Celebrity

သူပိုင်ဆိုင်တဲ့မြေကွက်ကိုပြည်သူ့အတွက်ပေးသုံးလိုက်တဲ့ဇာဇာထက်

သူပိုင်ဆိုင်တဲ့မြေကွက်ကိုပြည်သူ့အကျိုးပြုလုပ်ငန်းတွေအတွက်   အသုံးပြုခွင့်ပေးမယ်ဆိုတဲ့ ဇာဇာထက်ပရိသတ်ကြီးရေ မော်ဒယ်လ်

ဇာဇာထက်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။ ဇာဇာထက်ကတော့ ဒီနေ့မှာ

သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဒီကာလပြည်သူတွေအတွက် အကျိုးရှိမယ့် လုပ်ငန်းစဉ်တွေလုပ်ဆောင်မယ်ဆို သူ့ပိုင်ဆိုင်တဲ့ မြေကို

အခမဲ့အသုံးပြုခွင့်ပေးသွားမယ်လို့ ဖော်ပြလာခဲ့ပါတယ်။အခုကာလမှာ ကိုဗစ် တတိယလှိုင်းကြောင့် ပြည်သူတွေအတွက်

အောက်စီဂျင်ရရှိရေးတဲ့ ကူးစက်ခံရတဲ့ ပြည်သူတွေအတွက် ကွာရာတင်းစင်တာတွေ   လိုအပ်နေတာကြောင့် သူပိုင်ဆိုင်တဲ့ မြေကွက်မှ

ာ အောက်စီဂျင်စက်ရုံဖြစ်ဖြစ် ကိုယ်ထူကိုယ်ထ Q စင်တာဖြစ်ဖြစ် လုပ်မယ်ဆိုရင် “သန်လျင်သဘာဝတရားရိပ်သာအကျော်မှာ

ကျွန်မပိုင်ဆိုင်တဲ့ပေ(၂၀) (၆၀) မြေကွက်သုံးကွ  က်တွဲရှိပါတယ်။ တကယ်လို့ အောက်ဆီဂျင်အတွက်ပဲဖြစ်ဖြစ် ကိုယ်ကိုယ်ထ

Q center လုပ်ချင်တာပဲဖြစ်ဖြစ် ဒီကာလမှာ အကျိုးရှိအောင်ကူညီချင်လို့ ကျွန်မမြေကွက်ကိုခဏငှားသုံးပါ။ ယူသုံးပါ။ ပိုက်ဆံတစ်

ပြားမှပေးစရာမလိုပါဘူး။ဒါပေမဲ့အကြံအဖန်သမားတော့မငှားပါဘူးရှင် ခိုင်လုံတဲ့အချက်အလက်တွေပြနိုင်တဲ့သူ တကယ်ကူညီမဲ့သူဆိုရင်

အချိန်မရွေးဆက်သွယ်ပါ။ မှတ်ချက်-မီးမရှိတော့ မီးစက်တော့လိုပါလိမ့်မယ်ရှင့်” ဆိုပြီးတော့ အခမဲ့ အသုံးပြုခွင့် ပြုကြောင်

း ဖော်ပြထားခဲ့တာပါ။ CeleCity ပရိသတ်ကြီးရေ ဇာဇာထက်ရဲ့ ဒီကာလမှာ   တတ်နိုင်သလောက် အကျိုးရှိအောင် ကူညီချင်တဲ့

စိတ်ထားလေးနဲ့ ကူညီမှုကတော့ တကယ်ကို လေးစားချီးကျူးထိုက်ပါပေတယ်နော်။

Source – Zar Zar Htet