Local News

ဆေးကုသမှုမရရှိဘဲ နေအိမ်တွင် သေဆုံးသူ နေ့စဉ် တိုးလာနေ

နိုင်ငံအာဏာသိမ်းခံရချိန်အတွင်း ဖြစ်ပွားနေသည့် COVID 19 တတိယလှိုင်းတွင် ကုသမှု မရကြဘဲ နေအိမ်၌ အသက်ဆုံးရှုံးရသူ နေ့စဉ်နှင့်အမျှ တိုးလာနေပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ကလည်း ရန်ကုန်မြို့ အရှေဒဂုံမြို့သစ်နေအိမ်တအိမ်ထဲတွင် သားအဖနှစ်ဦးတည်းသာ နေထိုင်သည့် နေအိမ်အတွင်း သားအဖနှစ်ဦးလုံး သေဆုံးနေသဖြင့် မေတ္တာသင်္ဂဟလူမှုကူညီရေးအသင်းက သွားရောက်သယ်ဆောင်ပေးနေသည်ကို တွေ့ရသည်။

ဖခင်ဖြစ်သူမှာလည်း အိပ်ယာထက်၌ သေဆုံးနေခဲ့ကြောင်းကို ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့မှ တွေ့ရှိခဲ့ကြောင်းကို Liveလွှင့်ပြသခဲ့ပါတယ်။

တပတ်အတွင်း ရန်ကုန်မြို့၌ကိုဗစ်ကူစက်နှုန်းမြှင့်တက်နေခဲ့ပြီး ၃ရက်အတွက် အဆိုးဝါးဆုံးအခြေအနေသို့ ရောက်ရှိနေခဲ့ပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

COVID 19 စစ်ဆေးကုသမှုခံယူခွင့်မရကြဘဲ မိမိနေအိမ်တွင် မိမိတို့အစီအစဉ်ဖြင့် ကုသရင်း သေဆုံးရသူများလာသဖြင့် ရန်ကုန်မြို့ရှိ သုဿန်များတွင် သဂြိုလ်ရန် အလောင်းများ တန်းစီစောင့်ဆိုင်းနေကြရသည်ကို တွေ့ရသည်။

ဒါ့အပြင် စမ်းချောင်းန္ဓမာလမ်းတိုက်ခန်းတွင်တစ်ယောက်တည်း‌နေသူ အဘွားအိုအား ခေါ်မရ၍အကူအညီတောင်းခံသဖြင့် တံခါးရိုက်ဖွင့်ပီးသွားရောက်ကူညီပေးရာ အသက်ဆုံးနေပြီဖြစ်တယ်လို့ သိရပါတယ်။

သားသမီးတွေ ဘယ်ရောက်နေလဲ ရင်တွေလဲ ကွဲကြေနေပါပြီဗျာ…။ တယောက်ထဲ ဘယ်လောက်အားငယ်နေရှာမလဲ ကောင်းရာမွန်ရာမှာအနားယူနိုင်ပါစေ အဘွားရယ်။

စစ်ကောင်စီ ခေါင်းဆောင်က လူအများအနေနှင့် ကိုဗစ်ရောဂါ ဖြစ်ပွားကြောင်း သံသယရှိပါက မိမိအိမ်၌ နေကာ ဆေးမြီးတိုဖြင့် ကျိတ်မကုသင့်ဘဲ ဒေသန္တရ ကျန်းမာရေးဌာနများသို့ လာပြရမည်ဖြစ် ကြောင်း ပြောသည်။

နေပြည်တော်တွင် ဇူလိုင်လ ၁၂ ရက်က ပြုလုပ်သည့် ကိုဗစ် ကာကွယ် ထိန်းချုပ် ကုသရေး ဒုတိယအကြိမ် အစည်းအဝေးတွင် ပြောဆိုခြင်းဖြစ်သည်။ ဒေသန္တရ ကျန်းမာရေးဌာန၏ စစ်ဆေးမှုများသည် ထိရောက်ပြီး အဆိုပါကျန်းမာရေးဌာနများက လိုအပ်ပါက ဆေးရုံသို့ လွှဲပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုအပြောနှင့် ဆန့်ကျင်စွာ လက်တွေ့အခြေအနေတွင် ဒေသန္တရ ကျန်းမာရေးဌာနများသည် မည်သည့် ထိရောက်သည့် စစ်ဆေး ကုသပေးမှုများ လုပ်ဆောင်နိုင်ခြင်းမရှိဘဲ လာပြသည့် လူနာများကို အိမ်ပြန်လွှတ်မှုများရှိနေသဖြင့် လူနာများသည် မိမိနေအိမ်တွင်သာ ကိုဗစ်ရောဂါကို ကုသနေကြရသည်။

သို့ဖြစ်ရာ ပြည်သူများခင်မျာ မိမိတို့ကျန်းမာရေအတွက် မိမိတို့ကိုယ်တိုင် ဂရုစိုက်ကြဖို့ မေတ္တာရပ်ခံ သတိပေးအပ်ပါတယ်။

credit – YP