Local News

ငလျှင်ကြောင့် မင်းပြောင်းမင်းလွဲ ဖြစ်လာနိုင်သည်ဟု ပြောဆိုနေ

ဒီနေ့ လှုပ်သွားတဲ့ အင်အား ၈.၂ ရှိတဲ့ ငလျင်ကြီးက ပစိဖိတ်ကျောက်လွှာကြီးနဲ့ မြောက်အမေရိက ကျောက်လွှာကြီး (၂) ခု အစပ်မှာ ဖြစ်သွားတာပါ။

စစ်ကိုင်းပြက်ရွေ့ကြောကြီး

တနည်းအားဖြင့် ကျောက်လွှာကြီးတွေ အချင်းချင်း လှုပ်ရှားပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတယ်လို့ ယူဆရပါတယ်။

ကမ္ဘာ့ကျောက်လွှာကြီးတွေမှာ အဓိကအလွှာ စုစုပေါင်း (၇) လွှာရှိပြီး ကမ္ဘာပေါ်က လှုပ်သမျှ ငလျင်တွေက ကျောက်လွှာကြီးတွေ လှုပ်ရှားမှုကြောင့် ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံ (၁) ကတော့ ကမ္ဘာ့ကျောက်လွှာကြီးတွေရဲ့ ပုံ ဖြစ်ပါတယ်။

အလက်စကာ ငလျင်ကြီးရဲ့ အရှိန်ကြောင့် သပိတ်ကျင်းမှာ အင်အား ၆.၃ ငလျင် လှုပ်တာလို့ သုံးသပ်လို့ ရပါတယ် (ပညာရှင်များရဲ့ သုံးသပ်ချက် ထွက်လာပါလိမ့်မယ်)။

ကမ္ဘာ့ကျောက်လွှာကြီးတွေရဲ့ ပုံ

သပိတ်ကျင်းဟာ စစ်ကိုင်းပြတ်ရွေ့ကြောကြီးရဲ့ အလှုပ်ခတ်ဆုံး နေရာတခုလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်တွေက လှုပ်ခဲ့တဲ့ အင်အား ပြင်းထန်တဲ့ ငလျင်တွေနဲ့ နောက်ဆက်တွဲ ငလျင်တွေ အတော်များများကလည်း သပိတ်ကျင်းနဲ့ အနီးပတ်ဝန်းကျင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောကြီးမှာ လွန်ခဲ့တဲ့ နှစ်တရာနီးပါးက ပဲခူးငလျင်ကြီးလှုပ်ခဲ့တဲ့နောက် ကြီးမားတဲ့ ငလျင်မလှုပ်သေးတဲ့အတွက် ငလျင်သတိထားကြဖို့လည်း ပညာရှင်များက သတိပေးထားပါတယ်။

တနည်းအားဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောကြီးထဲမှာ ‌ပါဝင်တဲ့ ‌ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မြစ်ကြီးနားမြို့ကြီးတွေ သတိထားရပါမယ်။

ငလျင်နိမိတ်အကြောင်း

မြန်မာလူမျိုးများက အတိတ်တဘောင်ကို များစွာ ယုံကြည်ကြပါတယ်။ ဇမ္ဗူဒိပ် နိမိတ် ဆိုတဲ့ စကားနဲ့ အညီ ဘာပဲ လုပ်လုပ် အတိတ်နိမိတ်နဲ့ လုပ်ကြပါတယ်။

ထူးခြားတဲ့ ဖြစ်ရပ်များ မဖြစ်မီ အတိတ်နိမိတ်ပြတာကိုလည်း ယုံကြည်ကြပါတယ်။ ဒီနေ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာပြည်ရဲ့ အင်အားအကြီးဆုံး ငလျင် လှုပ်အပြီးမှာ အတိတ်နိမိတ်တွေလည်း တန်းစီ ထွက်လာပါတယ်။

ဝါဆိုလမှာ ငလျင်ကြီး လှုပ်ရင် မင်းဆိုးမင်းညစ် ပြုတ်ကျတတ်တယ်ဆိုတဲ့ အတိတ်နိမိတ်က မြန်မာ့ရိုးရာ နိမိတ်ဖတ်ကျမ်းမှာ အခိုင်အမာ ဆိုထားပြီးသားပါ။

ငလျင်နိမိတ်အကြောင်း

အတိတ်တဘောင်နဲ့ အညီ နိမိတ်ဆောင်ခဲ့ပြီ ဆိုတဲ့ စကားအတိုင်း တကယ်ဟုတ်မဟုတ်ကတော့ ဝါဆိုလ မကုန်ခင် အဖြေပေါ်နိုင်မလားဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာပါပဲ။ (ပုံ ၂ နဲ့ ပုံ ၃) မှာ ငလျင်နိမိတ်အကြောင်း ဖော်ပြထားပါတယ်။

ဒီကနေ့ ဇူလိုင်လ မွန်းလွဲပိုင်း၃နာရီ ၁၀မိနစ်ခန့်အချိန်က မြန်မာနိုင်ငံမြို့ကြီးတော်တော်များများတွင် လှုပ်ခက်သွားတဲ့ငလျှင်ကြောင့် မင်းပြောင်းမင်းလွဲ ဖြစ်လာနိုင်သည်ဟု လူမှုကွန်ရက်များတွင် ပျံနှံလျှက်ရှိနေတယ်လို့သိရပါတယ်။

စစ်ကိုင်းပြက်ရွေ့ကြောကြီး

“ ငလျှင်လှုပ်ပြီးတာနဲ့ ချက်ချင်းကို ဖေ့ဘုတ်ပေါ်တွေမှာ ပျံ့နှံလာတာ၊မင်း ပြောင်းမင်းလွှဲဖြစ်မယ်တို့၊အမျိုးမျိုး ရေးထားကြတာတွေတွေ့ရတယ်၊ ပြည်သူတွေ ဒီလောက်ခံစားနေရမှတော့ နာကျည်း ကြပြီပေါ့ဗျာ၊ ပြည်သူတွေလိုချင်တာက မင်းကောင်းမင်းမြတ်လေ၊ ငလျှင်ကတော့ သဘာဝကြောင့်သူ့ဟာသူလှုပ်တာပဲ၊အခုအုပ်ချုပ်နေတဲ့သူတွေ ကတော့ အခုလောက်ဆို ဒီငလျှင်လှုပ်တာနဲ့ပတ်သက်ပြီး ယတြာတွေအမျိုးမျိုးချေကြမှာတော့မြင်ယောင်သေးတယ်ဗျ” လို့ ပြည်သူတစ်ဦးက ဆိုပါတယ်။

သပိတ်ကျင်းမြို့

မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်း၊ မုံရွာ၊ နမ္မတူ၊ လားရှိုး၊ နေပြည်တော်၊ ပခုက္ကူ၊ ကလော၊ တောင်ကြီး၊ သီပေါ၊ မိုးကုတ်၊ ကျောက်ဆည်၊ ထီးချိုင့်၊ ကျောက်မဲ၊ ရွှေဘို၊ သဲတော၊ ဝမ်းတွင်း စတဲ့ မြို့နယ်များကတော့ ငလျှင် သက်ရောက်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ယခုလှုပ်ခတ်သွားသောမြေငလျှင်မှာစစ်ကိုင်းပြတ်ရွေ့ကြောလှုပ်ရှားသွားတာ ဖြစ်နိုင်ပြီး ယခုနှစ်မြန်မာနိင်ငံမှာ ဖြစ်နိင်တဲ့ကပ်တွေထဲကတစ်ခုဖြစ်သွားနိုင်ကြောင်း၊ စစ်ကိုင်းပြတ်ရွေ့ကြောကဖြစ်လာတဲ့ငလျင်မို့လို့ နောက်ဆက်တွဲငလျင်ငယ်တွေမလာခင်ငလျင်ကြီးတွေလှုပ်ခတ်နိင်ခြေရှိနေနိုင်တာမို့မပေါ့ဆကြဖို့အထူးသတိထားဖို့လိုတယ်လို့သတင်းရင်းမြစ်အချို့က လဲ ခန်းမှန်းသုံးသပ်ထားပါတယ်။

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ချောင်းကြီးကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ ဇိနမာန်အောင်ဘုန်းတော်ကြီးကျောင်း

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ချောင်းကြီးကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာရှိ ဇိနမာန်အောင်ဘုန်းတော်ကြီးကျောင်း

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းအနီး၊ မန္တလေးမြို့မြောက်ဘက်ပိုင်း မျဉ်းဖြောင့် ၅၈ မိုင်ခန့်အကွာမှ မဂ္ဂနီကျု ၅ .၄ အဆင့်ငလျင်မြေအောက်အနက် ၆ မိုင်မှလှုပ်ရှားသွားခဲ့တာကြောင့် မန္တလေးမှာတော့ ငလျှင်လှုပ်ခတ်မှု ပိုပြီးပြင်းထန်တယ်လို့ ဒေသခံများပြောကြားချက်အရသိရပါတယ်။

မိုးလေဝသနှင်ဇလဗေဒဦးစီးဌာနက တော့မြေငလျင်လှုပ်သွားမှုနဲ့ပတ်သက်ပြီးယခုလိုထုတ်ပြန်ခဲ့ပါတယ်။

ငလျင်ကြောင့် ရေဦးမြို့၌ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅)နာရီ၊ (၀၉)မိနစ်၊ (၂၇)စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၂.၈၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၅)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း တိုင်းထွာရရှိတယ်လို့ဆိုထားပါတယ်။

Credit