Local News

မဟာဗောဓိမြိုင် ဆရာတာ်ဘုရားကြီး၏ အံ့ဖွယ် ခြေရာတော်

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ဉေယျဓမ်တောရတွင် သီတင်းသုံးတော်မူသော အနန္တကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး၏ သက်တော်(၈၀)ပြည့်မွေးနေ့ ပူဇာ သံဃာ့ပူဇော်ပွဲကျင့်ပခဲ့ကြောင်း သိရပါတယ်။

ဆရာတော်နှင့် ရဟန်းသာမဏေများ စုစုပေါင်း သံဃာတော် ၄၅၀ ကျော်တို့အား ဒုကုဋ်သင်္ကန်း သင်္ကန်း ဒွိစုံ သပိတ် ယပ် ထီး ဘီနပ် မျက်နှာသုတ်ပုဝါ ချွေးသုတ်ပုဝါ သွားတိုက်ဆေး သွားပွတ်တံ ဆပ်ပြာခွက် ဆပ်ပြာခဲ ခရီးဆောင် အိပ် လက်ဆွဲအိပ် ဆရာတော်များအတွက် အထက်ပါပစ္စည်းများနှင့်အတူအင်ရှူးဝါးဗူး ငှက်သိုက် ကဒ် ဖယောင်းတိုင် နံ့သာတိုင် လစ်ပိုကဒ် မုန့်ပုံး တိုင်းရင်းဆေးမျိုးစုံ စာအုပ် ဘောပင် ခြုံထည် အခင်း ရှပ်ဗူးကဒ် cocacola အချိုရည်ဗူးကြီးများ ကော်ဖီမစ်ထုပ်များ နှင့်အတူ လှူဖွယ်ပစ္စည်း အစရှိသည့် အသုံးအဆောင်ပစ္စည်းမျိုးစုံတို့ကို အနန္တကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးမှ ၁၃၈၃ ခုနှစ် ဝါဆိုလဆန်း ၁၄/၁၅ ရက် ဝါဆိုလပြည့် ကျော် ၁ ရက်နေ့များတွင် မန္တလေး သာဝက ဘူးကုန်း ဝေယျာဝစ္စအဖွဲ့များနှင့်အတူ ဆက်ကပ်လှူဒါန်းပူဇော်စေခဲ့ပါကြောင်း သိရပါတယ်။

နတ်တလူသာသနာပြုစခမ်းပြန်ကြားရေး

မဟာဗောဓိမြိုင် ဆရာတော်ကြီး ဘုရားကြီးသည် အံ့ဖွယ် အမှတ် သညာ ဂုဏ်တော်ရခဲ လှသော လူ့ဘဝကို တန်ဖိုး ရှိစွာ အသုံးချ နိုင်တော်မူ သော ဆရာတော်ကြီး ဖြစ်ပါတယ်။

ကြုံရ ခဲသော မြတ်ဗုဒ္ဓ၏ သာသနာကို အမိအရ လက်ဆုပ် လက်ကိုင် မိမိ သိရှိ သွားတော် မူသော ၊ ဝိမုတ္တိသုခ အရသာကို သန္ဒိဋ္ဌိက လက်တွေ့ခံစား နိုင်လေ သော ဆရာတော်ကြီး ပါ။

မြတ်ဘုရား သာသနာတော် သည် စိတ်ကူးယဉ် ဒဏ္ဍာရီ မဟုတ် လက်တွေ့ကျ သော သာသနာတော် အဖြစ် သက်သေပြ တော်မူသော ဆရာတော်ကြီးဖြစ်ပါတယ်။

ယခုအခါ ဝိပဿနာ တရားကို အားထုပ်ရန် တွန့်ဆုတ် ၍ နေကြသော ယောဂီ သူတော်စဉ် များအား မဂ္ဂင် ရှစ်ပါး ရှိသော သာသနာတော် သည် ဘယ်သောခါ မှ အရိယာ မဆိတ်သုဉ်း ကြောင်း ဟောပြောပြသ ကျင့်ကြံ ရှေ့သွာ းပြုသော ဆရာတော်ကြီးပါ။

ကျန်သော ဂုဏ်ပုဒ် တို့ကို မ ပြော လို ပါ ဘူး ။

ဆွမ်းခံသွား ဆွမ်းခံပြန် အမှန် သညာ လေး ကို ပဲ ဖူးမျှော် ကြည် ညို ကြည့် ကြ ပါ အုံး….

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးထံ ဖူးမျှော်ရန် လာရောက်ကြသော နတ် ဗြဟ္မာများ

ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး သုဝဏ္ဏသျှမ်တောင်တော်မြတ်တွင် သီတင်းသုံးတော်မူစဉ် ကာလ ( ၁၃၅၇ ) ခုနှစ်က ဖြစ်သည် ။

ကွန်ဟိန်းမြို့နယ် ဆရာဝန် ဒေါက်တာတင်ငွေက အောက်ပါအတိုင်း အားပါးတရ ပြောဆိုခဲ့၏ ။

မဟာဗောဓိမြိုင် ဆရာတာ်ဘုရားကြီး

”တစ်ရက် ကျွန်တော် ဆရာတော်ဘုရားကြီး ရဲ့ ခြေထောက်အနာ ဆေးထည့်ပေးဖို့ တောင်ပေါ်ကိုလာတဲ့အခါ ~သာစည်က ကိုရန်လင်းတို့ အဖွဲ့လည်း ရောက်နေကြတယ်ဗျ ။ ကျွန်တော်တို့ကလည်း ဖူးမျှော်လို့ မဝတော့ ညသန်းခေါင်အထိ မပြန်နိုင်ကြသေးဘူး ။

”ဒေါက်” “ဒေါက် ” “ဒေါက်”” အဲဒီအချိန်မှာ တံခါးခေါက်သံ အတိုင်းသားကြားရတယ် ။ ဒီအချိန်ကြီးဘယ်သူမှ မလာပါဘူးလေဆိုပြီး ပေထိုင်နေ ကြတယ်ပေါ့ဗျာ ””ဒေါက်” “ဒေါက်” “ဒေါက်” တံခါးခေါက်သံထပ် ကြားရပြန်တယ် ။

ဆရာတော်ဘုရားကြီးက ~~ ” ဖွင့်ပေးလိုက်ပါ ” ဟုမိန့်တော်မူသောကြောင့် တံခါးထဖွင့်ပေးလိုက်လေရာ •••••• ဘယ်သူမှ မရှိဘဲနဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်တွေ မြင်ကြရတယ် ။ အံ့သြ မှင်တက်သွားကြတာပေါ့ဗျာ ။

တံခါးမကြီးကနေ မျှော်ကြည့်လိုက်ပြန်တော့ တစ်တောလုံး တစ်တောင်လုံး ထိန်ထိန်ညီးနေတာပဲ ။ အလင်းတန်းတွေ ဖျာထွက်နေလိုက်တာ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။

မဟာဗောဓိမြိုင် ဆရာတာ်ဘုရားကြီး

အဲဒီ အလင်းရောင်တွေ ထဲမှာ ••••• သေချ ာကြည့်လိုက်တော့ အင်မတန် ကြည်လင်နေတဲ့မျက်နှာ တချို့တွေ့ရတယ် ။ ••••••• ခန္ဓာကိုယ် ကိုတော့ မတွေ့ရဘူးဗျ ။ အလင်းရောင် တွေက မာကျူရီလျှပ်စစ်မီးရောင် လိုမျိုးပဲဗျာ ။

ဒါနဲ့ ကျွန်တော် သဘောပေါက်လိုက်တယ် ပြန်ဖို့ သင့်ပြီဆိုတာ ။ ကျွန်တော်တို့ လူသားတွေ အလှည့်ပြီးလို့ နတ်ဗြဟ္မာတွေ လာဖူးတာပဲလို့ တထစ်ချယူဆ လိုက်ပါတယ်။

ဆရာတော်ဘုရားကြီးကို ဦးချပြီး ပြန်ခဲ့ရပေမယ့် အိပ်မရတော့ဘူးဗျို့ကျွန်တော်က ဒီလို နတ်တွေ ဗြဟ္မာတွေ လာဖူးလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။

ဒါတစ်ကယ့် ကိုယ်တွေ့ပါ l မလိမ်ရဲပါဘူးဗျာ ။ ဆရာတော်ဘုရားကြီးမှာ ညအချိန်တွင်လည်း မအားရ မနားရဘူးဆိုတာ ဒီတော့မှ သဘောပေါက်တော့တယ်ဗျ ။

မဟာဗောဓိမြိုင် ဆရာတာ်ဘုရားကြီး

ဆရာတော်ဘုရားကြီးက တစ်လုပ်ထဲမှ မဟုတ်ဘဲဗျာ l လူတွေ တရားဟောအပြီး သက်ဆိုက်ရာ နတ်တွေ ဗြဟ္မာတွေကို ဆက်ပြီး တရားဟောတော်မူတယ် ဆိုတာ အခုမှသိရတော့ တာပါပဲ ။

ရှမ်းပြည်နယ်မှာ ( ၇ )နှစ်လုံးလုံးဒုက္ဓသုက္ခများနှင့် နပန်းလုံးပြီး တာဝန်ထမ်းဆောင်ခဲ့ရတဲ့အထဲမှာ ဆရာတော်ဘုရားကြီး၏ တပည့်ဖြစ်လိုက်ရတာ ဘဝမှာ တန်ဖိုး မဖြတ်နိုင်တဲ့ အမြတ်ဆုံး တစ်ခုပါပဲ ” ဟု ဝန်ခံသွားတဲ့ဒေါက်တာတင်ငွေက(TMO) ပြန်လည်ပြောပြခြင်း ဖြစ်ပါတယ်။

မဟာဗောဓိမြိုင် ဆရာတာ်ဘုရားကြီး

(မိမိစိတ်ကို မိမိထိမ်းချုပ်နိုင်သူများဖြစ်ကြပါစေ)