International News

ဂျာမဏီနိုင်ငံတွင်မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဝင်လာခြင်းကြောင့် လူ ၃၃ ဦးသေဆုံး

ဇူလိုင်လ ၁၅ ရက်နေ့က အနောက်ဥရောပတစ်ခွင်တွင် မိုးသက်လေပြင်းများကြောင့် မိုးသည်းထန်စွာရွားသွန်းခဲ့သဖြင့် မြစ်ချောင်းများရေကြီးရေလျှံခြင်း ၊ မြေပြိုမှုများဖြစ်ကာ ဂျာမဏီနိုင်ငံအနောက်ဘက် Adenau မြို့အနီး Schuld Village နှင့် Rhineland – Palatinate ပြည်နယ်နှင့် မြောက်ဘက် North Rhine – Westphalia တို့တွင် လူနေအိမ်အဆောက်အဦးအဦများနှင့်မော်တော်ယာဉ်များတောင်ကျရေစီးမျောပါတိုက်းစားခဲ့သည့်အတွက် လူပေါင်း ၅၀/၇၀ ဦးခန့်ပျောက်ဆုံးနေဟုသိရပါတယ် ။

Getty Images

အဆိုးရွာဆုံးရေဘေးသင့်မှု့ကြောင့်နိုင်ငံတစ်ဝှမ်း သေဆုံးသူမှာ နောက်ဆုံးသတင်းများအရ ၃၃ ဦးသေဆုံးပြီဖြစ်သည် ။

Getty Images

ရာနှင့်ချီသောစစ်သည်အင်အားများဖြင့် စက်ယန္တယားများအသုံးပြုကာ လမ်းမများတွင်ပိတ်မိနေတဲ့ သစ်ပင်အပိုင်းအစများ ၊ ရွှံ့နုန်းမြေများကိုဖယ်ရှားရှင်းလင်းကာ ရေဘေးသင့်၍ပိတ်မိနေသောပြည်သူများကို ရဟတ်ယာဉ်ဖြင့်ဆွဲတင်ကာ စိတ်ချရသည့် အိမ်ခေါင်မိုးများပေါ်သို့ အရေးပေါ်ကယ်ဆယ်ခဲ့ကြရပြီး လတ်တလောဆေးရုံများ ၊ စာသင်ကျောင်းများအတွက်အရေးပေါ်လျှပ်စစ်မီးများရရှိနိုင်ရေးအတွက် ကြိုးပမ်းနေကြသည်ဟု Al Jazeera သတင်းတွင်ဖော်ပြထားသည် ။

Getty Images
Getty Images

Pepinster City အနီး Vesdre River မြစ်ရေသျှံမှုကြောင့် အိမ်ခြေပေါင်း ၁၀ လုံးနီးပါး ရေတိုက်စားခြင်းခံခဲ့ရပြီး လူ ၁၀၀၀ နီးပါးဟာဘေးလွတ်ရာကိုရှောင်တိမ်းခဲ့ကြရသည် ။

Koblenz ပြည်နယ်အနောက်ဘက် ၃၇ မိုင်အကွာရှိ Bad – Neuenahr – Ahrweiler မြို့နယ်ရှိ ချောင်းရေလျှံမှုကြောင့်အိမ်စီးကားများမျောပါပြီး လူ ၁၈ ဦးသေဆုံးခဲ့သည် ။

Getty Images
Getty Images

အလားတူ ဘယ်လ်ဂျီယံနိုင်ငံအရှေ့ဘင် Limburg ခရိုင်တွင်လူ ၄ ဦးသေဆုံးပြီး နယ်သာလန်နိုင်ငံတွင်လည်း ရာသီဥတုဆိုးရွားခြင်းကြောင့် ရိုက်ခတ်မှုရှိခဲ့သည်ဟုသိရ ။

ဂျာမဏီနိုင်ငံတွင်ကမ္ဘာ့ကပ်ရော ကိုဗစ်ကူးစက်သူပေါင်း ၃.၇ သန်းကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၁၈၃၁ ဦးရှိခဲ့ပါတယ် ၊ လတ်တလောကုသဆဲကျန်ရှိနေသူများ ၁ သိန်းကျော်ကျန်ရှိနေပါသေးသည် ။

Getty Images

Sithu Maung