Celebrity

ကဲ အားလုံးချစ်တဲ့ ​ကောင်းထက်​ဇော် ကျန်းမာရေးကောင်းမွန်လျှက်ရှိပါကြောင်းသိရ

ကဲ အားလုံးချစ်တဲ့ ​ကောင်းထက်​ဇော်
ကျန်းမာရေးကောင်းမွန်လျှက်ရှိပါကြောင်းသိရ

အစီအစဉ် တင်ဆက်သူ ကောင်းထက်ဇော်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေဟာ ကောင်းမွန်တဲ့ အနေထား တစ်ခု ရောက်ရှိလာပြီး

ကောင်းထက်ဇော်ရဲ့ ကျန်းမာရေး အခြေအနေဟာ စင်တာကနေ ဆေးရုံသို့ ရွှေ့ခဲ့တာဖြစ်ပြီး၊ အဆုတ်ကို ဆက်လက် ကုသနေရတာဖြစ်ပါတယ်။

တင်ဆက်သူ ကောင်းထက်ဇော်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အဆုတ်ရောင် ရောဂါကြောင့် ဆေးကုသမှု ခံယူနေရတာ ဖြစ်ပါတယ်။

“ကောင်းကြီးရဲ့လက်ရှိ အခြေအနေပါ။ သတိရ စကား ပြောနိုင်နေပါပြီ။ အားလုံး စိတ်ဒုက္ခရောက်နေကြတဲ့ ဒီအချိန်မှာ မသေချာဘဲနဲ့ လျှောက်မတင်၊ မ share ကြသင့်ပါဘူး”လို့ ကောင်းထက်ဇော်ရဲ့ မိတ်ဆွေ ကိုဖိုးနီက ဆိုပါတယ်။

Unicode




