Celebrity

ကိုဗစ်ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်စေဖို့ သူမကိုယ်တိုင် လိုက်နာကျင့်သုံးနေတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြလာတဲ့ အေးမြတ်သူ

လက်ရှိ အချိန်တွင် ကိုဗစ်ရောဂါကူးစက်နှုန်းဟာ အတော်လေးကို မြန်ဆန်နေတဲ့အတွက် ကျန်းမာအောင် ဂရုတစိုက်နေထိုင်ရမယ့်ကာလဖြစ်ပါတယ်။ အနုပညာရှင်များကလည်း ပရိသတ်တွေ ကျန်းမာစွာ နေထိုင်နိုင်ရန်အတွက် သူတို့ လုပ်ဆောင်နေတဲ့ လေ့ကျင့်ခန်းတွေကို လူမှုကွန်ယက်များမှတစ်ဆင့် ဝေမျှပေးနေတာ ဖြစ်ပါတယ်။

မကြာသေးခင် ရက်ပိုင်းလောက်ကလည်း သရုပ်ဆောင် အေးမြတ်သူရဲ့ Facebook Page တွင် ကိုဗစ်ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲမဝင်ရောက်စေဖို့ သူမကိုယ်တိုင် လိုက်နာကျင့်သုံးနေတဲ့ နည်းလမ်းကောင်းလေးတွေကို ပြောပြလာတာ ဖြစ်ပါတယ်။

ကိုယ်နေတဲ့ အခန်းနဲ့ အိပ်တဲ့ အခန်းများကို လေဝင်လေထွက်ကောင်းအောင်နဲ့ နေရောင်ခြည်ရအောင် ပြတင်းပေါက်တံခါးတွေ ဖွင့်ထားဖို့ လိုအပ်ပါတယ်။ တိုက်ခန်းအပိတ်ဆိုပါက နောက်ဖေးမီးဖိုချောင်တံခါးနဲ့ အိမ်ရှေ့ဝရံတာတံခါးများအား ဖွင့်ထားရပါမယ်။

မနက်ခင်နိုးတိုင်း နေရောင်ခြည်အောက်မှာ အချိန်ရနိုင်သလောက်နေပေးရင်း အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပေးရပါမယ်။ အာဟာရဖြစ်စေမယ့် အစားအသောက်များကိုလည်း စားသောက်ခြင်းဖြင့်လည်း ရောဂါမဖြစ်အောင် ကာကွယ်လို့ ရပါတယ်။

မိတ်ဆွေသူငယ်ချင်း အချင်းချင်း စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် စကားတွေကိုလည်း မကြာခဏ ပြောပေးသင့်ကြောင်းကိုလည်း အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ ” ရယ်စရာလေးတွေ ..ရှာဖွေကြည့်မယ်.။သူငယ်ချင်းတွေ နဲ့ ပျော်စရာအကြောင်းတွေပြန်ပြောမယ်..နေမကောင်းတဲ့ သူငယ်ချင်း ကို ရယ်စရာနဲ့ ပျော်စရာတွေ ဖုန်းထဲကပြောပေးရင်း စိတ်ဓာတ်ခွန်အားပေးမယ် အိပ်ရေးဝဝအိပ်ကြမယ်…အားလုံးအားလုံးနေကောင်းကျန်းမာကြပါစေရှင်..” ဆိုပြီး ရေးသားထားပါတယ်။

ပရိသတ်များကလည်း မှန်ကန်စွာ နေထိုင်ရမယ့် နည်းလမ်းကောင်းများကို ဝေမျှပေးတဲ့ မမြတ်လေးကို ကျေးဇူးတင်နေကြတာ ဖြစ်ပါတယ်။ အားလုံးလည်း ဗဟုသုတရရှိစေဖို့အတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Zawgyi Fontဖြင့်ဖတ်ရန်

လက္ရွိ အခ်ိန္တြင္ ကိုဗစ္ေရာဂါကူးစက္ႏႈန္းဟာ အေတာ္ေလးကို ျမန္ဆန္ေနတဲ့အတြက္ က်န္းမာေအာင္ ဂ႐ုတစိုက္ေနထိုင္ရမယ့္ကာလျဖစ္ပါတယ္။ အႏုပညာရွင္မ်ားကလည္း ပရိသတ္ေတြ က်န္းမာစြာ ေနထိုင္ႏိုင္ရန္အတြက္ သူတို႔ လုပ္ေဆာင္ေနတဲ့ ေလ့က်င့္ခန္းေတြကို လူမႈကြန္ယက္မ်ားမွတစ္ဆင့္ ေဝမွ်ေပးေနတာ ျဖစ္ပါတယ္။

မၾကာေသးခင္ ရက္ပိုင္းေလာက္ကလည္း သ႐ုပ္ေဆာင္ ေအးျမတ္သူရဲ႕ Facebook Page တြင္ ​ကိုဗစ္ေရာဂါပိုးေတြ ခႏၶာကိုယ္ထဲမဝင္ေရာက္ေစဖို႔ သူမကိုယ္တိုင္ လိုက္နာက်င့္သုံးေနတဲ့ နည္းလမ္းေကာင္းေလးေတြကို ေျပာျပလာတာ ျဖစ္ပါတယ္။

ကိုယ္ေနတဲ့ အခန္းနဲ႔ အိပ္တဲ့ အခန္းမ်ားကို ေလဝင္ေလထြက္ေကာင္းေအာင္နဲ႔ ေနေရာင္ျခည္ရေအာင္ ျပတင္းေပါက္တံခါးေတြ ဖြင့္ထားဖို႔ လိုအပ္ပါတယ္။ တိုက္ခန္းအပိတ္ဆိုပါက ေနာက္ေဖးမီးဖိုေခ်ာင္တံခါးနဲ႔ အိမ္ေရွ႕ဝရံတာတံခါးမ်ားအား ဖြင့္ထားရပါမယ္။

မနက္ခင္ႏိုးတိုင္း ေနေရာင္ျခည္ေအာက္မွာ အခ်ိန္ရႏိုင္သေလာက္ေနေပးရင္း အသက္ရႈေလ့က်င့္ခန္းေတြ လုပ္ေပးရပါမယ္။ အာဟာရျဖစ္ေစမယ့္ အစားအေသာက္မ်ားကိုလည္း စားေသာက္ျခင္းျဖင့္လည္း ေရာဂါမျဖစ္ေအာင္ ကာကြယ္လို႔ ရပါတယ္။

မိတ္ေဆြသူငယ္ခ်င္း အခ်င္းခ်င္း စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္ စကားေတြကိုလည္း မၾကာခဏ ေျပာေပးသင့္ေၾကာင္းကိုလည္း အခုလို ေရးသားထားတာ ျဖစ္ပါတယ္။ ” ရယ္စရာေလးေတြ ..ရွာေဖြၾကည့္မယ္.။သူငယ္ခ်င္းေတြ နဲ႔ ေပ်ာ္စရာအေၾကာင္းေတြျပန္ေျပာမယ္..ေနမေကာင္းတဲ့ သူငယ္ခ်င္း ကို ရယ္စရာနဲ႔ ေပ်ာ္စရာေတြ ဖုန္းထဲကေျပာေပးရင္း စိတ္ဓာတ္ခြန္အားေပးမယ္ အိပ္ေရးဝဝအိပ္ၾကမယ္…အားလုံးအားလုံးေနေကာင္းက်န္းမာၾကပါေစရွင္..” ဆိုၿပီး ေရးသားထားပါတယ္။

ပရိသတ္မ်ားကလည္း မွန္ကန္စြာ ေနထိုင္ရမယ့္ နည္းလမ္းေကာင္းမ်ားကို ေဝမွ်ေပးတဲ့ မျမတ္ေလးကို ေက်းဇူးတင္ေနၾကတာ ျဖစ္ပါတယ္။ အားလုံးလည္း ဗဟုသုတရရွိေစဖို႔အတြက္ ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Crd…