Sports

အောင်လအန်ဆန်ကို ဂုဏ်ပြုသောအားဖြင့် ပုံတူတက်တူးထိုးခဲ့တဲ့ ပြည်သူတစ်ဦး

အောင်လအန်ဆန်က၂၀၂၁ခုနှစ်ဇူလိုင်လ၃၀ရက်နေ့ညမှာဆိုရင်စင်ကာပူနိုင်ငံမှာကျင်းပနေတဲ့ကိုယ်ခံပညာဘက်စုံသုံးတိုက်ခိုက်ရေးပြိုင်ပွဲကြီးမှာဘရာဇီးလ်ဖိုက်တာလီအန်ဒရိုအတေးစ်ကိုပထမအချီမှာပဲအလဲထိုးအနိုင်ရရှိခဲ့ပါတယ်။

အောင်လအန်ဆန်ကမစ်ဒယ်ဝိတ်တန်းတွဲဆိုင်းမှာထိုးသက်တာဖြစ်ပြီးပထမအချီအတွင်း၃မိနစ်နဲ့ ၄၅စက္ကန့်မှာအနိုင်ရလိုက်တာလဲဖြစ်ပါတယ်။

ပြိုင်ပွဲအပြီးမှာဆိုရင်လဲအောင်လအန်ဆန်ကမြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းဖို့အတွက်ကိုဆုတောင်းပေးခဲ့ပါသေးတယ်။

အောင်လအန်ဆန်ရဲ့ပရိသတ်တွေကတော့သူ့ကိုချစ်တဲ့စိတ်နဲ့အရင်ကတည်းကတက်တူးတွေထိုးခဲ့ကြပါတယ်။

ဒီပုံကလည်းပြည်သူတစ်ဦးကအောင်လအန်ဆန်ရဲ့ပုံတူကိုတက်တူးအဖြစ်ကျောအပြည့်ထိုးထားတာကိုဒီလိုအချိန်အခါမှာအမှတ်တရအနေနဲ့ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Credit