Local News

မွေးမိခင်ကို တန်ဖိုးထားတဲ့ သူရဲကောင်းသား᠌᠌᠌

မွေးမိခင်ကို တန်ဖိုးထားတဲ့ သူရဲကောင်းသား᠌᠌᠌

လှမ်းခဲ့တယ် ခြေတစ်လှမ်းကို ရွှံ့စေးထဲက မယူပြီးနောက်တစ်လှမ်း ရှေ့တိုးလှမ်းဖို့ဆိုတာ
ရောမအင်ပါယာကို တိုက်ယူရတာထက် ခက်တယ်။

အမေအိုကို ထမ်းပိုးလို့ရယ် အသက်လုပြေးနေတဲ့ ဒီသားလည်း အိုမင်းရင့်ရော်လို့ အားနွှဲ့နေပေမယ့်
ဒီသား ဒီးလမ်းခရီးကြမ်းကို မမူအားဘူး
ရှိသမျှအားကို သူစိုက်လို့ မွေးမိခင်ကို အသက်ဘေးမှ မရရအောင် သယ်ယူလာလို့။

နားခိုရာ အိမ်တော်နဲ့ အရာရာကို ထားရစ်ရပြီး
ဒုက္ခသည်စခန်းဆီ မလှမ်းချင်ဘဲ လှမ်းနေရတဲ့ဒီခြေလှမ်းတွေလေးလံလွန်းပါတယ် … ဝန်ဖိအားများလွန်းပါတယ်။ဒါပေမယ့် …အမေသည်သာ အရာရာမို့ ဒီခြေလှမ်း ခိုင်ရမယ် … ဒီခြေလှမ်း မာရမယ် ဒါဟာ ဒီသားအိုရဲ့ သံမဏိ သံန္နိဌာန်ပဲ ထင်ပါရဲ့။

ဒါဟာ …ပြင်းထန်တဲ့ ရက်စက်ကြမ်းကြုတ်မှု မုန်တိုင်းအလယ်မှာရိုဟင်ဂျာတို့က ကမ္ဘာကိုပြသတဲ့ မေတ္တာတရားရဲ့ စွမ်းအားနဲ့ အလှတရားပဲလေ။မွေးမိခင်ကို တန်ဖိုးထားတဲ့ ဒီသူရဲကောင်းသားခင်ဗျားကို ကျနော် အလေးပြုပါတယ်ဗျာ။᠌᠌᠌

#ယျာတင် (ရိုဟင်းသား)