မအလ နားရွက်ကို AA က တံတွေးစွတ်နေပြီလေ

ရခိုင်ပြည်သားများ မှုခင်းကိစ္စတွေကို ULA/AA ထံတိုင်ကြားနိုင်
———————————————
#ShortNews
#MoreMrontVlog
ရခိုင်တွင်နေထိုင်သူ ပြည်သူပြည်သားအားလုံး အကြမ်းဖက်ခံရမှု၊ ခိုးမှု၊ မြေယာပြသနာနဲ့မတရားခံရတဲ့အမှုခင်းကိစ္စတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) ရဲ့တရားရေးဌာနသို့ တိုင်ကြားနိုင်တယ်လို့ AA က သြဂုတ် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်မတိုင်ခင်မှာတော့ ကျေးရွာတွေမှာ မှုခင်းတွေကို ULA/AA က ဖြေရှင်းပေးခဲ့တာရှိပြီး၊ တိုင်ကြားမှုတွေကိုလည်း အီးမေးလ်နဲ့တစ်ဆင့်လက်ခံခဲ့တာရှိပါတယ်။ ဒီတစ်ကြိမ်မှာတော့ တိုင်ကြားရမယ့်ပုံစံကိုပါ တခါတည်းဖော်ပြထားပါတယ်။

အမှုအခင်းစီမံကိုင်တွယ်မယ့် ရုံး၊ တည်နေရာ၊ စသဖြင့် အခြေခံအဆောက်အအုံတွေ သတ်သတ်မတ်မတ် မြို့ပေါ်တွေမှာတော့ ULA/ AA က တည်ဆောက်နိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ထိန်းချုပ်နယ်မြေမှာတော့ တရားရေးဌာနအဆောက်အအုံ စသဖြင့် ရှိတယ်လို့သိရပါတယ်။

စစ်အစိုးရသတင်းပေးသူ၊ ခိုးဆိုးလုယက်မှုနဲ့စည်းကမ်းဖောက်ဖျက်သူ၊ မူးယစ်ဆေးဝါးအမှုတချို့ ကိုင်တွယ်ခဲ့တာရှိပါတယ်။ အရပ်သားတွေကြားထဲမှာတော့ ဒီလိုအရေးယူခံရတဲ့ ကိစ္စကို ” တောင်ပေါ် ” ခေါ်သွားခံရတယ်လို့ ဆိုကြတာရှိပါတယ်။

အုပ်ချုပ်ရေးကိစ္စကို ULA ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က သက်ဆိုင်ရာမြို့နယ်အလိုက်၊ ရပ်ကျေးတွေမှာ လူမျိုး ဘာသာ မရွေးအုပ်ချုပ်မှုသင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်။ တချို့မြို့နယ်တွေမှာ မွတ်စလင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေပါ ULA ရဲ့သင်တန်းတက်ရောက်ခဲ့ကြပါတယ်။
#ULAJudiciaryPilotProject
#WhatsHappeningInArakanState
#AAToHandleCrimesInRakhineState

MoreMrontVlogမှ ကူးယူဖော်ပြသည်