Celebrity

သူပိုင်ဆိုင်တဲ့ တန်ဖိုးကြီးမြေနေရာလေးကို အောက်စီဂျင်စက်ရုံအတွက် အခမဲ့လှူပေးမယ်ဆိုတဲ့ နေထူးနိုင်

သရုပ်ဆောင်နေထူးနိုင်ကတော့ထူးခြားဆန်းပြားတဲ့ ူဇာတ်ကောင်တွေနဲ့အတူပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုအခိုင်အမာရရှိထားတဲ့မင်းသားကြီးပဲဖြစ်ပါတယ်။ နေထူးနိုင်ကတော့တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကနေပါဝင်ခဲ့ပါတယ်။

အလှူအတန်းရက်ရောတဲ့နေထူးနိုင်ကတော့ဇနီးဖြစ်သုနဲ့စီးပွားရေးလုပ်ငန်းကိုလုပ်ဆောင်ပြီးတော်လှန်ရေးကြောင့်ခက်ခဲနေတဲ့ပြည်သူများကိုလဲလှူဒါန်းပေးနေခဲ့ပါတယ်။

လက်ရှိမှာဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါကြီးနဲ့ပတ်သတ်ပြီးတော့ကူးစက်မှုတွေဟာတစ်နေ့ထက်တစ်နေ့များပြားလာပါတယ်။ အောက်ဆီဂျင်မလုံလောက်မှုကြောင့်လဲအသက်ဆုံးရှုံးရတဲ့သူတွေလဲများပြားလာပါတယ်။

ဒါကြောင့်အလှူရှင်များကလဲအောက်ဆီဂျင်တွေအလွယ်တကူရနိုင်ဖို့တတ်နိုင်တဲ့ဘက်ပါနေပါဝင်လှူဒါန်းပေးနေကြပါတယ်။ နေထူးနိုင်ဟာဆိုရင်လဲအောက်ဆီဂျင်စက်ရုံဆောက်လုပ်ချင်သူများအတွက်မြေနေရာကိုအခမဲ့ငှားရန်းပေးမယ့်အကြောင်းကိုအခုလိုပြောကြားလာပါတယ်။

နေထူးနိုင်ကရေနံချောင်းမှာအောက်ဆီဂျင်စက်ရုံထောင်ချင်ရင်မြေနေရာအခမဲ့အငှားအလှူပေးပါ့မယ်ခင်ဗျာဆိုပြီးတော့သူရဲ့လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့်ရေးသားဖော်ပြထားပါတယ်။

Credit