Local News

အောက်ဆီဂျင်တစ်ခုတည်းနဲ့ ကုသလို့မရပါဘူးဆိုတဲ့ ဒေါက်တာ ခင်ခင်ကြီး

အောက်စီဂျင်သည် ဆိုးကျိုးရော ကောင်းကျိုးရော ဖြစ်နိုင်တယ်ဟု ပြောကြားခဲ့သည့် ဒေါက်တာ ခင်ခင်ကြီးနှင့် တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

မေး -ခု ရက်ပိုင်း COVIDလူနာတွေနဲ့ သံသယလူ နာတွေ အောက်စီဂျင် ပြတ်လပ်မှုကြောင့် သေ ဆုံးနေရတယ်လို့ ပြောဆိုနေတဲ့အပေါ် ဒေါက်တာအနေနဲ့ ဘာများ ပြောကြားလိုပါလဲ။

ဖြေ- အောက်စီဂျင်က ကုသရေးမှာဆိုရင် ဆေးဝါးပဲ။ တနည်းအားဖြင့် အောက်ဆီဂျင်သည် Medicine ပါပဲ။ သို့သော် အောက်ဆီဂျင်တစ်ခုတည်းနဲ့ ကုလို့ရလားဆိုတော့ အောက်ဆီဂျင်တခုတည်းနဲ့ ကုသလို့မရပါဘူး။

မေး- ဘယ်လို အခြေအနေမျိုးတွေမှာ အောက်စီဂျင် လိုအပ်တာမျိုး ဖြစ်မလဲ။

ဖြေ- အများစုကိုဗစ် ကူးစက်သူတွေဟာ ဆိုရင်အသက်ကြီးပြီး နောက်ခံရောဂါရှိကြတယ်။ ရှိကြတဲ့ အတွက်ကြောင့် သူတို့မှာရှိတဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ၊ ကျောက်ကပ်၊ ကင်ဆာ စသဖြင့်စတဲ့ ရောဂါတွေဟာ ကိုဗစ်နဲ့ရောပြီး ရှိနေတဲ့ အ တွက် ပေါင်းပြီးထိန်းချုပ်ရပါတယ်။ အဲ့အခါမှာတဘက်ကလည်း အောက်ဆီဂျင်လိုတဲ့ သူကိုအောက်ဆီဂျင် သွင်းပေးမယ့် ကျန်တဲ့သူရဲ့သွေးထဲမှာ ရှိတဲ့ဟာတွေကို ကြည့်ပြီးမှ လိုသလောက်ပေးရတာ ဖြစ်ပါတယ်။ အောက်ဆီဂျင် ပေးတဲ့အခါမှာလည်း အောက်ဆီဂျင် ပေးရတဲ့အဆင့်ရောက်တဲ့ လူတွေဆိုရင် အောက်ဆီဂျင် များများနဲ့ပေးရပါတယ်။ လက်ရှိမှာ စင်တာလေးတွေမှာ ရှူနေတာမျိုးတွေ အောက်ဆီဂျင် ထုတ်တဲ့စက် ၅ လီတာ ၁၀ လီတာ ထုတ်တဲ့စက်တွေက နေရှူတဲ့ပမာဏက မလုံလောက်ပါဘူး။ ဒါလေးကိုပြောချင်ပါတယ်။

မေး- ကူးစက်ခံရပြီးတဲ့ လူနာတွေနဲ့ အောက်စီဂျင် လိုအပ်ချက်လေး ဘယ်လိုများ ရှိနိုင်လဲ ပြောပြပေးပါဦး။

ဖြေ – အဲ့တော့ ပိုးတွေ့လူနာတွေရဲ့ ဘယ်လောက် ရာခိုင်နှုန်းက အောက်ဆီဂျင် လိုလဲ မလိုဘူးလဲဆိုရင် ပိုးတွေ့လူနာ ၁၀၀ ရှိရင် ၈၀ က သာမန်အသင့်တင့် လက္ခဏာပဲရှိပါတယ်။ အောက်ဆီဂျင် လုံးဝမလိုပါဘူး။ အဲ့တာဆိုတော့ တချို့တွေက ရောဂါဖြစ်လို့ ဖြစ်သွားမှန်းတောင်မသိဘူး။ စစ်လို့မှသာရောဂါပိုး တွေ့တယ်။ သာမန် နှာစေးမယ်။ အနံ့အရသာ ပျောက်မယ်။ အဓိက ကတော့ဖျားတယ်။ အနံ့ပျောက်တယ်။ ဝမ်းသွားတယ်။ ခေါင်းကိုက်တယ်။ မောပန်းတယ်။ စသဖြင့် ဒါမျိုးတွေရှိပါတယ်။ ဥပမာ မဟော်သဓာလိုမျိုး ကျောင်းမှာပိုးတွေ့တယ်။ ၃၅၀ လောက်တွေ့ရင်ကို ၉၅ ရာခိုင်နှုန်းလောက်က သိပ်ပြီး ရောဂါပြင်းထန်တာ မရှိပါဘူး။ တချို့တွေဆို ဘာမှတောင်လက္ခဏာမရှိပါဘူး။ ဒါလေးကို သိစေချင်ပါတယ်။

ဒါဆိုရင် ကိုဗစ်ဖြစ်တိုင်းလည်း အောက်စီဂျင် လိုအပ်လားဆိုတဲ့ ပြသနာက ရှင်းသွားမယ်လို့ထင်ပါတယ်။ ဘယ်လောက် လိုတာလဲဆိုရင် ၁၅ ရာခိုင်နှုန်း လောက်ကတော့ လိုနိုင်ပါတယ်။ သူတို့က ရောဂါလက္ခဏာ ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပြီးတော့နောက်ဆက်တွဲ ရောဂါရှိတဲ့သူတွေ အနေနဲ့ဆိုရင်အောက်ဆီဂျင်လို တတ်ပါတယ်။ ၅ ရာခိုင်နှုန်းလောက်က အောက်ဆီဂျင် ပေးရတဲ့အထိ ရောက်နိင်ပါတယ်။ သို့သော် ကမ္ဘာပေါ်မှာ အခုကျမပြောတဲ့အချိန်ထိ ကိုဗစ် ဖြစ်တဲ့သူဟာ ၁၈၉ သန်း ရှိပါတယ်။ ၁၈၉ သန်းမှာ သေတာက ၄ သန်းဖြစ်ပါတယ်။ အဲ့တော့ သေတဲ့သူက ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါဆိုလို့ရှိရင် ကိုဗစ် positive ဖြစ်တဲ့လူ ၁၀၀ ရှိရင် ၂ ယောက်ပဲ သေတဲ့သဘောဖြစ်ပါတယ်။

မေး – လက်ရှိမှာ အောက်စီဂျင်ဆက်လက်ရှာဖွေ နေတဲ့သူတွေနဲ့ ရောဂါမပြင်းထန်သေးတဲ့လူနာတွေကို ဘာများ ပြောပြချင်ပါလဲ။ ဘာများအကြံပြုပြောကြားလိုပါလဲ။

ဖြေ – ရောဂါ တစ်ခုဖြစ်တယ်။ သံသယ လက္ခဏာရှိတယ်။ ကျမတို့သွားမယ့် လမ်းကြောင်းရှိပါတယ်။ သွားမယ့်လမ်းကြောင်းက မိမိနေရာဒေသန္တရ ကျန်းမာရေးဌာနကို သတင်းပို့ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့ သတင်းပို့ရမှာလဲ။ သတင်းမပို့ပဲနဲ့ ကိုယ့်ဘာသာ အိမ်မှာနေပြီးတော့ ဆိုးမှသွားလို့မရဘူးလား။ မရပါဘူး။ ဘာလို့ မရဘူးလဲဆိုရင် ဒီရောဂါသည် သွေးတိုး၊ နှလုံး၊ ဆီးချို၊ ကျောက်ကပ်ရောဂါလိုမျိုး ရောဂါမဟုတ်ပါဘူး။မကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါဘူး။

အခုဖြစ်နေတဲ့ ရောဂါသည် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပါတယ်။ ကူးစက်တတ်ပါတယ်။ မိသားစုဝင် တယောက် ပိုးတွေ့ပြီဆိုရင် သူ့မိသားစုဝင်တွေကိုကူးစက်ဖို့ အလွန်မြန်ပါတယ်။ ကူးစက်ဖို့လဲ များပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အခုကမ္ဘာပေါ်မှာ ဖြစ်နေတဲ့ မျိုးဗီဇကွဲ Delta ဆိုရင် သူရဲ့ကူးစက်မှုဟာ ဆိုရင်လူတယောက်ကနေ ၅ ယောက်၊ ၈ ယောက်အထိ ကူးစက်နိုင်ပါတယ်။ နောက်ပထမပိုင်းမှာ ကိုဗစ်ဖြစ်တုန်းကဆိုရင် တယောက်ကနေနှစ်ယောက်ခွဲကို ကူးစက်နိုင်တာနဲ့ ယှဥ်ရင် နှစ်ဆကနေ သုံးဆကျော်အထိ များလာတဲ့သဘောဖြစ်ပါတယ်။

နောက်ပြီးတော့ delta မျိုးရိုးဗီဇကိုယ်တိုင်က ပထမ alpha လူသေမှာ တွေ့တဲ့မျိုးရိုးဗီဇထက် စာရင်သူက ၆၀ ရာခိုင်နှုန်း ပိုကူးစက်မှုမြန်တယ်။ ၆၀ ရာခိုင်နှုန်းသည် ၁ ဒဿမ ၆ ဆ ပိုကူးစက်မြန်တာဖြစ်ပါတယ်။ Alpha ကိုယ်တိုင်ကလည်း ကူးစက်မှုမြန်တယ်။သူက ၁ ဆခွဲ မြန်တယ်။ ဒီလို ကူးစက်မှုမြန်နေတဲ့ ကမ္ဘာပေါ်မှာ ၁၁၇ နိုင်ငံ delta ကူးစက်မှုဖြစ်နေပါပြီ။ ဒီလိုဆိုရင် ကူးစက်မှုမြန်တဲ့ ဒီပိုးကို ထိန်းချုပ်တဲ့အခါမှာ ကျမတို့ ရောဂါဖြစ်တဲ့သူကို ကုနေရုံနဲ့ မပြီးပါဘူး။ ရောဂါဖြစ်တဲ့သူကို ကုသရင်းပဲ သူနဲ့ထိတွေ့တဲ့သူကို စစ်ဆေးရပါတယ်။ ပိုးတွေ့ရင်လိုအပ်သလို ကုသမှုပေးရပါတယ်။ မတွေ့ရင် ကွာရန်တင်းထားဖို့ ဆောင်ရွက်ရပါတယ်။ ဒီလိုဆောင်ရွက်ဖို့ သူတို့သည် သက်ဆိုင်ရာ ဌာနကိုအကြောင်းကြားမယ်။

အကြောင်းကြားပြီးတော့လိုအပ်တဲ့ ဓါတ်ခွဲစမ်းသပ်မှုတွေ ယူမယ်။ ယူပြီးတော့ ပိုးတွေ့တဲ့ သူဟာ လက္ခဏာမပြင်းထန်ဘူး။ အသက်ကလည်း ငယ်ဆိုရင် ပိုးတွေ့ပြီးသား မစိုးရိမ်ရတဲ့ စင်တာတွေပို့မယ်။ အောက်ဆီဂျင် လိုကောင်းလိုမယ် ဆိုရင် ပိုးတွေ့စင်တာတွေထဲမှာ မှအောက်ဆီဂျင် ၁၀၀ ရာခိုင်နှုန်း သေချာဖြည့်ဆည်းထားတဲ့ စင်တာတွေပို့မှာဖြစ်ပါတယ်၊။အသက်ကလည်းကြီးမယ်။ နောက်ခံရောဂါတွေကလည်း ရှိရင် လက်ရှိမှာလည်း ရောဂါပြင်းထန်မယ်ဆိုရင် ကျမတို့ဆေးရုံပို့မှာဖြစ်ပါတယ်။ အဲ့ဒီအခါမှာ ဆေးရုံကို ပို့တဲ့သူတွေအနေနဲ့ ဆိုရင်သက်ဆိုင်ရာ ကုသရေးစင်တာကို ရောက်ပြီဆိုရင်သူတို့အတွက် လိုအပ်တဲ့ကုသမှုတွေ ရမယ်။အောက်ဆီးဂျင် တွေမပြတ်ရအောင် ဆောင်ရွက်ပေးထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့အတွက် အောက်ဆီဂျင်ကိစ္စမှာ မိသားစုတွေကပူပန်စရာလည်း မလိုသလို မိသားစုဝင်တွေကိုလည်း ပိုးကူးစ်ဖို့ အခွင့်အရေးနည်းသွားမှာ ဖြစ်ပါတယ်။

ဒါဟာ ကူးစက်ရောဂါကို ထိန်းချုပ်နေတဲ့အခါမှာ တကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတွေ လုပ်တဲ့လုပ်နည်းလုပ်ဟန် ဖြစ်ပါတယ်။ ကူးစက်ရောဂါကို ကုသတတဲ့နေရာမှာ မိမိအိမ်မှာပဲနေမယ်၊ ရောဂါဖြစ်ရင် အသိမပေးဘူး၊ မိမိဘာသာအောက်ဆီဂျင်တွေဝယ်မယ်၊ ဝယ်ပြီးတော့ ရှူမယ်။ ရှူရင်သေမယ်ဆိုရင် အဲ့တာအတွက်ကတော့ ဘယ်သူ့မှာ တာဝန်ရှိလည်းဆိုတာ စဥ်းစားတတ်ရင် သိမှာဖြစ်ပါတယ်။ အောက်ဆီဂျင်တွေက အောက်ဆီဂျင်မှန်သမျှ ရှူလို့မရပါဘူး။သန့်စင်မှု ၉၉.၅ ရာခိုင်နှုန်း သန့်စင်မှုရှိတဲ့ ဟာတွေကိုသာ ကျမတို့ ကုသရေးအပိုင်းမှာ အသုံးပြုတာ ဖြစ်ပါတယ်။ တချို့စက်ရုံတွေမှာ အောက်ဆီဂျင်ကို သုံးပြီးတော့ လုပ်ရတဲ့ စက်ရုံအလုပ်ရုံတွေရှိပါတယ်။

ဒါတွေကျတော့ စက်မှုလုပ်ငန်းသုံးအောက်ဆီဂျင်လို့ ခေါ်ပါတယ်။ ဒါတွေဟာအရည်အသွေး နိမ့်ပါတယ်။ အဲ့တာတွေ ရှူလို့မရနိူင်ပါဘူး။ အန္တရာယ်ရှိပါတယ်။အောက်ဆီဂျင်ထည့်တဲ့ အိုးတွေကလည်း သန့်စင်မှုရှိဖို့ လိုပါတယ်။ မဟုတ်ရင် အဆိပ်အတောက် ဓါတ်ငွေ့တွေ ရောပါနေတဲ့အတွက်ကြောင့်မို့ သေဆုံးနိုင်ပါတယ်။ နောက်တစ်ခုကတော့ အောက်ဆီဂျင် မသန့်စင်တဲ့ဟာကို ရှူမိရင်လည်း အဆုတ်ထဲမှာ မှိုပိုးတွယ်ပြီး သေစေနိုင်ပါတယ်။ ဒါဆိုရင် အောက်ဆီဂျင်ကို ပေးတာ ကိုယ့်ဘာသာပေးလို့ ရလားဆိုရင်မရပါဘူး။ ကျွမ်းကျင်တဲ့ ပညာရှင်တွေ ဆေးပညာရှင်တွေက လူနာတယောက်ဆီက လူနာတယောက်ဆီရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး ပေးရတာဖြစ်လို့ မိမိဘာသာပေးလို့မရပါဘူး။

အောာက်ဆီဂျင်တွေ ဘာကြောင့် ဝယ်မရဖြစ်နေသလဲဆိုရင် အောက်ဆီဂျင်ကို တချို့တွေကျတော့တတ်နိုင်တဲ့လျောက် မိမိမှာ ရောဂါ လက္ခဏာ ဘာမှမဖြစ်သေးဘူး။ သို့သော် လိုချင်လိုနိုင်တယ်ဆိုပြီး အောက်ဆီဂျင်စက်တွေအောက်ဆီဂျင်ဆလင်ဒါတွေအများကြီးဝယ်သိမ်းထားမယ်တနည်းအားဖြင့်ဆိုရင်အောက်ဆီဂျင်ဖြန့်ဖြူးတဲ့အပိုင်းမှာမညီမျှမှုတွေရှိတော့တကယ်လိုအပ်တဲ့သူအတွက်အောက်ဆီဂျင်ရရှိမှုမှာအခက်အခဲရှိနိုင်ပါတယ်။ဒါ့အပြင်အရေးကြီးတဲ့တချက်ကအောက်ဆီဂျင်ရှာတယ်ဆိုပြီးလူတွေသည်ပိုးတွေ့လူနာနဲ့အနီးကပ်ထိစပ်သူတွေဖြစ်ပါတယ်။တယောက်ကအစတစ်ရာဆိုသလိုကူးစက်နိုင်ပါတယ်ဒီလိုကူးစက်မှုတွေကများသွားနိင်တယ်။

မိမိဘာသာအိမ်မှာပဲနေပြီးကိုယ့်ဟာနဲ့ကိုအောက်ဆီဂျင်တွေဆောင်ရွက်ကြပြီးရှူချင်သလိုရျူကြနေတာမျိုးတွေလိုအပ်ချက်အတိုင်းမပြည့်မီတာမျိုးတွေလိုအပ်ချက်ထက်ပိုပြီးရှူတာတွေသည်နှစ်ဖက်စလုံးကိုနှစ်ဖက်သွားဓါးလိုပါပဲအကျိုးရှိဖို့ထက်အကျိုးယုတ်ဖို့ကများပါတယ်။အဲ့တော့သက်ဆိုင်ရာကျန်းမာရေးဌာနတွေနဲ့ဆက်သါယ်မှုမရှိပဲမိမိအိမ်မှာပဲအောက်ဆီဂျင်တွေကိုရှာပြီးတော့ကုသဖို့မသင့်ဘူးဆိုတာလေးကိုသိစေချင်ပါတယ်။ဒါဆိုရင်ဒီလိုမျိုးကုသတဲ့နောက်ဆက်တွဲဆိုးကျိုးကမိမိကိုယ်တိုင်နဲ့မ်ိမိမိသားစုပဲခံစားရမှာဖြစ်ပါတယ်။လူနာအနေနဲ့လည်းအသက်ဆုံးရှုံးနိုင်တဲ့အန္တရာယ်အများကြီးရှိပါတယ်။ပိုးတွေ့လူနာရဲ့မိသားစုဝင်တွေမှာလည်းပိုးကူးစက်နိုင်တဲ့အခွင့်အလမ်းတွေအများကြီးရှိပါတယ်။

ဒါ့အပြင်ကိုဗစ်ကြောင့်လည်းသေနိုင်တယ်အခြားရောဂါကြောင့်လည်းသေနိုင်တယ်အဲ့တာတာတွေကိုသေသေချာချာကူးစက်ရောဂါတွေမှာလိုက်နာရမယ့်ဟာတွေလိုက်နာရမယ်။သဂြိုလ်တဲ့အခါမှာဆိုရင်လိုက်နာရမယ့်စည်းကမ်းချက်တွေကိုမလိုက်နာပဲနဲ့သဂြိုလ်တဲ့အခါမှာ အများကြီးသွားတယ်ဆိုရင်ကူးစက်နိုင်ဖို့အခွင့်အလမ်းအများကြီးရယူလိုက်သလိုပါပဲ။အချုပ်ပြောချင်တာကတော့အိမ်မှာရောဂါလက္ခဏာရှိရင်သက်ဆိုင်ရာကျန်းမာရေးဌာနနဲ့ဆက်သွယ်ပါ.လိုအပ်တဲ့ကျန်းမာရေးလမ်းညွှန်ချက်အတိုင်းဆောင်းရွက်ပါ။မိမိအိမ်မှာအောက်ဆီဂျင်ဝယ်ပြီးတတ်ယောင်ကားမလုပ်ပါနဲ့မိမိမိသားစုဝင်တွေနဲ့မိဘတွေကိုအသက်ရှူကြပ်လို့လုပ်တာဖြစ်ပေမယ့်ကိုယ်မကျွမ်းကျင်တဲ့ကိစ္စတွေမှာမဆောင်ရွက်တာကောင်းပါတယ်။

နှိုင်းလို့တော့မကောင်းပါဘူးဆိုင်ကယ်မစီးတတ်ပဲဆိုင်ကယ်ဝယ်ထားရင်ဘာမှအလုပ်မဖြစ်ပါဘူးဒီသဘောပါပဲ။ဆရာဝန်မဟုတ်တဲ့သာမန်ပြည်သူလူထုအရပ်သားတွေကအောက်ဆီဂျင်ပေးတာမျိုးကမလုပ်သင့်ပါဘူး။ချင်းပြည်နယ်မှာဆိုရင်ဥပမာကလေးမှာဆိုရင်ကုသတဲ့အခါမှာအိမ်မှာပဲနေပြီးသေဆုံးတယ်။ရောဂါခံစားနေရတာကိုကျမတို့အနေနဲ့မသိနိုင်ပါဘူး။ကုသမှုလည်းမပေးနိုင်ပါဘူး။ကုသမှုပေးနိုင်ဖို့ဆိုရင်ကုသမှုပေးနိုင်တဲ့နေရာတွေသွားဖို့လိုတယ်ဆိုတာပြောချင်ပါတယ်။အခုကမဆက်သွယ်လို့ဖြစ်တယ်ပြောချင်တာမဟုတ်ပါဘူး။အိမ်နမှာတယောက်ယောက်ဖြစ်ပြီဆိုရင်အမြန်ဆက်သွယ်ပါလိုအပ်တဲ့ကုသမှုခံယူပါ။ဒီနေရာအားပေးချင်တာကကိုဗစ်သံသယဖြစ်တိုင်းကူးစက်ခံရတိုင်းမသေပါဘူး၈၀%သည်ဘာမှတောင်မဖြစ်ပါဘူး။

ကိုယ်ခံအားနဲ့ပြန်ကောင်းပါတယ်။တချို့တွေအနံ့မတော့အနံ့ရအောင်အတင်းလုပ်တယ်အနံ့ရတော့ကိုဗစ်ကင်းစင်ပြီဆိုပြီးလူကြားထဲလျှောက်သွားတယ်။အဲ့တာမှရောဂါပိုးဖြန့်တာဖြစ်ပါတယ်။လူအုပ်စုလိုက်လုပ်ဆောင်တာတွေကလည်းကူးစက်မှုများစေတဲ့အချက်ဖြစ်ပါတယ်။

Source: MPA