377 A (သို့) စစ်ကောင်စီ အတွက် ဂြိုလ်ဆိုးလာပြီ










Credit

ဒေါက်တာဆာဆာနဲ့ဗြိတိန်လွှတ်တော်အမတ်တွေဆွေးနွေးအပြီးမှာ ဗြိတိန်နိုင်ငံခြားရေးကော်မတီက စစ်ကောင်စီကိုအရေးယူဖို့ ဗြိတိန်အစိုးရကိုတင်သွင်းတဲ့အချက်တွေထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ချက်ကိုတွေ့ရပါတယ်။

ဒါကတော့ ကုလသမဂ္ဂအထွေထွေညီလာခံက (၁၉၅၀) ခုနှစ်နိုဝင်ဘာလ (၃) ရက်နေ့မှာ အတည်ပြုပြဌာန်းခဲ့တဲ့ 377 A ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းရာမှာအသုံးပြုဖို့ ဒီဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၅၂ မဲ ကန့်ကွက်မဲ ၅ မဲ၊ ကြားနေ ၂ မဲနဲ့ ကုလအထွေထွေညီလာခံမှာအတည်ပြုခဲ့တာပါ။

နိုင်ငံတကာလုံခြုံရေးနဲ့ငြိမ်းချမ်းရေးကိုထိပါးတယ်လို့ယူဆရင် ကုလအထွေထွေညီလာခံက ဒီဖြစ်ရပ်ကို ချက်ချက်စိစစ်ပြီး ရရှိတဲ့အချက်အလက်တွေကို UN အဖွဲ့ဝင်နိုင်ငံတွေဆီပေးပို့ပြီးအရေးယူဖို့ထောက်ခံချက်ပေးရပါတယ်။

ဗီတိုလုံးဝသုံးခွင့်ပေးမထားတဲ့ 377 A

ဥပမာ စစ်ကောင်စီကိုအရေးယူဖို့ပြင်ဆင်ပြီဆိုရင် ကုလသမဂ္ဂအမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံ ( P5 )ထဲက ရုရှားနဲ့တရုတ်က ဗီတိုအာဏာသုံးကန့်ကွက်မယ်ဆိုရင် ကန့်ကွက်ခွင့်မရှိဘူး။

စစ်ကောင်စီကိုအရေးယူဖို့လိုအပ်လာရင် the use of armed force ( အင်အားသုံးဖြုတ်ချခွင့်)ပါပေးထားပါတယ်။ 377 A ကိုကုလသမဂ္ဂပဋိညာဉ်စာတမ်းက လုပ်ပိုင်ခွင့်အာဏာအပ်နှင်းထားပါတယ်။

ဒီနေရာမှာ ဒေါက်တာဆာဆာရဲ့ကြိုပမ်းအားထုတ်မှုကို အထူးအသိအမှတ်ပြုအပ်ပါတယ်။ရုရှားနဲ့တရုတ်အတားအဆီးကိုကျော်ဖို့ နည်းလမ်းရှာရာမှာ ဗြိတိန်လွှတ်တော်အမတ်တွေက 377 A ကိုထောက်ပြခဲ့တာဖြစ်ပါတယ်။

ဥပဒေတိုင်းမှာထွက်ပေါက်ရှိပြီး ကျနော်တို့ပြည်သူတွေရဲ့အောင်ပွဲက လက်တစ်ကမ်းအလိုမှာပါ။
အရေးတော်ပုံ မုချအောင်ရမည်။

Credit