Local News

‘အမေ’ လို့ ခေါ်နေကြတဲ့ သူစိမ်းအမျိုးသမီးကြီးအကြောင်း

Zawgyi

‘အမေ’ လို့ ခေါ်နေကြတဲ့ သူစိမ်းအမျိုးသမီးကြီးအကြောင်း

၁၉ . ၆ . ၁၉၄၅ မနက်သုံးနာရီ သုံးဆယ့်ငါးမိနစ်မှာစတင်လင်းလက်ခဲ့တဲ့ကြယ် …အမှောင်ဘယ်လောက်ဖုံးဖုံး တိမ်ဘယ်လောက်အုပ်အုပ်အလင်းလည်းပေးတယ် လမ်းလည်းပြတယ်။ဘယ်တော့မှကြွေကျမှာမဟုတ်ပေမယ့်ကျွန်တော်တို့ကို ခဏခဏကြွေအောင်လုပ်ခဲ့တဲ့ ကြယ်။

၁၉၈၈ ခုနှစ် ၊ သြဂုတ်လ ၂၆ရက်တွေ့လား…ရွှေတိဂုံဘုရားအနောက်ဘက်မုခ်မှာမြင်လား … အဲ့ဒီကလေးမဒါ .. နိဒါန်းပဲ၊အဖေ့တာဝန်ကိုဆက်ခံပြီ …အာရှသူရဲကောင်းသီချင်းကိုအော်ဆိုရင်းဒီအမျိုးသမီးကို သူရဲကောင်းဖြစ်ပါစေလို့ရွှေတိဂုံဘုရားကြီးမှာ ဆုတောင်းစရာမလိုခဲ့ဘူး။

စက်တင်ဘာ ( ၂၇ ) ၁၉၈၈ဒီအရှုပ်တွေဇာတ်သိမ်းဖို့ ဒီချုပ်ကိုဖွဲ့စည်းခဲ့ပြီ။ဒီအတွင်းရေးမှူးမက အိပ်မက်ဆိုးတွေကိုလှုပ်နှိုးပေးလိမ့်မယ် …မောင်းတင်စရာမလိုပဲပြည်သူ့နှလုံးသားကို သိမ်းပိုက်သွားလိမ့်မယ်ဂရုစိုက်ကြ စောင့်ရှောက်ကြ …ဒီကလေးမက သူ့အဖေလိုပဲတစ်ခါတစ်လေ ခေါင်းအရမ်းမာတယ်။

၁၉၈၉ ဇူလိုင်လ ( ၂၀ )တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်တိုင်းသူ့ကိုအားနာတယ် … ကျွန်တော်တို့လွတ်လပ်ဖို့ သူ အတုပ်အနှောင်ခံထားရတယ်။အဲ့ဒီကာလတွေဟာ ကျွန်တော်တို့အတွက်နှလုံးသွေးတွေရပ်တန့်သွားသလိုမျှော်လင့်ချက်တွေသေသွားသလိုတိတ်တိတ်လေးဝမ်းနည်းခဲ့ရတယ် ..

ကောင်းကင်မှာဝဲပျံနေတဲ့ ငှက်တွေကိုကြည့်ရင်း၁၉၉၁ အောက်တိုဘာ( ၁၄ )ကျေးဇူးတင်ပါတယ်ဗျာ .. ဂုဏ်ယူတယ်။ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်သူကပြယုဂ်ကြီးပါ …မှေးမှိန်အောင်လုပ်ထားပေမယ့်လင်းလက်နေဆဲပဲဆိုတာသိလိုက်ရတော့သေနတ်တွေတောင် ခေတ္တခဏ ကျည်အ သွားခဲ့ရတယ်။

၃၀ . ၅ . ၂၀၀၃မမေ့ဘူး … မေ့လို့မရဘူးသွေးပျက်စရာကောင်းပေမယ့်ဒီအမျိုးသမီးက ပန်းပန်မပျက်ခဲ့ဘူး …ထိုးချိန်ခံထားရတဲ့ပြောင်းဝတွေရှေ့မှာဧကရီထိပ်ထားက တစ်ချက်မမှားခဲ့ဘူးဒီပဲယင်းရေ …မင်းမြေကိုနင်းလိုက်တိုင်းဒီအာဂအမျိုးသမီးကို အကြိမ်ကြိမ်ဦးညွတ်မိတယ်

ဟုတ်တယ် … ခင်ဗျားထင်လားပန်းသိပ်ကြိုက်တဲ့ ဒီမိန်းကလေးဒီလောက်မာကျောမယ်လို့ ခင်ဗျားထင်လားလာလေ … တိုက်ကြ တိုက်ကြဟေ့ … စကင်ဒီနေဗီးယန်းကကျောက်ဆောင်ကွ …ကျွန်မက အရိုင်းသမီးပါဆိုပြီးဝံပုလွေတွေကြားထဲ ကျားရဲတစ်ကောင်လိုရှင်သန်နေတဲ့အမျိုးသမီးကျွန်မက မိသားစုအပေါ်မှာတာဝန်မကျေခဲ့ဘူးဆိုပြီး

တော်လှန်ရေးအတွက် အသင့်ရှိနေတဲ့အမျိုးသမီးကျွန်မက သူတို့အတွက်အမေပါဆိုပြီး အဆိပတွေကိုမျိုချပျားရည်တွေကိုအန်ထုတ်နှလုံးသွေးတွေနဲ့ လမ်းခင်းပေးတဲ့အမျိုးသမီးလှုပ်နှိုးပြီးပြလိုက်ချင်တယ်။ထကြည့်ပါဦးဗျ ကိုအောင်ဆန်း။ခင်ဗျားသမီးလေးစုကို ခေါ်နေကြတယ်။အမေ တဲ့။

credit#ckk

Unicode