Celebrity

ဖခင်အတွက်အောက်ဆီဂျင်လို နေလို့ အပြင်ထွက်ရှာနေတုန်း အသက်တောင်မမှီလိုက်တဲ့ အကြောင်း ဝမ်းနည်းစွာပြောလာတဲ့ လပြည့်

ပရိတ်သတ်ကြီးရေ….MRTV -4 မှထုတ်လွှင့်ပြသတဲ့ ဇာတ်တွဲများစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသားချောလပြည့်ဟာဆိုရင် ပီပြင်ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်တွေနဲ့ကျရာဇာတ်ရုပ်တိုင်းမှာ လှလှပပသရုက်ဆောင်နိုင်တဲ့အတွက် ပရိတ်သတ်အားပေးမှုကိုအပြည့်အဝရရှိထားတာပဲဖြစ်ပါတယ်နော်။လပြည့်က နိုင်ငံရေးအခြေအနေမှာဆိုရင်လည်း ပြည်သူတွေနဲ့အတူ လမ်းမပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ပြည်သူနဲ့တသားတည်းရပ်တည်ခဲ့တာပဲဖြစ်ပ ါတယ်နော်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ် 19 ရောဂါကပ်ဆိုးကြီးဟာ နေရာအနံ့ကူးစက်ပျံံ့နှံ့နေတာဖြစ်ပါတယ်နော်။ကိုဗစ်ရောဂါကြောင့် ကွယ်လွန်သွားတဲ့ သူတွေလည်းများစွာရှိတဲ့အထဲမှာ ဒီကနေ့မှာဆိုရင်လည်း သရုက်ဆောင်လပြည့်ရဲ့ဖခင်ဟာ ကိုဗစ်ရောဂါကြီးကို မလွန်ဆန်နိုင်ပဲ ကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါ တယ်နော်။

အကောင်းဆုံးကြိုးစားခဲ့ပေမယ့်လည်း ဖခင်ရဲ့အသက်ကိုရအောင်မကယ်လိုက်နိုင်လို့ လပြည့်တစ်ယောက် ယူကြုံးမရဖြစ်လို့နေရှာပါတယ်နော်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ လပြည့်က” အဖေ့အတွက်အောက်စီဂျင်လိုမှာစိုးလို့ ပတ်ရှာတာအဖေ့အသက်ကိုတောင်မမှီလိုက်ဘူး ဆိုြ့ပီးပြောလာခဲ့တဲ့အပြင် ဓာတ်ပုံရိုက်ရမှာ အရမ်းကြောက်တာ အဖေပုံလေးတွေခိုးရိုက်ရတယ် အမေနဲ အဖေဆုံးတာတတနှစ်ကျော်ပဲ ကွာတယ်ဆုံးတာတောင်တချိန်တည်း နော်သားတို့ ထားခဲ့တာ အမေနဲ့ အဖေ ရက်စက်လိုက်တာ ” ဆိုပြီး ဝမ်းနည်းကြေကွဲစွာနဲ့ပြောပြလာတာပဲဖြစ်ပါတယ်နော်။မိသားစုနဲ့ထပ်တူဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လပြည့်ရယ်။အန်ကယ်ကြီးလည်းကောင်းရာမွန်ရာဘုံဘဝသို့ရောက်ရှိပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်။ပရိတ်သတ်ကြီးကလည်း လပြည့်အတွက်အားပေးစကားလေးပြောခဲ့ပါအုံးနော်.။ဖတ်ရှုပေးတဲ့ Celebrity Platforms ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါ တယ်။

Source ; La Pyae (လပြည့်) Facebook Acc
Credit ; Celebrity Platforms