မီးသဂြိုဟ်ပေးနေရမှုနှင့်ပတ်သက်၍ စည်ပင် ဌာနမှူး ဗြောင်လိမ်

သုသာန်​များတွင် ​မီးသဂြိုလ်​သည့်​အပိုင်းနှင့်​ပတ်​သက်​၍ သက်​ဆိုင်​ရာအဖွဲ့အစည်းများက လိုအပ်​သည့်​အပိုင်းများကို​ ဆောင်​ရွက်​ပေးခဲ့သည့်​အတွက် ​လက်​ရှိအ​ခြေ​နေမှာ​တော့ လူမှုကွန်​ရက်​စာမျက်​နှာ​တွေမှာ​ပြောသလို ဖြစ်​နေတာ​တွေ မရှိပါဘူးဟု စည်​ပင်​သာယာ​ရေး​ကော်​မတီပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးနှင့်​ သန့်​ရှင်း​ရေးဌာနမှူး ဦးချိုထွန်း​အောင်​က​ ပြောကြားခဲ့သည်​။

ပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးနှင့်​ သန့်​ရှင်း​ရေးဌာနမှူး ဦးချိုထွန်း​အောင်​

“ကျွန်​တော်​တို့အ​နေနှင့် ​ရန်​ကုန်​တိုင်း​ဒေသကြီး အတွင်းမှာရှိတဲ့ ဆုံးပါးသွားတဲ့သူ​တွေကို သဂြိုဟ်ပေးရတဲ့အပိုင်းမှာ ယခင်​က​သေဆုံးသူတစ်​နေ့ကို ၁၂၀ ပုံမှန်​ရှိပါတယ်​။အခုလက်​ရှိ ကိုဗစ်​တတိယလှိုင်းမှာ​တော့ ပုံမှန်​က​နေ ဇူလိုင်​ ၁ ရက်​နေ့မှာ ၁၄၀​ လောက်​စပြီး သဂြိုဟ်​ပေးရတယ်။ ​အဲ့ဒီက​နေ​ တောက်​လျှောက်​တက်​လာတယ်​။ဆယ်​ရက်​ဝန်းကျင်​လောက်​မှာ​တော့ သုံးရာ​ကျော်​လေးရာ​လောက်​ခုန်​တက်​လာပါတယ်​။ ​ရေ​ဝေးမှာများ​နေရင် ​တစ်​ခြား​နေရာ​တွေမှာ သဂြိုဟ်​နိုင်​ဖို့ ရန်​ကုန်​တိုင်း​ဒေသကြီး အစိုးရကိုတင်​ပြခဲ့တယ်​။

သင်္ဂြိုဟ်ဖို့တောင် တန်းစီနေရ

တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ကလည်း အချိန်​မီပြန်​လည်​ပြုပင်​ပြီး ​ဆောင်​ရွက်​ပေးခဲ့တယ်​။ ​နေ့ည​ဆောင်​ရွက်​နိုင်​အောင်​လည်း လိုအပ်​ရင်​သက်​ဆိုင်​ရာအဖွဲ့​တွေက​ ဆောင်​ရွက်​ပေးခဲ့လို့ လက်​ရှိအ​ခြေအ​နေမှာ​တော့ လူမှုကွန်​ရက်​စာမျက်​နှာ​တွေမှာ​ ပြော​နေသလိုဖြစ်​နေတာ​တွေမရှိပါဘူး” ဟု​ပြောကြားခဲ့သည်​။

ပတ်​ဝန်းကျင်​ ထိန်းသိမ်း​ရေးနှင့်​ သန့်​ရှင်း​ရေးဌာနမှူး ဦးချိုထွန်း​အောင်​

ရန်ကုန်မှာ နာရေး ကူတဲ့ကားတွေ အလောင်းတွေထပ်ပြီး သယ်ယူ သင်္ဂြိုဟ်ပေးနေရ အစိုးရရဲ့ တရားဝင်စာရင်းတွေအရတော့ ဇူလိုင်လ ၁၈ ရက်နေ့ က ကိုဗစ်ရောဂါကြောင့်သေဆုံးသူ ၂၃၁ ဦးရှိခဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅၀၀၀ ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။အရင်လို ကားတစီးကို တစ်လောင်း သယ်တဲ့ အနေအထားမျိုး မဟုတ်တော့ဘဲ​၊ ကားတစ်စီးမှာ ၂ လောင်း ၃လောင်း သယ်ပြီးသုသာန်ကို ပို့ပေးနေရတယ် ၊ သုသာန်မှာလည်း ကားတွေတန်းစီနေလို့ အကြာကြီး စောင့်နေရတယ်လို့ လူမှုကယ်ဆယ်ရေး သမားတွေက ရှင်းပြပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ ရေဝေးသုသာန်မှာ တန်းစီနေတဲ့ နာရေးကားများ

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင် ကိုဗစ် ၁၉ ကူးစက်သူတွေ များလာသလို သေဆုံးတဲ့သူတွေကလည်း များလာတဲ့အတွက် လက်ရှိနာရေးကူညီမှု ဆောင်ရွက်ပေးနေတဲ့ အသင်းတွေအနေနဲ့ မနိုင်မနင်း အခြေအနေ ဖြစ်နေတယ်လို့ သန်လျင်နာရေးကူညီမူ့အသင်းဥက္ကဋ္ဌက ပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ ရေဝေးသုသာန်မှာ တန်းစီနေတဲ့ နာရေးကားများ

သူတို့ အနေနဲ့ တစ်နေ့ကို အလောင်း ၆၀ လောက် သင်္ဂြိုဟ်နိုင်အောင် မနည်းရုန်းကန်နေရသလို တခြား အသင်းတွေလည်း အလားတူ အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ဒါကြောင့် အလောင်းတွေ ပုံနေတဲ့ပြဿနာကို ဖြေရှင်းဖို့ ရန်ကုန်မှာ နယ်မြေတွေထပ်ခွဲကာ သင်္ဃန်းကျွန်း ၊ ပုဇွန်တောင် ၊ ဗိုလ်တထောင် တို့ကိုအရင်က ကျီစုသုသာန်မှာ သင်္ဂြိုဟ်ပေးနေရာက အခုတော့ ရေဝေးသုသာန်ကို ပြောင်းလိုက်ပြီလို့ ပြောပါတယ်။သူ့အဖေ ဆုံးသွားပြီဆိုတာ ကိုယ်ဘာသာကိုယ် သိပေမဲ့ သေဆုံးတယ် ဆိုတာကို ဆရာဝန်က အတည်ပြုဖို့ ဒေသန္တရ ဆေးခန်းကို ကိုမောင်လှ ဖုန်းဆက်ပါတယ်။

အိမ်ကိုလာပြီး လူနာသေဆုံးကြောင်း အတည်ပြုပေးဖို့ ဆရာဝန်ကို ပြောတဲ့အခါ သူ့ကို ရင့်ရင့်သီးသီး ဆဲဆိုတယ်လို့ ပြောပါတယ်။ဒါနဲ့ ပတ်သက်လို့ ဘီဘီစီအနေနဲ့ ဒေသန္တရ ဆေးခန်းဘက်ကို မေးမြန်း အတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။ရန်ကုန်မြို့က နေအိမ်တွေမှာ သေဆုံးခဲ့တဲ့သူတွေအတွက် အခုလက်ရှိမှာ ဆရာဝန်ရဲ့ သေစာရင်းလက်မှတ် ရဖို့ကိုလည်း အခက်ကြုံနေရပြီး အချိန်ကြန့်ကြာတာတွေလည်း ရှိနေပါတယ်။

“ကျွန်တော့်အစ်မက ညက ဆုံးတယ်။ လူနာတင်ကားရော နိဗ္ဗာန်ယာဉ်ရော ခေါ်လို့မရဘူး။ အိမ်မှာလည်း body ကို တစ်ည ထားရတာပေါ့။ ဒီနေ့ မနက်မိုးလင်းတော့ မြေချဖို့အတွက် သေစာရင်း လိုက်လုပ်တော့ သူပြနေကျ ဆေးခန်းတွေလည်း တစ်ခုမှ မဖွင့်ဘူး။ အနီးနားက ဆေးခန်းတစ်ခုကျတော့လည်း အထွေထွေကုဆရာဝန်တွေ မထိုင်ဘူး။ အိုဂျီ(သားဖွားမီးယပ်) ပဲရှိတယ်။ အိုဂျီကလည်း သေစာရင်းပေးလို့မရဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့လည်း ဘယ်လိုလုပ်ရမလဲမသိဘူး။ တော်တော်လေး အခက်တွေ့ပါတယ်။ အိမ်မှာလည်း အလောင်းက ဒီတိုင်း။ ကိုယ့်လူကိုလည်း ဘယ်ကိုမှ ပို့မရဖြစ်နေတာ။ အဲဒီမှာမနက် ၁၀ နာရီ မထိုးခင်လောက်ကျတော့ ရပ်ကွက်ထဲက ချိတ်ဆက်ထားတဲ့ ပရဟိတအသင်းကနေ ရုပ်အလောင်းကို လာသယ်တော့ သူတို့ဆီမှာ အသင်းနဲ့ ချိတ်ဆက်ထားတဲ့ ဆရာဝန်လည်း ရှိတယ်ဆိုတော့ အဲဒီဆရာဝန်ကနေ နောက်ဆုံးမှာ အတည်ပြုပေးပြီး သေစာရင်း ထုတ်ပေးလိုက်တာပေါ့။ အဲဒီသေစာရင်းရမှ ကျွန်တော်တို့က ဒေသန္တရကျန်းမာရေးကို သွားရပါတယ်။ အဲဒီမှာ ဆရာဝန်ရဲ့ လက်မှတ်နဲ့ သေစာရင်းပြတော့ သင်္ချိုင်းလက်မှတ်ကို ရတယ်။ အဲဒီနှစ်ခုပါတော့မှ အလောင်းကိုသယ်ပြီး ကျီစုသုသာန်ကို သွားရတာပေါ့” လို့ သေစာရင်းရဖို့ အခက်ကြုံခဲ့ရတဲ့ သာကေတမြို့နယ်က မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။

မနေ့က လက်ကျန် အလောင်းတွေကို ဒီမနက် အထိ သင်္ဂြိုဟ်နေရ

ရေဝေးသုသာန်ဟာ အရင်က သေဆုံးသူ ၅၀ နဲ့ ၁၀၀ ကြား နေ့စဉ် မီးသင်္ဂြိုဟ်လေ့ရှိပေမဲ့ ဇူလိုင် ၁၉ ရက်နေ့မှာတော့ ရောက်လာတဲ့ အလောင်းတွေက ၃၅၀ ကျော်လောက် ရှိတယ်လို့ ဆိုပါတယ်။ရောဂါကြောင့် သေဆုံးရတယ်ဆိုပေမဲ့ မသေခင် အောက်ဆီဂျင်ရဖို့ တစ်မြို့လုံးပတ်ပြီး လိုက်ရှာခဲ့ရတယ် လို့ သူကပြောပါတယ်၊မနေ့ကတော့ အောက်ဆီဂျင် တစ်အိုး ၂ သိန်း ၈ သောင်းနဲ့ ရလာလို့ ဖခင်ကြီး ရှူလိုက်ရသေးတယ် လို့လည်း သူကပြောပါတယ်။

ရန်ကုန်မြို့မှာ နေအိမ်တွေမှာ အခုလို ကူသူ ကယ်သူမဲ့ပြီး ကိုဗစ်ရောဂါလက္ခဏာတွေနဲ့ သေဆုံးခဲ့သူတွေ ရှိနေပေမဲ့ ည ၈ နာရီမှာ ထုတ်ပြန်တဲ့ ကိုဗစ်ကြောင့် သေဆုံးတဲ့လူနာ စာရင်းမှာ အဲဒီလူတွေ ပါလေ့ မရှိဘူးလို့ ရန်ကုန်ဒေသခံတွေက ပြောပါတယ်။တကယ်သေနေတဲ့ စာရင်းက အစိုးရထုတ်ပြန်တဲ့ စာရင်းကို ၅ နဲ့မြှောက်ရလိမ့်မယ်လို့ ကိုမောင်လှက သူ့အမြင်ကိုပြောပါတယ်။“ရောဂါဖြစ်လို့ ဆေးရုံလည်းတက်ခွင့်မရ၊ ကုပေးတဲ့ ဆရာဝန်ကလည်းမရှိ၊ သေတော့လည်း အခေါင်းတောင် မပါဘဲ သင်္ဂြိုဟ်နေရတာတွေ တွေ့ရတော့ ရင်နာတယ်“လို့ ကိုမောင်လှက ပြောပါတယ်။

တစ်ချိန်ထဲမှာ အခုလို ကိုဗစ် တတိယလှိုင်း ပြင်းထန်နေချိန်မှာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ၆ သန်း ရဖို့ရှိပြီး လူဦးရေ ၃ သန်းလောက် ကိုထိုးပေးနိုင်ဖို့ စီမံချက်ချထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကပြော ပါတယ်။

Credit