Local News

တိုင်းပြည်နဲ့အမေစုရဲ့ ကံဇာတာဟာ သြဂုတ်လမှာပြန်တက်လာပါပြီ

ချစ်သောသူများ

တိုင်းပြည်နဲ့အမေစုရဲ့ ကံဇာတာဟာ သြဂုတ်လမှာပြန်တက်လာပါပြီ။ရက်အနည်းငယ်လောက် တောင့်ခံရကြရအောင်ပါနော်။

ဒီရက်တွေမှာ ကျမအနေနဲ့မြန်မာပြည်ရဲ့ ဇာတာ၊ဒေါ်အောင်ဆန်းစုကြည်ရဲ့ဇာတာနဲ့ အချို့တွေရဲ့ဇာတာတွေကို ကြည့်လိုက် ဇူလိုင်လနဲ့ သြဂုတ်လတွေအပေါ်မှာနဝင်းစီးရာသီ၊ နက္ခတ်စီးနဲ့ပိုင်စိုးနေတဲ့ ဂြိုလ်တွေကို ကြည့်နေမိပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၃၁ လကုန်ထိဟာ စနေဂြိုလ်ပိုင်စိုးထားတဲ့ အချိန်ကာလဖြစ်တဲ့အတွက်အတော်လေးကြမ်းတယ်လို့ ဆိုရမှာပါ။ သြဂုတ်လ ၃ ရက်နေ့က ၁၄ ရက်နေ့ထိဟာ ဗုဒ္ဓဟူးဂြိုလ် ပိုင်စိုးတဲ့ ကာလကို ရောက်သွားတဲ့အတွက် ကောင်းတဲ့အခါကို ပြန်ရောက်ပါတယ်။

သြဂုတ်လ ၁၉ ရက်ကျော်ရင် အမေစုဟာလည်း ကောင်းတဲ့ဘက်ကို ရောက်သွားပြီး စက်တင်ဘာ ၁၉ ရက်ကျော်ရင်တော့ အမေစုစာ ကောင်းတဲ့အခါကို လုံးလုံးရောက်သွားတဲ့ကာလ ဖြစ်ပါပြီ။

ဇူလိုင် ၃၁ ရက်နေ့ကတော့ အတော်လေးဆိုးတဲ့ရက်လို့ ထပ်တွေ့ထားလို့ ဒီစာကိုရေးထားပါ။ အဲဒီနေ့ဟာ စနေဂြိုလ်ပိုင်စိုးတဲ့အပြင် ဗြိစ္ဆာနဝင်းစီးပါတယ်။ ရက်စက်သောစစ်အာဏာရှင်နဝင်းကျနေပါတယ်။ စကစတွေသောင်းကျန်းနိုင်တဲ့ ကာလပါ။ သတိ၊ဉာဏ်ပညာရှိပေးကြပါ။

ဆက်ပြီးတော့မြန်မာပြည်ရဲ့ကံဇာတာကိုလေ့လာကြည့်တဲ့အခါမှာ မြန်မာပြည်ရဲ့ဇာတာကလည်းအကောင်းဘက်ကို ရောက်ရောက်လာပါပြီ ခက်တာက ဒီမိုကရေစီအစိုးရ အုပ်စိုးမှသာ သက်သာတဲ့ဇာာတာမျိုးပါ

ပြဿနာပေါင်းသောင်းခြောက်ထောင်ရှိတဲ့ တိုင်းပြည်ဖြစ်တဲ့အပြင် အင်္ဂါအားကောင်းတဲ့ ဇာတာဖြစ်နေတာကြောင့် မေတ္တာနဲ့ မအုပ်ချုပ်နိုင်ရင် ဆင်းရဲဒုက္ခများမဲ့ အခြေအနေမျိုးဟာ ကျန်ရှိနေပါသေးတယ်။တိုင်းပြည်ရဲ့ဇာတာဟာ ဗုဒ္ဓဟူး၊စနေထဲရောက်နေတာဖြစ်တဲ့အတွက်ကြောင့်ပါ။

ကြီးကြီးစုရဲ့ဇာတာက ဗုဒ္ဓဟူးကသစ်ရထားပြီးရာဟု ဥစ်ရထားတဲ့အတွက် ကောင်းမွန်စွာ စီမံခန့်ခွဲအုပ်ချုပ်နိုင်တာကို တွေ့ရပါတယ်။စနေဟာလည်း ကြီးကြီးအတွက်အညံ့မရှိတာမို့ စီမံအုပ်ချုပ်နိုင်တယ်လို့ ဆိုရတာပါပဲ။ပြောချင်တာ

ဒီနေရာမှာ ကြီးကြီးစုရဲ့ ကံဇာတာကို ထပ်ခါထပ်ခါတွက်ရင်း ပြောချင်တာက ၇၆ နှစ် ပြည့်ပြီး နောက် ၂ လပိုင်းကနေ ၇၇ နှစ် ပြည့်ပြီးနောက် ၂ လပိုင်းထိ ကိတ်ကြာသပတေးဖြစ်သွားပါပြီ။

ပြောရရင်တော့ သြဂုတ်လ ၁၉ ရက်နေ့ကစပြီး စက်တင်ဘာ ၁၉ ကျော်သွားတာနဲ့ ကြီးကြီးဟာကောင်းတဲ့ဘက်ကို လုံးလုံးကြီးပြောင်းသွားပါပြီ။

နားလည်လွယ်အောင် ပြောရမယ်ဆိုရင်တော့ ကြီးကြီးစုဟာ ကြာသပတေးကသစ်ရထားပါတယ်။အဲဒီလို ကြာသပတေးအားကောင်းလှတဲ့အတွက် ဘာသာရေးလုပ်ရင် လုပ်သလောက်ဘုန်းကံတိုးတက်ပါတယ်။

ကြာပတတေးအားကောင်းလှတဲ့အတွက် ပညာရေး ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားသိပ်ကောင်းပါတယ်။ အမျှော်အမြင်ရှိတယ်။ ခြေလှမ်းတိုင်းကို ဉာဏ်ပညာနဲ့ သွားတဲ့ ဇာတာမျိုးပါ။

ကြီးကြီးဟာ အဖမ်းခံရတဲ့အခါတိုင်း ဝိပဿနာအားထုတ်ဖို့အချိန်တွေပိုပိုရလာခဲ့ပါတယ်။ ကြီးကြီးစုဟာ ဝိပဿနာသမားဖြစ်ပါတယ်။

ဝိပဿနာသမားတွေကို အစီရင်တွေ အောက်လမ်းတွေ ယတြာတွေ လုပ်ပေးလို့်မရပါဘူး။ သူတို့ရဲ့ ဘုန်းကံကြောင့်ပါ။ဒါကြောင့် ကြီးကြီးစုကို မေတ္တာပို့ ဆုတောင်းခြင်းကိုပဲ ပြုလုပ်ပေးရင်ရပါတယ်။

နောက် ကြီးကြီးစုဟာ အင်္ဂါလည်း ကသစ်ရထားပါတယ်။

အင်္ဂါလည်းအားကောင်းတဲ့အတွက် သတ္တိကောင်းတယ်။ရဲရင့်တယ်။ စစ်ရေးဗျူဟာကျွမ်းကျင်ပါတယ်။ ကြီးကြီးစုရဲ့ဇာတာအရ တပ်မတော်က ကြီးကြီးကိုဖမ်းဆီးချုပ်နှောင်ရုံအပြင် သူတို့တတ်နိုင်တာ မရှိပါဘူး။ စစ်ရေးကို နိုင်နင်းစွာကိုင်တွယ်နိုင်တဲ့ဇာတာမျိုးပါ။

နောက်တစ်ချက်ကတော့ ဗုဒ္ဓဟူး ကသစ်ရထားပြီး ရာဟု ဥစ်ရထားတဲ့ ဇာတာရှင်ပါ။ ရှားပါးပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ဗုဒ္ဓဟူးဂြိုလ်စီးနေတဲ့ကာလတိုင်းမှာ ကြီးကြီးအတွက်လည်းကောင်းမွန်ပြီး သူဟာ အလုပ်လုပ်ပေးနိုင်ပါတယ်။

မကြာခင်မှာ တိုင်းပြည်အတွက် ကြီးကြီးစုဟာ အလုပ်လုပ်ရင်း ကယ်တင်ခြင်းနဲ့ ရှင်သန်ခြင်း အလုပ်တွေကို သြဂုတ်လကျော်တာနဲ့ ပြန်လုပ်ခွင့်ရပါလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

ပြီးတော့ ကြီးကြီးစု ဟာ နဝင်းဇာတာမှာ ကံကြာပေါက်ဖြစ်ပါတယ်။ကံကြာပေါက်ဆိုတာ ဘယ်လိုအဆိုးမျိုးတွေပဲကြုံကြုံ ရှင်သန်ထမြောက်နိုင်တဲ့ ဇာာတာမျိုးပါ။ ဒါ့အပြင် အတွေးအခေါ်နဲ့ဉာဏ်ပညာဟာ ဘယ်သူမှ မယှဉ်နိုင်ပါဘူး။

ဒါ့အပြင် ရာသီနဲ့နဝင်းဇာတာတွေအားလုံးကိုခြုံပြီးပြောရရင်တော့ စန်းအားလည်းကောင်းတယ်၊။ အကျိုးရှိတဲ့စကားကိုပဲ ပြောတတ်တယ်လို့ ဇာတာမျိုးလို့ ဆိုနိုင်ပါတယ်။ပြည်သူရဲ့ ချစ်မြတ်နိုးမှုကို ရရှိထားသလို၊ပြည်သူကိုလည်း ရင်ဝယ်သားလိုချစ်ခင်တဲ့ဇာတာရှင်လို့လည်းပြောလို့ရပါတယ်။
ခုလိုအချိန်အခါမှာ ကြီးကြီးကိုဖမ်းဆီးချုပ်နှောင်ထားတဲ့အတွက် ဝိပဿနာပိုလုပ်ခွင့်ရတယ်။

ဘုန်းတန်ခိုးတိုးတက်လာစေတယ်။ အကုသိုလ်တွေကင်းနေတယ်။ မွေးနေ့ကနေ ရက်ပေါင်း ၆၀ကျော်တာနဲ့ အညံ့ကနေ လွတ်သွားမယ်။ ကြီးကြီးဟာ အသက် ၈၇ နှစ်ထိ မြန်မာပြည်အတွက် အလုပ်လုပ်ပေးနိုင်ဦးမယ်။ အသက် ၉၀ ကျော်ထိ အသက်ရှည်နိုင်တာကို တွေ့ရပါတယ်။

ခြုံပြီးပြောရရင်တော့ သြဂုတ်လ ၃ ရက်ကစပြီး ခုလောက်တိုင်းပြည်ရဲ့ အခြေအနဟာ မဆိုးတော့ပါဘူး။လာမဲ့ သြဂုတ်လ မှာ အဆိုးတွေအားပျော့သွားပြီး ကောင်းတာတွေပြန်ဖြစ်လာပါမယ်။

ပြောချင်တာကတော့ ချစ်သောသူများ ကျန်နေသေးတဲ့ ဇူလိုင် ရက်တွေကို တောင့်ခံထားပြီး ရက်ဆိုးတွေကို အနိုင်ယူကာ ကျော်ဖြတ်ကြရအောင်ပါ။

ဒီကာလကိုတော့ ဘာသာရေးတိုးလုပ်ပါ၊ကူညီကယ်ဆယ်ရေးတွေများများလုပ်ရင်း၊ ကျန်းမာအောင် ကိုယ့်ကိုယ်ကိုရော မိသားစုကိုပါ ဂရုစိုက်ရင်း ဖြတ်သန်းကြရအောင်ပါ။ ဘာသာရေးတစ်ခုတည်းနဲ့ မရတဲ့ကာလမို့ ကူညီကယ်ဆယ်ရေးကိုပါ တွဲလုပ်စေချင်ပါတယ်။ ကိုယ်ကူတာ ကိုယ်ပြန်ရတဲ့ကာလပါပဲ။

ချစ်သောသူများအားလုံး ဘေးကင်းကျန်းမာကြပါစေ။

မေတ္တာဖြင့်

May Thingyan Hein-Myitmakh