Celebrity

အဆိုတော် ဗီဗာဟိန်းရဲ့ ဖခင် အဆိုတော်ကြီး ဗိုလ်ဟိန်း ကွယ်လွန်







RIP

အဆိုတော် ဗီဗာဟိန်းရဲ့ ဖခင် အဆိုတော်ကြီး ဗိုလ်ဟိန်း ကွယ်လွန်သည်ဆိုသောသတင်း

ယနေ့ နံနက် ၃ နာရီက ကွယ်လွန်သွားတာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ ၇၄ နှစ်ရှိပြီဖြစ်ပါတယ်။

ဗိုလ်ဟိန်းရဲ့ သီချင်းတွေ အများကြီးထဲမှာ “ယူချင်ဦးဟ မိန်းမ” ဖွတ်ထွက်မှ တောင်ဘို့မှန်းသိ” စတဲ့ သီချင်းတွေဟာ နိုင်ငံကျော်တဲ့အထိ ထင်ရှားခဲ့ပါတယ်။

“ဗီဗာ့ရဲ့ဖေကြီးနိုင်ငံကျော်အဆိုတော်ဗိုလ်ဟိန်း ခေါ် ဦးသန်းဦး အသက်ရ၄နှစ် ဒီနေ့မနက်၃နာရီမှာ ကွယ်လွန်အနိစ္စရောက်သွားပါတယ်

ဖေကြီးရေကောင်းရာမွန်ရာဘုံဘဝရောက်ပါစေ ဖြစ်လေရာဘဝဆက်တိုင်းဒီလိုကပ်ဆိုးကြီးမှဝေးပါစေအဖေရေ

အဖေ့ကိုသမီးအရမ်းချစ်တယ်သမီးရင်တွေကွဲပါပြီအဖေ” ဆိုပြီး ဗီဗာဟိန်းက ဝေမျှထားပါတယ်။

သူသီဆိုထားတဲ့ သီချင်းလေးတစ်ပုဒ် နားဆင်ရင် လွမ်းမောနိုင်ကြပါစေ….