Local News

NUG အစိုးရက ကိုဗစ်ကြောင့် ဒုက္ခရောက်နေသော ပြည်သူများကို အကူအညီပေးရေး လုပ်ဆောင်နေ

ကိုဗစ္တတိယလႈိင္းအတြင္း ျပည္သူမ်ားေသဆုံးမႈျမင့္တက္ေနသည့္အျပင္ ဒုကၡေရာက္ အခက္ေတြ႕ေနသျဖင့္ ယင္းကဲ့သို႔ ဒုကၡေရာက္ အခက္ေတြ႕ေန သူမ်ားကိုပါ အကူအညီေပးႏိုင္ေရးအတြက္ NUG အစိုးရမွ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

NUG ၏ လူသားခ်င္းစာနာေထာက္ထားေရး ႏွင့္ေဘးအ ႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲေရး ဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးက ကူညီကယ္ဆယ္ေရးအတြက္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ စစ္အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီ၏ အၾကမ္းဖက္ ရက္စက္မႈမ်ား၊ ပဋိပကၡမ်ားႏွင့္ ကိုးဗစ္ -၁၉ ေရာဂါ တတိယလႈိင္းတို႔ေၾကာင့္ ျပည္သူမ်ား ဒုကၡ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ရလွ်က္ ရွိပါတယ္။

ဒါ့အတြက္ လူသားခ်င္းစာနာ ေထာက္ထားေရး ႏွင့္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲေရး ဝန္ႀကီးဌာနက ရပ္႐ြာအေျချပဳ ေဘးအႏၲရာယ္ တုံ႔ျပန္ေရးႏွင့္ လူသားခ်င္းစာနာမႈ အကူအညီ မ်ား ေပးအပ္ႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လွ်က္ ရွိပါတယ္။

ျပည္နယ္ႏွင့္တိုင္းအလိုက္ ေဘးအႏၲရာယ္ တုံ႔ျပန္ေရးဆိုင္ရာ အသိပညာေပးျခင္း မ်ားႏွင့္ ေထာက္ပံ့မႈမ်ားကိုလည္း က်ယ္က်ယ္ျပန႔္ျပန႔္ ေဆာင္႐ြက္ လွ်က္ ရွိပါတယ္။

ယခုအခါ ကိုးဗစ္ -၁၉ ေရာဂါ တတိယလႈိင္း ျပန္႔ပြားမႈ ဆိုး႐ြားျပင္းထန္လာသည့္အတြက္ ဝန္ႀကီးဌာနက ျပည္သူလူထုအတြင္း ကိုးဗစ္-၁၉ ေရာဂါဆိုင္ရာ အသိပညာေပးျခင္းမ်ား၊ ေရာဂါကာကြယ္ေရးပစၥည္းမ်ား ေထာက္ပံ့ျခင္းမ်ားကိုလည္း အတတ္ႏိုင္ဆုံး ေဆာင္႐ြက္လွ်က္ ရွိပါတယ္။

ျပည္သူလူထု လုံၿခဳံေဘးကင္း ေရးအတြက္ သတင္းမ်ားကို အခ်ိန္ႏွင့္ တေျပးညီ မထုတ္ျပန္ႏိုင္သည္ကို နားလည္ႏိုင္မယ္လို႔ ယုံၾကည္ပါ တယ္။” ဟု ဝန္ႀကီးေဒါက္တာဝင္းျမတ္ေအးက ေဖ့ဘြတ္ခ္တြင္ေရးသားခဲ့သည္။

ယခုကဲ့သို႔ ေသဆုံးမႈျမင္တက္ေနရျခင္းမွာ စစ္ေကာင္စီ၏ စီမံခန္႔ခြဲမႈ ညံဖ်င္းေသာေၾကာင့္ မေသဆုံးသင့္သူမ်ား ေသဆုံးေနရျခင္းျဖစ္ေၾကာင္းလဲ ျပည္သူမ်ားအၾကား ေဝဖန္မႈျမင့္တက္ေနသည္။

“ျပည္သူအခ်င္းခ်င္း ေစာင့္ေရွာက္ကူညီၾကရာမွာ ျပည္သူမ်ားအတြက္ ျပည္သူ႔အစိုးရက ျပည္သူမ်ားဘက္မွ ရပ္တည္ေဆာင္႐ြက္လွ်က္ရွိပါ တယ္။

ျပည္သူမ်ား ခံစားေနရေသာ ေဘးဒုကၡမ်ားကို အျမန္ဆုံး ေက်ာ္လႊား ႏိုင္ရန္ လက္တြဲႀကိဳးပမ္းၾကပါမယ္။” ဟု ေဒါက္တာဝင္းျမတ္ေအးက ေရးသားထားသည္။

ကိုဗစ္ ပထမလႈိင္းႏွင္ ဒုတိယလႈိင္းအတြင္း စနစ္တက် စီမံထိန္းခ်ဳပ္ေပးႏိုင္ေသာ ဒီခ်ဳပ္ပါတီအစိုးရကို အတင္းအဓမၼ အာဏာပါသိမ္းျခင္း၏ ေနာက္ဆက္တြဲအျဖစ္ စစ္ေကာင္စီ က တတိယလႈိင္းကို မထိန္းခ်ဳပ္ႏိုင္ေသာေၾကာင့္ ကိုဗစ္ကူးစက္ခံ ျပည္သူမ်ားေသဆုံးမႈ အဆမတန္ျမင့္တက္လ်က္ရွိေနသည္။

ထိုအျပင္ ကိုဗစ္ျဖစ္ပြားေနေသာ ျပည္သူမ်ားအတြက္ အေရးေပၚ ေအာက္ဆီဂ်င္လိုအပ္လ်က္ရွိရာ စစ္ေကာင္စီက ေအာက္ဆီဂ်င္ျဖည့္ရန္ တန္းဆီေနေသာ လူမ်ားကို ေသနတ္ပစ္ခတ္မႈမ်ား ျပဳလုပ္ထားသည္။

D-Wave

UNICODE

ကိုဗစ်တတိယလှိုင်းအတွင်း ပြည်သူများသေဆုံးမှုမြင့်တက်နေသည့်အပြင် ဒုက္ခရောက် အခက်တွေ့နေသဖြင့် ယင်းကဲ့သို့ ဒုက္ခရောက် အခက်တွေ့နေ သူများကိုပါ အကူအညီပေးနိုင်ရေးအတွက် NUG အစိုးရမှ လုပ်ဆောင်နေကြောင်း သိရသည်။

NUG ၏ လူသားချင်းစာနာထောက်ထားရေး နှင့်ဘေးအ န္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကူညီကယ်ဆယ်ရေးအတွက် ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ အနှံ့အပြားတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အကြမ်းဖက် ရက်စက်မှုများ၊ ပဋိပက္ခများနှင့် ကိုးဗစ် -၁၉ ရောဂါ တတိယလှိုင်းတို့ကြောင့် ပြည်သူများ ဒုက္ခ အခက်အခဲများစွာ ကြုံတွေ့ရလျှက် ရှိပါတယ်။

ဒါ့အတွက် လူသားချင်းစာနာ ထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ရပ်ရွာအခြေပြု ဘေးအန္တရာယ် တုံ့ပြန်ရေးနှင့် လူသားချင်းစာနာမှု အကူအညီ များ ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်။

ပြည်နယ်နှင့်တိုင်းအလိုက် ဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးခြင်း များနှင့် ထောက်ပံ့မှုများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် လျှက် ရှိပါတယ်။

ယခုအခါ ကိုးဗစ် -၁၉ ရောဂါ တတိယလှိုင်း ပြန့်ပွားမှု ဆိုးရွားပြင်းထန်လာသည့်အတွက် ဝန်ကြီးဌာနက ပြည်သူလူထုအတွင်း ကိုးဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းများ၊ ရောဂါကာကွယ်ရေးပစ္စည်းများ ထောက်ပံ့ခြင်းများကိုလည်း အတတ်နိုင်ဆုံး ဆောင်ရွက်လျှက် ရှိပါတယ်။

ပြည်သူလူထု လုံခြုံဘေးကင်း ရေးအတွက် သတင်းများကို အချိန်နှင့် တပြေးညီ မထုတ်ပြန်နိုင်သည်ကို နားလည်နိုင်မယ်လို့ ယုံကြည်ပါ တယ်။” ဟု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ဖေ့ဘွတ်ခ်တွင်ရေးသားခဲ့သည်။

ယခုကဲ့သို့ သေဆုံးမှုမြင်တက်နေရခြင်းမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံဖျင်းသောကြောင့် မသေဆုံးသင့်သူများ သေဆုံးနေရခြင်းဖြစ်ကြောင်းလဲ ပြည်သူများအကြား ဝေဖန်မှုမြင့်တက်နေသည်။

“ပြည်သူအချင်းချင်း စောင့်ရှောက်ကူညီကြရာမှာ ပြည်သူများအတွက် ပြည်သူ့အစိုးရက ပြည်သူများဘက်မှ ရပ်တည်ဆောင်ရွက်လျှက်ရှိပါ တယ်။

ပြည်သူများ ခံစားနေရသော ဘေးဒုက္ခများကို အမြန်ဆုံး ကျော်လွှား နိုင်ရန် လက်တွဲကြိုးပမ်းကြပါမယ်။” ဟု ဒေါက်တာဝင်းမြတ်အေးက ရေးသားထားသည်။

ကိုဗစ် ပထမလှိုင်းနှင် ဒုတိယလှိုင်းအတွင်း စနစ်တကျ စီမံထိန်းချုပ်ပေးနိုင်သော ဒီချုပ်ပါတီအစိုးရကို အတင်းအဓမ္မ အာဏာပါသိမ်းခြင်း၏ နောက်ဆက်တွဲအဖြစ် စစ်ကောင်စီ က တတိယလှိုင်းကို မထိန်းချုပ်နိုင်သောကြောင့် ကိုဗစ်ကူးစက်ခံ ပြည်သူများသေဆုံးမှု အဆမတန်မြင့်တက်လျက်ရှိနေသည်။

ထိုအပြင် ကိုဗစ်ဖြစ်ပွားနေသော ပြည်သူများအတွက် အရေးပေါ် အောက်ဆီဂျင်လိုအပ်လျက်ရှိရာ စစ်ကောင်စီက အောက်ဆီဂျင်ဖြည့်ရန် တန်းဆီနေသော လူများကို သေနတ်ပစ်ခတ်မှုများ ပြုလုပ်ထားသည်။

D-Wave