးတွေကို ဝင်ရောက်စီးနင်းတာ၊ လုယက်ဖျက်ဆီးတာတွေကိုလည်းကျူး လွန်ခဲ့တာဖြစ်ပါတယ်။လက်ရှိ ကိုဗစ်အခြေအနေဆိုး ရွားလာချိန်မှာတော့ စစ်ကောင်စီက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် အခြေအနေပိုဆိုးလာရပါတယ်ဆိုပြီး အပြစ်ဆိုထားပါတယ်။….

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကလည်း ဆရာ ဝန်တွေနဲ့ကျန်းမာရေးဝန်ထမ်းတွေကို ကန်ထရိုက်စနစ်နဲ့ ပိုက်ဆံပေးပြီး ခေါ်ခိုင်းမယ်လို့လည်း ပြောဆိုထားပါတယ်။ ဒါဟာ ပညာရှင်တွေကို စော်ကားမှုအဖြစ် ဆေးဘက်ဆိုင်ရာ ဆရာဝန်အသိုက်အဝန်းနဲ့ ပညာရှင်တွေက တုံ့ပြန်ပြောဆိုကြပါတယ်။…

အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကတော့ စစ်ကောင်စီဟာ ပြည်သူတွေအသက်ဆုံးရှုံးမှာကို သိလျက်နဲ့ မကူညီတာဟာ ရည်ရွယ်ချက်ရှိရှိ လူ့အသက်ကိုဆုံးရှုံးစေပြီး လူသားမဆန်တဲ့ပြစ်မှုကို ကျူးလွန်တာလို့ ဆိုပါတယ်။ ဒီအကြောင်းအရာအထောက်အထားတွေကို..

နိုင်ငံတကာတရားရုံးကိုတင်သွင်းတဲ့အခါမှာ ပူးတွဲတင်ပြမယ်လို့ လည်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။စစ်ကောင်စီက CDM ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ လုပ်အားပေးလူငယ်တွေကို ပြည်သူတွေအမြင်စောင်းအောင် ဝါဒဖြန့်နေပေမယ့် စစ်ကောင်စီရဲ့လုပ်ရပ်နဲ့သဘောထားကို ပြည်သူတွေ..

နားလည်မယ်ဆိုတာကို ယုံကြည်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။ဇူလိုင် ၁၂ ရက်နေ့ကစပြီး ရန်ကုန်မြို့နဲ့ တခြားမြို့ကြီးတွေက သုသာန်တွေမှာ အောက်ဆီဂျင်ပြတ်ပြီး သေဆုံးသူအများအပြားကို မနိုင်မနင်းသင်္ဂြိုဟ်နေရပါတယ်။မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ်..

၇,၀၈၃ ယောက်၊ သေဆုံးသူ ၁၄၅ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၂၀၈,၃၅၇ ယောက်ထိ ရှိလာပြီလို့ စစ်ကောင်စီ ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၁၄ ရက်ညမှာ ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီက ထုတ်ပြန်တဲ့ပိုးကူးစက်နှုန်းနဲ့ သေဆုံးနှုန်းထက်ပိုပြီး မြေပြင်မှာ အခြေအနေဆိုးနေတယ်လို့လည်း အကူအညီပေးနေတဲ့ပရဟိတအဖွဲ့တွေကပြောပါတယ်။…