Local News

ဓါတုလက်နက်သဖွယ် ထင်ရတဲ့ တိမ်ပုံစံ အငွေ့များ ထွက်လာတဲ့အပေါ် ပြည်သူတွေ ထိတ်လန့်နေ

ဓါတုလက်နက်သဖွယ် ထင်ရတဲ့ တိမ်ပုံစံ အငွေ့များ ထွက်လာတဲ့အပေါ် ပြည်သူတွေ ထိတ်လန့်နေ

ရန်ကုန်က မြို့နယ်အချို့မှာ တိမ်ပုံစံ အငွေ့များ အိမ်အမိုးနီး ရောက်လာလို့ ပြည်သူများထိတ်လန့်နေ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ဇူလိုင်လ ၁၇ ရက်နေ့ညပိုင်းက မြူခိုးပုံစံနဲ့တူနဲ့ တိမ်ပုံစံ အငွေ့တွေ တိုက်အပေါ်တွေရောက်လာလို့ ဒေသခံတွေထိတ်လန့်နေရတယ်လို့ သိရပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက သိမ်းဖြူကွင်းဘက်ခြမ်းနဲ့ တာမွေမြို့နယ်ထဲက မအူကုန်းရပ်ကွက်ဘက်တွေမှာ ဒီကနေ့ညပိုင်းက တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” တိမ်ပုံစံပဲ မြူခိုးငွေ့တွေလို တိုက်ပေါ်တွေရောက်နေတာ တိမ်ဆိုရင်တော့ ဒီလိုမနီးနိုင်ဘူးလေ ခုက ဘာမှန်းမသိတော့ တံခါးတွေပိတ်နေရတယ်”လို့ ဒေသခံတဦးကပြောပါတယ်။

တိမ်ပုံစံမြူခိုးလိုလို အငွေ့တွေမြင်ရင် ထွက်မကြည့်ဘဲ တံခါးတွေ လုံအောင်ပိတ်နေရဖို့ ပြည်သူအချင်းချင်းသတိပေးနေကြရတယ်လို့ ဆိုပါတယ်။

ခုလို တိမ်ပုံစံမြူခိုးတွေဟာ ဒီနေ့ညပိုင်း ဒရုန်းတွေပြန်ပြီးနောက်ပိုင်း မြင်တွေ့ရတာဖြစ်တယ်လို့ ပြောဆိုတာတွေရှိပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

တိမ်ပုံစံမြူခိုးငွေ့တွေ မြင်တွေ့ရတဲ့ ဒေသခံတွေကတော့ ဒါဟာ နည်းပညာအသုံးပြုပြီး ရောဂါဖြန့်တာမျိုးလည်းဖြစ်နိုင်တယ်လို့ ပြောဆိုတာတွေလည်း ရှိနေကြပါတယ်။

Photo – CJ

#ရန်ကုန် #တိမ်ပုံစံမြူခိုးများ #ပျံနှံလာ #Ayeyarwaddy_Tiimes

Zawgyi

ဓါတုလက္နက္သဖြယ္ ထင္ရတဲ့ တိမ္ပုံစံ အေငြ႕မ်ား ထြက္လာတဲ့အေပၚ ျပည္သူေတြ ထိတ္လန႔္ေန

ရန္ကုန္က ၿမိဳ႕နယ္အခ်ိဳ႕မွာ တိမ္ပုံစံ အေငြ႕မ်ား အိမ္အမိုးနီး ေရာက္လာလို႔ ျပည္သူမ်ားထိတ္လန႔္ေန

ရန္ကုန္တိုင္းေဒသႀကီးအတြင္းက ၿမိဳ႕နယ္အခ်ိဳ႕မွာ ဇူလိုင္လ ၁၇ ရက္ေန႔ညပိုင္းက ျမဴခိုးပုံစံနဲ႔တူနဲ႔ တိမ္ပုံစံ အေငြ႕ေတြ တိုက္အေပၚေတြေရာက္လာလို႔ ေဒသခံေတြထိတ္လန႔္ေနရတယ္လို႔ သိရပါတယ္။

မဂၤလာေတာင္ညြန႔္ၿမိဳ႕နယ္ထဲက သိမ္းျဖဴကြင္းဘက္ျခမ္းနဲ႔ တာေမြၿမိဳ႕နယ္ထဲက မအူကုန္းရပ္ကြက္ဘက္ေတြမွာ ဒီကေန႔ညပိုင္းက ေတြ႕ခဲ့တာလို႔ ေဒသခံေတြက ေျပာပါတယ္။

” တိမ္ပုံစံပဲ ျမဴခိုးေငြ႕ေတြလို တိုက္ေပၚေတြေရာက္ေနတာ တိမ္ဆိုရင္ေတာ့ ဒီလိုမနီးနိုင္ဘူးေလ ခုက ဘာမွန္းမသိေတာ့ တံခါးေတြပိတ္ေနရတယ္”လို႔ ေဒသခံတဦးကေျပာပါတယ္။

တိမ္ပုံစံျမဴခိုးလိုလို အေငြ႕ေတြျမင္ရင္ ထြက္မၾကည့္ဘဲ တံခါးေတြ လုံေအာင္ပိတ္ေနရဖို႔ ျပည္သူအခ်င္းခ်င္းသတိေပးေနၾကရတယ္လို႔ ဆိုပါတယ္။

ခုလို တိမ္ပုံစံျမဴခိုးေတြဟာ ဒီေန႔ညပိုင္း ဒ႐ုန္းေတြျပန္ၿပီးေနာက္ပိုင္း ျမင္ေတြ႕ရတာျဖစ္တယ္လို႔ ေျပာဆိုတာေတြရွိေပမယ့္ ဧရာဝတီတိုင္းမ္အေနနဲ႔ သီးျခားအတည္ျပဳနိုင္ျခင္းမရွိေသးပါဘူး။

တိမ္ပုံစံျမဴခိုးေငြ႕ေတြ ျမင္ေတြ႕ရတဲ့ ေဒသခံေတြကေတာ့ ဒါဟာ နည္းပညာအသုံးျပဳၿပီး ေရာဂါျဖန႔္တာမ်ိဳးလည္းျဖစ္နိုင္တယ္လို႔ ေျပာဆိုတာေတြလည္း ရွိေနၾကပါတယ္။

Photo – CJ

#ရန္ကုန္ #တိမ္ပုံစံျမဴခိုးမ်ား #ပ်ံႏွံလာ #Ayeyarwaddy_Tiimes