Local News

“ တစ်နေ့စာ ချက်စားဖို့ မရှိရင် ကျွန်တော်ဆီ ဖုန်းဆက်ပါဆိုတဲ့ လူငယ်လေး”

“ တစ်နေ့စာ ချက်စားဖို့ မရှိရင် ကျွန်တော်ဆီ ဖုန်းဆက်ပါဆိုတဲ့ လူငယ်လေး”

နေ့ဖို့ညစာ အခက်ခဲ ဖြစ်သော မိသားစုများ တကယ် မရှိတဲ့သူတွေ အတွက်သာ ရည် ရွယ်ပါတယ် ။ နေ့ဖို့ညစာ အခက်ခဲ ဖြစ်သော မိသားစုများ အဖေမေ အလုပ်ကပြန်လာမှဆန်ဆီ ဝယ်စားရသောမိသားစုများ တကယ်ကိုထမင်းတစ်နပ်စာအတွက် အခက်ခဲဖြစ်နေသောမိသားစုဝင်များအတွက် ရည် ရွယ်ပြီး အခြေ ခံစားသောက်ကုန်များဖြစ်တဲ့ ဆန် ဆီ ဆား ငပိ များကိုfood box တွင် ထည့်ထားခဲ့ပါပြီ

လက်ရှိ ကိုဗစ်ကာလကို အဓိက ထားပြီး food boxထားပေးတာပါ အကောင်းဆိုးကတော့ ဒွန်တွဲနေစမြဲပါပဲလူတိုင်းမှာ လောဘဆိုတာ ရှိကြပါတယ် လိုအပ်လို့လာယူတဲ့သူတွေကိုလဲ တစ်ဦးလျှင် ဆန်တစ်ထုပ်ဆီ တစ်ဗူး သာယူကြဖို့ food box နားကနေပြီးဦးလေးတစ်ယောက်ကလဲ လမ်းညွန်ပေးနေသလိုကျွန်တော် ကိုယ်တိုင်ကလဲ လမ်းညွန်မူတွေ ပေးသွားမှာဖြစ်ပါတယ်

ရည်ရွယ်ချက် ကတော့ တစ်ခုတည်းပါတကယ် မရှိတဲ့သူတွေ အတွက်သာ ရည် ရွယ်ပါတယ်ကုသိုလ်ရေး လုပ်တာမို့ ကုသိုလ်ရေးပဲတွေးရပါမယ်လို အပ်လို့ယူမယ်ဆို ဘယ်သူယူယူ ယူလို့ရပါတယ်ဗျာ

ကျွန်တော့်အလှူရှင်တွေကလဲ ကိုမွန်မြတ် စလိုက်ပါလှူပါ့မယ် ဆိုပြီး အလှူရှင်တွေရဲ့ထောက်ခံမူရောမရှိတဲ့ သူတွေ အတွက် လုပ်ပေးချင်တဲ့ ဆန္ဒပြင်းပြတာရောမို့ ဒီ food box လေးလုပ်ဖြစ်သွားတာပါခုံရိုက်တာရော ဆန်ဆီရော ကျွန်တော် အိပ်စိုက်ပြီးလှူပေးထားပါတယ်ရေ ရှည် သွားမယ့် စီမံကိန်းလေးမို့ အကန့်သတ်ထားပြီး

ကျွန်တော့်အနေနဲ့ နေ့စဉ် ကူညီထောက်ပံ့မူ ပေးထားမှာဖြစ်ပါတယ် မုံရွာမြို့ပေါ်မှ နွမ်းပါးမိသားစုဝင်များထမင်းတစ်နပ်စာအတွက် အခက်ခဲ ဖြစ်နေသူများအနေဖြင့် မုံရွာ မြို့ ရန်ကင်းမီးပွိုင့် ရန်ကင်းလမ်းကိုမွန်မြတ် မြေပဲဆုံဆီ လမ်းညွန်ဆိုင်းဘုတ်အောက်မှသွားယူလို့ရပါပြီခဗျာ တကယ်လို့ အဝေးကနေလာရပြီ

ဆန် ဆီ ဆား ငပိ မရှိတော့ရင် စာအုပ်လေးနဲ့ ဘောပင်လေးထားထားပါတယ် စာရေးထားခဲ့ပါနော် နေရပ်လိပ်စာအပြည့်စုံ ph ရှိရင် ph ပါရေးထားခဲ့ပါတကယ်မပြည့်စုံ အခက်ခဲ ဖြစ်နေရင် လိုအပ်သလိုကူညီမူပေးသွားပါမယ်ဗျာ

အထူးမေတ္တာရပ်ခံချင်တာလေးတစ်ခုက မလိုအပ်ရင်မယူနဲ့ လိုအပ်လို့ယူရင်လဲ စည်းကမ်းလေးနဲ့ယူနေ့တိုင်းထားပေးမှာ ဆိုပေမယ့်လိုအပ်တဲ့နေမှသာလာယူ အခက်ခဲဖြစ်မှသာလာယူမနက်ဖြန် ကိုယ်က အခက်ခဲမဖြစ်ဆိုရင် တခြားအခက်ခဲဖြစ်တဲ့သူလာယူပါစေဆိုတဲ့စိတ်လေးထားပေးမိမိစိတ်ကိုယ်မိမိလိမ်လို့မရဘူးနော် ကိုယ်ချင်းစာ တရားရှိပါစေ သင်၏လောဘသည် သင်၏ သိက္ခာကိုညိုးနွမ်းစေလိမ့်မည်

မေတ္တာ ဖြင့် ကိုမွန်မြတ်09 7930 35326

Unicode








