Celebrity

၆ နှစ်သားကောင်လေးရဲ့ 6 Pack Abs က နိုင်ငံတကာပရိသတ်များကိုအံ့အားသင့်စေခဲ့

Iran နိုင်ငံရှိ အသက် ၆ နှစ်အရွယ် Arat Hosseini အမည်ရှိကောင်လေးတစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လယ်ကွင်းထဲမှမိန်းကလေးတစ်ဦးရဲ့ဗီဒီယိုထဲတွင် ပါဝင်ခဲ့ပြီးနောက် Arat ရဲ့ပုံရိပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့သွားပြီးနောက် ကမ္ဘာကြီးအနှံ့ရှိလူအများရဲ့အာရုံစူးစိုက်ခြင်းကို ခံခဲ့ရပါတယ်။

Mohammed Hosseini အမည်ရှိ Arat ရဲ့ဖခင်ဟာ ၉ လသားအရွယ်သာရှိသေးတဲ့ သားဖြစ်သူကို ကျွမ်းဘားကစားခြင်းဖြင့် စတင်သင်ကြားပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အသက် ၂ နှစ်အရွယ်မှာ Arat ဟာ နိုင်ငံတကာကလေးပြိုင် ပွဲများမှာ ပါ၀င်ခဲ့ပြီး အသက် ၃ နှစ်အရွယ်မှာတော့ Arat ဟ ာ နံရံပေါ်တက်ခြင်း နှင့် ဘားကို လက်တစ်ဖက်ကနေ တစ်ဖ က်ဆီသို့ လျင်မြန်စွာ လွှဲပြောင်းနိုင်နေခဲ့ပြီဖြစ်ပါတယ်။

၎င်းကျွမ်းကျင်မှုအတွက် လိုအပ်တဲ့ခွန်အားများကြောင့် Arat ဟာ ၎င်းကိုပြုလုပ်နိုင်ပေမဲ့ ၎င်းအရာက အရွယ်ရောက်ပြီးတဲ့သူတိုင်း ပြုလုပ်ရန်အတွက် မလွယ်ကူသလို မဖြစ်နိုင်ကြောင်းလည်း ဖခင်ဖြစ်သူက ဆိုထားခဲ့ပါတယ်။

Arat ဟာ ရှည်လျားတဲ့ဆံပင်ရှိပြီး ရုပ်ပိုင်းဆိုင်ရာအရလည်း အထင်ကြီးစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။Arat ရဲ့ ပုခုံး၊ ပခုံးကြွက်သားနဲ့ရင်ဘတ်ကြွက်သားများက အရမ်းသန်မာပါတယ်။Aratဟာ သူ့ရဲ့ဝါသနာက ဘောလုံးကန်ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။

အီရန်နိုင်ငံမှာ မွေးဖွားလာခဲ့ပြီး Arat ဟာ ယခုအခါ Live rpool Academy မှာ ပညာသင်ကြားရန်အတွက် ဗြိတိန်မှာ နေထိုင်ပါတယ်။

Arat က သူအဖြစ်ချင်ဆုံးအိမ်မက်ဟာ စပိန်ဘောလုံးအသ င်း Barcelona မှာ တစ်ရက်သာ ကစားနိုင်ရမယ်လို့ ပြောခဲ့ပြီး သူ့ရဲ့အကြိုက်ဆုံးကစားသမားဖြစ်တဲ့ Lionel Mes si ကိုလည်း ချီးကျူးခဲ့ပါသေးတယ်။

ကောင်လေးမှာ Follower ပေါင်း ၄ သန်းကျော်ရှိပြီး ဓာ တ်ပုံအသစ်တစ်ပုံတင်လိုက်တိုင်း Likeပေါင်း ၁ သန်းကျော်အထိကို ပုံမှန်ရရှိလေ့ရှိပါတယ်။

“ကျွန်တော့်သားရဲ့အရည်အချင်းကို သဘောပေါက်သွားခဲ့ပြီးတဲ့နောက် ကျွန်တော့်ပတ်၀န်းကျင်ကလူတွေရဲ့အကြံပေးချက်တွေအရ ကျွန်တော် သူ့အတွက် Instagram အကောင့်တစ်ခုဖွင့်ပေးလိုက်တော့ လူအများက သူ့ကို ကြိုဆိုခဲ့ကြတယ် အထူးသဖြင့် အီရန်မှာ သာမက ပြည်ပနိုင်ငံတွေကပါ ကြိုဆိုခဲ့ကြတယ် ”လို့ Arat ရဲ့အဖေက ပြောကြားခဲ့ပါတယ်။

ဖခင်ဖြစ်သူ Mohammed ဟာ Arat ကို တက်ကြွတဲ့ကလေးတစ်ယောက်အဖြစ် သတ်မှတ်ထားပြီး Arat ကလ ည်း သူ့ရဲ့အားကစားလှုပ်ရှားမှုများကို အတော်လေး နှစ်သက်ပါတယ်။

ဖခင်တစ်ဦး အနေနှင့် Mohammed ဟာ ရှေ့ကနေလမ် းပြပေးခြင်းဖြင့် Arat ကိုကူညီပေးလေ့ရှိတဲ့အပြင် Moha mmed ဟာ သားဖြစ်သူရဲ့အကျိုးစီးပွါးအတွက်လည်း ပါဝ င်ဆောင်ရွက်ပေးနေလျက်ရှိပါတယ်။

Arat လေးက ချစ်ဖို့ကောင်းသလောက် အသက်အရွယ်နဲ့မလိုက်အောင် 6 packs Abs ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။အင်တာနက်သုံးစွဲသူများက ချစ်ဖို့ကောင်းတဲ့ Arat လေးရဲ့အားကစားလုပ်နေတဲ့ပုံရိပ်အချို့ကြောင့် Arat လေးကို သဘောကျမဆုံးဖြစ်နေခဲ့ကြပါတယ်။

Crd. ..