စစ်ကောင်စီ လက်အောက်ခံတပ်နဲ့ရဲတပ်ဖွဲ့ဝင်များ ပြည်သူထံလက်နက်ချခဲ့

အာဏာသိမ်းပြီးတဲ့နောက် အာဏာဖီဆန်တဲ့အနေနဲ့ တပ်ကနေ ထွက်ပြေးလာသူ ၈၀၀ ကျော်ရှိတယ်လို့ ဇွန်လကထွက်ပြေးလာသူ အမှတ် ၁၄ စစ်မြေပြင်ဆေးတပ်ရင်းက ခွဲစိတ်ပါရဂူ ဗိုလ်ကြီးမင်းမောင်မောင်က ပြောထားကြောင်း သတင်းတွေမှာ တွေ့ရပါတယ်။

ရခိုင်ပြည်နယ်ရှိ ရဲကင်းတစ်ခုပုံ

ယခုလည်း စကစလက်အောက်ခံတပ်နဲ့ရဲတပ်ဖွဲ့ဝင်များ ပြည်သူထံလက်နက်ချခဲ့ကြောင်း သိရပါတယ်။

ပြည်သူ့ဘက်ရပ်တည်ခဲ့သူ ဗိုလ်ကြီးထွန်းမြတ်အောင်က သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ အခုလိုတင်ထားပါတယ်။

ဒါ ကျနော် တနေ့ကပြောတဲ့ သတင်းကောင်းဆိုတာပါ။

“ အရာရှိဦးစီး စကစတပ်ဖွဲ့တစ်ဖွဲ့နဲ့ တွဲဖက်ထားတဲ့ ရဲကင်းစခန်းတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်လိုက်တာပါ။

@Tun Myat Aung

သွေးမြေတစက်မကျဘဲ စခန်းမှူးကိုယ်တိုင်ဦးဆောင်ပြီး အသာတကြည်အညံ့ခံခဲ့တာပါ။ ဒီစခန်းဟာ ဒေသခံပြည်သူလူထုနဲ့ ချစ်ကြည်ရင်းနှီးမှုရှိပြီး စစ်တပ်အာဏာသိမ်းပြီးတာတောင် အခင်အမင်မပျက်ခဲ့ကြပါဘူး။

ဝေးလံခေါင်ဖျားတဲ့ အရပ်ကို ပို့ခံထားရတဲ့စခန်းတွေရဲ့ ထုံးစံအတိုင်း တပ်ရဲ့အထောက်အပံ့ မရတလှဲ့ရတလှဲ့ကိုမှ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်လာတော့ လမ်းကြောင်းလုံခြုံရေးအကြောင်းပြပြီး နှစ်လလောက် အငတ်ထားပြန်တယ် ပြောပါတယ်။

စစ်ဆင်ရေးအတွေ့အကြုံနဲ့ အရာရှိသက်ရင့်ပြီးဖြစ်တဲ့ စခန်းမှူးက ပြန်ခုခံတိုက်ခိုက်ဖို့ ဆုံးဖြတ်ရင် တိုက်မယ့်သူတွေကလည်း အတော်ခံရဖို့ရှိပါတယ်။

ဗိုလ်ကြီး ထွန်းမြတ်အောင်

ဒါပေမယ့် စခန်းမှုးနဲ့ ရဲဘော်တွေက တပ်မတော်နဲ့ ပြည်သူနှစ်ခုထဲက ပြည်သူကို ပိုချစ်လိုက်ကြပါတယ်။

သတင်းအသေးစိတ်ကိုတော့ သက်ဆိုင်ရာပေ့ခ်ျတွေ သတင်းဌာနတွေက ကာယကံရှင်တွေနဲ့ တာဝန်ရှိသူတွေရဲ့ ကွန်းဆန့်ယူပြီး တင်လာကြပါလိမ့်မယ်။ ဒီအရာရှိစစ်သည်တွေကို စီဒီအမ်စာရင်း သွင်းသင့် မသွင်းသင့် အကြံပြုပေးကြပါ‌ဦး။ ”

ဗိုလ်ကြီး ထွန်းမြတ်အောင် သည် လုပ်သက် ၈နှစ်ရှိပြီး တပ်မ ၇၇ မှ ဖြစ်ကာ ရှမ်းမြောက်ကရှေ့တန်းမှာ ထွက်ပြေးလွတ်မြောက်၍ CDM ဝင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။