ပြည်သူ့ကာကွယ်ရေးတပ် ဆိုတာပြည်သူထဲက ပေါက်ဖွားလာတာမို့

ပြည်သူ့ကာကွယ်ရေးတပ် ဆိုတြာ ပည်သူထဲက ပေါက်ဖွားလာတာမိြု့ ပည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့






ရဲမင်း(AAC)—🚩


ပြည်သူ့ကာကွယ်ရေးတပ် ဆိုတာြ ပည်သူထဲက ပေါက်ဖွားလာတာမို့ြ ပည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့

ပြည်သူတွေကို ဒုက္ခပြန်မပေးဖို့ သင်တန်းတိုင်းမှာ G.Z လူငယ်တွေကို ကျွန်တော် အမြဲသွန်သင်ဆုံးမပေးနေပါတယ်…..

တစ်ချိန်မှာ ဒီလူငယ်တွေကတိုင်းပြည်ကို ဦးဆောင်သူတွေဖြစ်လာပါလိမ့်မယ်။လက်နက်ကိုင်တာဟာ မိမိလူမျိုးမိမိတိုင်းပြည် မိမိပြည်နယ် မိမိဒေသက ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ပါ။

လက်နက်မရှိတဲ့ ပြည်သူတွေကိုအနိုင်ကျင့်သတ်ဖြတ်ဖို့ မဟုတ်ပါဘူး။လက်နက်ကိုင်ထားသူဟာ လူစိတ်ရှိရပါမယ်။

မြန်မာပြည်မှာလူစိတ်မရှိသူ လက်နက်ကိုင်ခဲ့တော့ ပြည်သူတွေ ရက်ရက်စက်စက် ပစ်သတ်ခံခဲ့ရပါတယ်။လူစိတ်မရှိတဲ့ စစ်အာဏာရှင်ကိုပြန်လည်ခုခံဖို့ ပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ လက်နက်ကိုင်ရပေမယ့် ပြည်သူတွေ မိမိပစ်ဖောက်မိလိုက်တဲ့ သေနတ်သံကြောင့် ထိတ်လန့်ကြောက်ရွံ့ မှု မဖြစ်စေဖို့ ရပ်ထဲရွာထဲမှာအကြောင်းမဲ့ သေနတ်တစ်ချက် မဖောက်မိပါစေနဲ့….

လက်နက်မဲ့ အပြစ်မဲ့ပြည်သူတွေကို သနားညှာတာစိတ်ထားပါ စောင့်ရှောက်ကြပါ လို့သေနတ်ကိုင်တော့မယ့် G.Z လူငယ်များကို အထူးမှာကြားလိုက်ပါရစေ….။

ရဲမင်း(AAC)—🚩

စစ်အာဏာရှင်တော်လှန်ရေး လွတ်မြောက်နယ်မြေ….