Local News

ဒီနေ့ မြတောင်သပိတ်ဖြိုခွင်းမှုမှာ ကျဆုံးသွားတဲ့အကို.တာဝန်ကျေတာထက်ကို ပိုပါတယ်ဗျာ အနားယူပါတော့

ဒီနေ့ မြတောင်သပိတ်ဖြိုခွင်းမှုမှာ ဦးခေါင်းကို ကျည်မှန်ပြီး ကျဆုံးသွားတဲ့အကို Rest In Power Bro တာဝန်ကျေတာထက်ကို ပိုပါတယ်ဗျာ အနားယူပါတော့ crd- Hanna

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ မြတောင်သပိတ်စစ်ကြောင်းကို စစ်အုပ်စုလက်အောက်ခံ တပ်တွေကဒီကနေ့ ဇူလိုင်လ ၂၇ ရက်နေ့ းမှာ ပစ်ခတ်ဖြိုခွင်းခဲ့ပြီး သုံးဦးအသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်မြတောင်သပိတ်စစ်ကြောင်းဟာ ဒီကနေ့ မွန်းလွဲ ၁၂:၃၀ နာရီ ဝန်းကျင်က မန္တလေးမဟာမုနိ အရှေ့မုဒ်နားမှာ ပစ်ခတ်ဖြိုခွင်းခံခဲ့ရတာဖြစ်ပြီး ဆန္ဒပြ အမျိုးသား နှစ်ဦး

အမျိုးသမီးတစ်ဦး သေနတ်မှန်ပြီး လဲကျသွားကြောင်း၊တစ်ယောက်မှာ ဦးခေါင်းထိမှန်ခဲ့ပြီး ကျန်နှစ်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း၊ ပြေးရင်းဆိုင်ကယ်မှောက်သူများလည်းရှိကြောင်း မျက်မြင်တွေ့လိုက်ရသူတွေက ပြောပါတယ်

Credit