International News

နာမည်ကြီး Asia Times သတင်းဌာနမှ ခန့်မှန်းထားတဲ့ နောက် ၃ပတ်အတွင်း မြန်မာပြည် လူသေနှုန်း

မြန်မာ့လူဦးရေထက်ဝက်ခန့် ၃ ပတ်အတွင်း ကိုဗစ်ကူးစက်ခံရပြီး လူဦးရေ ၁၀ သန်းမှ ၁၅ သန်းလျော့ကျနိုင်ဆိုသော ခန့်မှန်းချက် Asia Timesက ဖော်ပြ

ရန်ကုန်၊ ဇူလိုင် ၁၈

မြန်မာ့လူဦးရေ ၅၅ သန်း၏ ထက်ဝက် ၃ ပတ်အတွင်း ကိုဗစ်မျိုးကွဲ Alpha သို့မဟုတ် Delta ကူးစက်ခံရပြီး အနည်းဆုံး လူဦးရေ ၁၀ သန်းမှ ၁၅ သန်းအထိ လျော့ကျသွားနိုင်ကြောင်း နာမည်ကျော်၊ဂုဏ်သတင်းရှိသည့် ပြည်သူ့ကျန်းမာရေးကျွမ်းကျင်သူတချို့ကို ကိုးကား၍ Asia Times က ဖော်ပြသော ဆောင်းပါးတစ်ခုတွင် ရေးသားထားသည်။

မြန်မာနိုင်ငံမှ ပြည်သူ့ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ၅၅ သန်းသောလူ ဦး ရေ၏ ၅၀ ရာခိုင်နှုန်း သည် ၃ ပတ်အတွင်း Alpha သို့မဟုတ် Delta အမျိုးအစား Covid-19 ကူးစက်လိမ့်မည်ဟု Asia Times၏ ဆောင်းပါးတွင်ခန့်မှန်းထားသည်။

အလွန်နာမည်ကြီးသောပြည်သူ့ကျန်းမာရေးကျွမ်း ကျင်သူတ ဦး က ကိုဗစ်ကပ်ဘေးပြီးလွန်မြောက်ချိန်တွင် မြန်မာ့လူ ဦး ရေအနည်းဆုံး ၁၀ သန်းမှ ၁၅ သန်းလျော့ကျသွားလိမ့်မည်ဟုခန့်မှန်းထားသည်။

အဆိုပါ ဆောင်းပါးတွင် မြန်မာနိုင်ငံတွင် ကျန်းမာရေးစနစ်ပြိုလဲနေပုံ၊ စစ် တပ်၏ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းပြီး အမိန့်အာဏာဖြင့် လူထုကိုအောက်စီဂျင်ရရှိရေး ပိတ်ပင်မှုများ၊ ဖိနှိပ်မှုများ၊ မတရားစစ်အာဏာသိမ်းမှုနှင့် CDM များ၏ အခြေအနေ၊ နိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသော လှုပ်ရှားမှုများ အပါအဝင် ပြည်တွင်း ဖြစ်ပေါ်နေသော အခြေအနေများအားလုံးကို သုံးသပ်ရေးသား တင်ပြထားသည်။

ဆောင်းပါးရှင်သည် မြန်မာ့အရေးကို နှစ် ၃၀ နီးပါးလေ့လာပြီး မြန်မာ့ရေးရာ စာအုပ်များ ထုတ်ဝေခဲ့သူ တွဲဖက်ပါမောက္ခ Mary P Callahanဖြစ်သည်။ သူသည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တက္ကသိုလ်၊ ဟင်နရီအမ်ဂျက်ဆင်ကျောင်း၊ နိုင်ငံတကာလေ့လာရေးဌာနမှ တွဲဖက်ပါမောက္ခလည်းဖြစ်သည်။

ဆောင်းပါးရှင် Mary P Callahan သည် ၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ရန်ကုန်တွင် အခြေစိုက်၍ အုပ်ချုပ်မှုဆိုင်ရာ၊ ရွေးကောက်ပွဲ၊ နိုင်ငံရေး၊ စီးပွားရေးနှင့်ငြိမ်းချမ်းရေးကိစ္စရပ်များတွင် အကြံပေးမှုများ လုပ်ဆောင်ခဲ့သည်။

ခေတ်သစ်မီဒီယာ