ခုလိုကာလမှာ မွန်မြတ်တဲ့ အာဟာရဒါန အလှူလေးကို လေးကြိမ်မြောက်တိတိ ပြုလုပ်နိုင်ခဲ့လို့ အတိုင်းမသိ ပီတိဖြစ်နေတဲ့ ဘေဘီမောင်

ပရိသတ်တွေ အပေါ်မှာ ဖော်ဖော်ရွေရွေနဲ့ တလေးတစား ဆက်ဆံပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ရှိသူကတော့ မင်းသမီးချောလေး ဘေဘီမောင်ပါပဲ ။ အလှူအတန်းတွေလည်း အမြဲမပြတ် ပြုလုပ်ကာ အရေးကြုံတဲ့ အခါတိုင်းမှာလည်း ပြည်သူတွေဘက်မှ ရပ်တည်ပေးသူ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

အခုလို တတ်နိုင်သလောက် လိုအပ်တာတွေ ကူညီပေးနေတဲ့အပြင် ဘာတာတရားလည်း ကိုင်းရှိုင်းပြီး မြန်မာပြည်ကြီး အမြန်အေးချမ်းစေရန်နဲ့ (၇) ရက်သားသမီး ပြည်သူတွေ  အတွက်လည်း ဘုရားရှိခိုးကာ ဆုတောင်းပေးခြင်းတွေလည်း ပြုလုပ်ပေးခဲ့တာကို တွေ့ရပါတယ်။

အခုလည်း ပြည်သူတွေ အာဟာရပြည့်ဝစေရန် ရည်ရွယ်ပြီး ဆန်ပြုတ်မျိုးစုံကို ငါးကြိမ်တိတိ လှူဒါန်းပေးနေတာတွေ့ရပါတယ် ။ ဒီနေ့ဆိုရင်ရင် လေးကြိမ်မြောက် နို့ဆန်ပြုတ်လှူဒါန်းခဲ့တာဖြစ်ပါတယ် ။ ခုလို လှူဒါန်းရလို့ ကြည်နူးပီတိဖြစ်နေကြောင်းကို ” စတုတ္ထအကြိမ်မြောက်(၄ကြိမ်မြောက်) နွားနို့ဆန်ပြုတ်အလှူလေးပါရှင့် ပင်ပန်းနေပင်မယ့်ကုသိုလ်တွေအများကြီးရမှာမို့ ကျေနပ်ပိတိဖြစ်မိပါတယ်ရှင့် ” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Photo – Baby maung

– Zawgyi Font ဖြင့်ဖတ်ရန် – 


သာဓု သာဓု သာဓုပါ ဘေဘီရေ




Yuan – Cele Zone

Photo – Baby maung