Celebrity

ဇူလိုင်လ (၈) ရက်နေ့ကဖမ်းဆီးခံလိုက်ရတဲ့ တိုင်ရွန် ဒီနေ့မှာပြန်လည်လွတ်မြောက်လာပြီ

ပရိတ်သတ်ကြီးရေ…သရုပ်ဆောင် တိုင်ရွန်ကတော့ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူလူထုနဲ့အတူအမှန်တရားဘက်မှ ရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့အတွက် မကြာသေးခင် ရက်ပိုင်းလောက်က တိုင်ရွန်တစ်ယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း တိုင်ရွန်ရဲ့သတင်းကို ကြားပြီးသူ့အတွက် စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်နော်။

ရက်ပိုင်းလောက် ဖမ်းဆီးခံခဲ့ရပေမယ့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်တဲ့အကြောင်းကို ပရိသတ်တွေ စိတ်မပူကြစေ ဖို့ မကြာသေးခင် နာရီ ပိုင်းလောက်ကတိုင်ရွန်ရဲ့Facebook Story မှာတင်ထားတာ ဖြစ်ပါတယ်။ သူကလည်း ” ကျွန်တော် ပြန်လွတ်နေပါပြီ။

ဖမ်းခံရတာက July 8 ကပါတင်လို့မရလို့သာမတင်တာပါခင်ဗျာ။ အခုအားလုံးအဆင်ပြေသွားပါပြီ စိတ်ပူပေးကြလို့ ကျေးဇူးတင်ပါတယ် ” ဆိုပြီး ​အသိပေးရေးသားထားတာ ဖြစ်ပါတယ်။ အခက်အခဲတွေကြားကသူ့ကိုစိတ်ပူနေတဲ့ ပရိသတ်တွေကိုဂရုတစိုက်ရှိပေးတဲ့တိုင်ရွန် ရဲ့စိတ် ထားကတော့ချီးကျူးစရာကောင်းလှပါတယ်။

ဓမ္မဘက်ကနေ အခိုင်အမာရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်အချို့လည်း အကျဉ်းထောင်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ ဖြစ်တာကြောင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ ပရိသတ်တွေက ဆုတောင်းမေတ္တာပို့သပေးနေကြတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရသူများနဲ့ တိမ်းရှောင်နေကြရသူများ အားလုံး မိသားစုဝင်များနဲ့ အမြန်ဆုံး ပြန်လည်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကေျးဇူးတင်ရှိပါတယ်။