မိခင်အတွက် ညင်သာအောင် ဆေးပေးမှရတော့မယ့်အခြေအနေကို video callခေါ်ပြီး ရင်နာနာနဲ့သဘောတူလက်ခံလိုက်ရတဲ့ PDF လူငယ်လေးရဲ့ရင်ဖွင့်စကား

လက်ရှိမိုးတွင်းကာလမှာတော့ တောထဲရောက်နေကြတဲ့ PDF လူငယ်လေးတွေလည်း ချမ်းချမ်းအေးအေးနဲ့ပဲအဆင်ပြေသလိုနေထိုင်နေရတာဖြစ်ပါတယ်။
PDF လူငယ်တွေအကုန်လုံးက မိသားစုရဲ့နွေးထွေးတဲ့ရင်ခွင်ကို ခွဲခွါလာပြီး အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်။

တချို့PDF လူငယ်လေးတွေဆိုရင် မိဘသေဆုံးသွားတာတောင် နှုတ်ဆက်ခွင့်မရလိုက်ဘဲ အဝေးတစ်နေရာမှာ ဝမ်းနည်းခံစားခဲ့ကြရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း PDF လူငယ်လေးတစ်ဦးရဲ့မိခင်က ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရတာဖြစ်ပါတယ်။PDF လူငယ်လေးကတော့ မကျန်းမာတဲ့မိခင်ရဲ့ဘေးနားကိုသွားပြီး ပြုစုလို့မရတဲ့အခြေအနေဖြစ်လို့ အဝေးကနေပဲ Video Call လေးနဲ့ကြည့်နေရတာဖြစ်ပါတယ်။

သူနဲ့အတူ ရှေ့တန်းမှာရှိနေတဲ့ ရဲဘော်တွေရဲ့ကျန်းမာရေးနဲ့ လုံ ခြုံရေးကိုဦးစားပေးခဲ့လို မိခင်ဆီမရောက်ဖြစ်ခဲ့တာဖြစ်ပါတ ယ်။သူတို့မိသားစုတွေက အခုချိန်မှာ တစ်ယောက်တစ်နေရာစီမှာ ရှိနေကြတာဖြစ်ပါတယ်။

ရောဂါဝေဒနာတွေခံစားနေရတဲ့ မိခင်အတွက် ညင်သာအောင် ဆေးပေးမှရတော့မယ့်အခြေအနေဖြစ်လို့ PDF လူငယ်လေးနဲ့မိသားစုဝင်တွေလည်း ဆေးပေးဖို့ကို သဘောတူလက်ခံခဲ့ရတာဖြစ်ပါတယ်။

PDF လူငယ်လေးကတော့ “ဒီတစ်ခါဒီတိုင်းပြည်အတွက် ကျွန်တော်ပေးလိုက်ရတဲ့ကြေးကကြီးလွန်းပါတယ်”ဆိုပြီး ဝမ်း နည်းနေခဲ့တာဖြစ်ပါတယ်။

မိသားစုတွေနဲ့ခွဲခွါပြီး ပြည်သူတွေကိုကာကွယ်ပေးနေတဲ့ PDF လူငယ်လေးရဲ့ခံစားချက်ကိုကိုယ်ချင်းစာမိရင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

crd#original writer

Zawgyi