Local News

“Oxygen စက် ၄၅ ရက်အတွင်း အပြီးတည်ဆောက်မည့် ဆရာလေးခေမာရံသီ”

“Oxygen Filling Plant စက် ၄၅ ရက်အတွင်း အင်းတကော်မြို့၌ အပြီးတည်ဆောက်မည့် ဆရာလေးခေမာရံသီ”

ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့နယ် (၆) ရပ်ကွက်ရှိသည့် သုညတဓမ္မရံသီတရားရိပ်သာ ဦးစီးတည် ထောင်သူ ဆရာလေးခေမာရံသီသည် Oxygen Filling Plant စက်ကို ၄၅ ရက်အတွင်း အင်းတကော်မြို့၌ အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဆရာလေး ခေမာရံသီဦးစီးတည်ထောင်ထားသော သုညတဓမ္မရံသီ တရားရိပ်သာသည် ရာသက်ပန်ရိပ်သာ ကပ်ရောဂါဘေးနှင့် ကြုံတွေ့နေရချိန် အောက်ဆီဂျင်မရရှိ၍ အသက်ဆုံးရှုံးနေကြရသူများအား

တစ်ဖက်တစ် လမ်းမှ ကူညီပေးနိုင်ရေးအတွက် ဆရာလေးခေမာရံသီမှ သိန်း ၁၀၀ နှင့် Sea Ranger Donation Group မှ သိန်း ၁၀၀ ဦးဆောင်မတည်၍ ၈ လပိုင်းအကုန်တွင် စက်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်

။အောက်ဆီဂျင်အိုးများနှင့် လတ်တလောရက်ပိုင်းအတွင်း အရေးပေါ်လူနာများအား ဖြန့်ဝေနိုင်ရေး ယခင် ရောက်ရှိသည့် 40L အိုး ၁၀၀ အပြင်၊ ၄ ရက်အတွင်း ထပ်မံရောက်ရှိမည့် 40L အိုး ၂၀ နှင့် ၁၀ ရက်အတွင်း ရောက်ရှိမည့် 15L အိုး ၁၀၀ ထပ်မံမှာယူထားကြောင်း သိရသည်။

 

—————

“Oxygen Filling Plant စက္ ၄၅ ရက္အတြင္း အင္းတေကာ္ၿမိဳ႕၌ အၿပီးတည္ေဆာက္မည့္ ဆရာေလးေခမာရံသီ”

ပဲခူးတိုင္းေဒသႀကီး၊ အင္းတေကာ္ၿမိဳ႕နယ္ (၆) ရပ္ကြက္ရွိသည့္ သုညတဓမၼရံသီတရားရိပ္သာ ဦးစီးတည္ ေထာင္သူ ဆရာေလးေခမာရံသီသည္ Oxygen Filling Plant စက္ကို ၄၅ ရက္အတြင္း အင္းတေကာ္ၿမိဳ႕၌ အၿပီးတည္ေဆာက္မည္ျဖစ္ေၾကာင္း ၎၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားထားသည္။

ဆရာေလး ေခမာရံသီဦးစီးတည္ေထာင္ထားေသာ သုညတဓမၼရံသီ တရားရိပ္သာသည္ ရာသက္ပန္ရိပ္သာ ကပ္ေရာဂါေဘးႏွင့္ ႀကဳံေတြ႕ေနရခ်ိန္ ေအာက္ဆီဂ်င္မရရွိ၍ အသက္ဆုံးရႈံးေနၾကရသူမ်ားအား

တစ္ဖက္တစ္ လမ္းမွ ကူညီေပးႏိုင္ေရးအတြက္ ဆရာေလးေခမာရံသီမွ သိန္း ၁၀၀ ႏွင့္ Sea Ranger Donation Group မွ သိန္း ၁၀၀ ဦးေဆာင္မတည္၍ ၈ လပိုင္းအကုန္တြင္ စက္ေရာက္ရွိမည္ျဖစ္ေၾကာင္း သိရသည္

။ေအာက္ဆီဂ်င္အိုးမ်ားႏွင့္ လတ္တေလာရက္ပိုင္းအတြင္း အေရးေပၚလူနာမ်ားအား ျဖန႔္ေဝႏိုင္ေရး ယခင္ ေရာက္ရွိသည့္ 40L အိုး ၁၀၀ အျပင္၊ ၄ ရက္အတြင္း ထပ္မံေရာက္ရွိမည့္ 40L အိုး ၂၀ ႏွင့္ ၁၀ ရက္အတြင္း ေရာက္ရွိမည့္ 15L အိုး ၁၀၀ ထပ္မံမွာယူထားေၾကာင္း သိရသည္။