Local News

တိုကျိုအိုလံပစ် အဖွင့်ပွဲစဉ်မှာ အရေးမလှခဲ့တဲ့ သက်ထားသူဇာ

ယနေ့နံနက်ပိုင်း အမျိုးသမီးတစ်ဦးချင်း တိုကျိုအိုလံပစ် အဖွင့်ပွဲစဉ်မှာ အရေးမလှခဲ့တဲ့ သက်ထားသူဇာ

ယနေ့နံနက် အစောပိုင်းက ယှဉ်ပြိုင်ခဲ့သော၂၀၂၀ တိုကျို အိုလံပစ် အမျိုး သမီးတစ်ဦး ချင်းကြက် တောင်ပြိုင်ပွဲ အုပ်စု အဆင့် ပွဲစဉ်တွင် မြန်မာကြက်တောင်အား ကစားမယ် သက်ထား သူဇာ သည် အဖွင့် ပွဲစဉ်၌ လက်ရှိ ကမ္ဘာ့အဆင့် (၂၃)နေရာ၌ ရပ်တည် နေသော အင်ဒိုနီး ရှား နိုင်ငံသူ မာရီစကာကို (၂၁-၁၁၊ ၂၁-၈) မှတ်တို့ဖြင့် (၂)ပွဲပြတ်ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။

သက်ထားသူဇာ သည် အုပ်စု ဒုတိယ ပွဲစဉ်အဖြစ် ကမ္ဘာ့အဆင့် (၃၈)နေရာတွင် ရပ်တည်နေသည့် ဘယ်လ်ဂျီယံ နိုင်ငံသူ လိုင်နီ တန်နှင့် ဇူလိုင် (၂၇)ရက်နေ့တွင် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

အိုလံပစ် ပြိုင်ပွဲ ကျင်းပသည့် ပုံစံအရ အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် အုပ်စု ထိပ်ဆုံးနေရာ၌ ရပ်တည် နိုင်သူ တစ်ဦးသာ နောက်တစ်ဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

Photos: AFP

Zawgyi





Photos: AFP