Local News

ဖခင် ဖြစ်သူ COVID19 ရောဂါဖြင့် ဆုံးသွား၍ နေစရာမရှိသည့် မောင်နှမ(၃)ယောက်အတွက် နေစရာအိမ်အလှူရှင်နှင့် ကျောင်း ထားပေးမည့်အလှူရှင်ရရှိ

ဖခင်ရောဂါနဲ့ ဆုံးသွား၍ နေစရာမရှိသည့် မောင်နှမ(၃)ယောက်အတွက် နေစရာအိမ်အလှူရှင်နဲ့ ကျောင်း ထားပေးမယ့် အလှူရှင်ရရှိလာပြီဖြစ်တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ ဦးဆောင်သူ ကိုထိန်လင်းအောင်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

မနေ့က သင်္ဃန်းကျွန်းမြို့အတွင်းမှာ ဖခင်ဖြစ်သူက ရောဂါနဲ့ဆုံးသွားတဲ့အတွက် အတူနေထိုင်တဲ့ မောင်နှမ (၃)ယောက် နေစရာအိမ်မရှိ စားစရာမရှိ အခတ်အခဲဖြစ်နေတာ ဖြစ်ပါတယ်။

“ကလေးတွေအတွက် Q ဝင်ပြီး ပြန်ထွက်လာရင်နေဖို့ တိုက်ခန်းကူညီမယ့် အလှူရှင်ပေါ်လာပါပြီခင်ဗျာ၊ ကျောင်းဆက်တက်ရင်လည်း ကူညီမယ့် အလှူရှင်ပေါ်လာပါပြီခင်ဗျာ” လို့ ယနေ့ ကိုထိန်လင်းအောင်က သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ရှိ ကျန်ရစ်ခဲ့တဲ့ မောင်နှမ(၃)ယောက်မှာ Quaratine ဝင်ရောက်နေတယ်လို့ သိရပါတယ်။

Credit