Local News

စစ်ကောင်စီ၏ ကိုဗစ် အလှူခံ တစ်ပတ်အတွင်း ရရှိရန်ပုံငွေ ပမာန စံချိန်တင်

စစ်ကောင်စီ၏ ကိုဗစ် အလှူခံ တစ်ပတ်အတွင်း ရရှိရန်ပုံငွေ ပမာန စံချိန်တင်မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါပိုး ကူးစက်မှု့ အလွန်တိုးတက်လာနေချိန် အာဏာသိမ်း စစ်ကောင်စီမှ ပြည်သူအများ ပူးပေါင်းကြရန် ဖိတ်ခေါ်သော်လည်း တပတ်အတွင်း ပြည်သူများ၏ လှူဒါန်းငွေ ကျပ် တသိန်းသာ ရရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး တတိယလှိုင်း ဇွန်လဆန်းပိုင်းတွင် စတင်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် ကူးစက်မှုနှင့် ဆုံးပါးမှုအများဆုံးနှင့် အဆိုးဆုံး အခြေ အေန ဖြစ်ပေါ်လျက်ရှိနေ သည်။စစ်ကောင်စီအနေဖြင့်လက်ရှိဖြစ်ပေါ်နေသော CO VID-19 တတိယလှိုင်း အား..ထိန်းချုပ်နိုင်ရန်နှင့် ကာကွယ်ဆေးဝယ်ယူနိုင်ရန် ယခင် အရပ်သားအစိုးရလက်ထပ်ကဲ့သို့ပြည်သူလူထုထံ အလှူငွေကောက်ခံခဲ့သည်။သို့သော် ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၆ရက်နေ့ထိ ကောက်ခံရရှိငွေ ၁ သိန်းကျပ်သာ ရရှိကြောင်း စစ်ကောင်စီ၏ ကိုဗစ် ၁၉ကာ ကွယ်ဆေးဝယ်ယူရရှိ ရေး စီမန်ခန့်ခွဲမှုကော်မတီ ၏ ကြေငြာချက်အရ သိရသည်။

ယခင် COVID ဒုတိ ယလှိုင်း အရပ်သားအစိုးရလက်ထပ်တွင် ကိုဗစ် ကာကွယ်ဆေးများ ဝယ်ယူရရှိချိန်တွင် အလှူငွေများ စတင်ကောက်ခံခဲ့ပြီး ယင်း ကောက်ခံသည့်နေ့တွင်ပင် ..

Denko ဆီဆိုင်၊ မြန်မာရှေ့ဆောင်ဘဏ်စသည့်လုပ် ငန်းများ ပိုင် ဆိုင်သော ဧဒင် ဦးချစ်ခိုင်မှ အမေရိကန် ဒေါ်လာ ၅ သန်း စတင်မတည်ခဲ့ပြီး ဧရာဝတီ ဦးဇော်ဇော် ၊ ကမေ္ဘာဇ ဦးအောင်ကိုဝင်းတို့လည်း အသီးသီးလှူဒါန်းခဲ့ကြသည်။လက်ရှိတွင် ကာကွယ်ဆေးဝယ်ယူရမည့် ကိစ္စရပ်များအပြင် ပြည်တွင်းတွင် အောက်စီဂျင်ထုတ် လုပ်မှုလုပ်ငန်းများ အခက်ကြုံနေပြီး အောက်စီဂျင်ပြတ်လပ်နေ၍ ပြည်ပမှ မှာယူနေရကြောင်း သိရသည်။

Credit တာတေ

Zawgyi