Celebrity

သရုပ်ဆောင် ဘဘဦးမြင့်သိန်း ကွယ်လွန်

ရုပ်ရှင်သရုပ်ဆောင် ဦးမြင့်သိန်း (အသက် ၈၇ နှစ်) ဟာ လူကြီးရောဂါကြောင့် ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်ရှိ နေအိမ်မှာ ဇူလိုင် ၂၆ ရက်၊ ည ၁၂ နာရီ ၃၈ မိနစ်အချိန်က ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဦးမြင့်သိန်းဟာ ရုပ်ရှင်ဇာတ်ကားများစွာမှာ မင်းသား ဝင်းဦး၊ ဦးအောင်လွင်၊ ညွှန့်ဝင်း၊ ကောလိပ်ဂျင် နေဝင်း စတဲ့ မင်းသားကြီးတွေနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့သူဖြစ်ပြီး၊ မင်းသား ကျော်ဟိန်း၊ ကျော်သူတို့နဲ့လည်း တွဲဖက် ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

ဦးမြင့်သိန်းဟာ “တိမ်လွှာမို့မို့လွင်” ဇာတ်ကားမှာ ဝင်းဦးနဲ့အတူ သူငယ်ချင်းနေရာ သရုပ်ဆောင်ခဲ့ပြီး၊ ကောလိပ်ဂျင် နေဝင်းနဲ့လည်း “ဆားပုလင်းနှင်းမောင်”၊ “ပုဏ္ဏား ဘကွန်း” စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဦးမြင့်သိန်းဟာ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဆရာဝန်၊ ရဲအရာရှိ၊ တရားသူကြီး စတဲ့ ကျရာ ကာရိုက်တာ ပေါင်းစုံမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Zawgyi Fontဖြင့်ဖတ်ရန်

႐ုပ္ရွင္သ႐ုပ္ေဆာင္ ဦးျမင့္သိန္း (အသက္ ၈၇ ႏွစ္) ဟာ လူႀကီးေရာဂါေၾကာင့္ ရန္ကုန္ၿမိဳ႕၊ ေတာင္ဥကၠလာပ ၿမိဳ႕နယ္ရွိ ေနအိမ္မွာ ဇူလိုင္ ၂၆ ရက္၊ ည ၁၂ နာရီ ၃၈ မိနစ္အခ်ိန္က ကြယ္လြန္သြားေၾကာင္း သိရပါတယ္။

ဦးျမင့္သိန္းဟာ ႐ုပ္ရွင္ဇာတ္ကားမ်ားစြာမွာ မင္းသား ဝင္းဦး၊ ဦးေအာင္လြင္၊ ၫႊန႔္ဝင္း၊ ေကာလိပ္ဂ်င္ ေနဝင္း စတဲ့ မင္းသားႀကီးေတြနဲ႔ တြဲဖက္ သ႐ုပ္ေဆာင္ခဲ့သူျဖစ္ၿပီး၊ မင္းသား ေက်ာ္ဟိန္း၊ ေက်ာ္သူတို႔နဲ႔လည္း တြဲဖက္ ႐ိုက္ကူးခဲ့သူ ျဖစ္ပါတယ္။

ဦးျမင့္သိန္းဟာ “တိမ္လႊာမို႔မို႔လြင္” ဇာတ္ကားမွာ ဝင္းဦးနဲ႔အတူ သူငယ္ခ်င္းေနရာ သ႐ုပ္ေဆာင္ခဲ့ၿပီး၊ ေကာလိပ္ဂ်င္ ေနဝင္းနဲ႔လည္း “ဆားပုလင္းႏွင္းေမာင္”၊ “ပုဏၰား ဘကြန္း” စတဲ့ ဇာတ္ကားေတြမွာ ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။

ဦးျမင့္သိန္းဟာ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားေတြမွာ ဆရာဝန္၊ ရဲအရာရွိ၊ တရားသူႀကီး စတဲ့ က်ရာ ကာ႐ိုက္တာ ေပါင္းစုံမွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။