Local News

သင်သိပါသလား❓❓❓

လီအန်ဒရိုနဲ့ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အောင်လအန်ဆန်းတို့ ပွဲအပြီးမှာ ထူးထူးဆန်းဆန်း ရေးသားထားတာတွေ့ရပါတယ်။အောင်လဟာ သမီးလေးမွေးကတည်းက နိုင်ပွဲပျောက်ဆုံးနေရှာတဲ့ ချစ်ဖခင်ကြီး တယောက်ဖြစ်ခဲ့ပါတယ်…လီအန်ဒရိုနဲ့ ရရှိခဲ့တဲ့ အနိုင်ပွဲကတော့ သမီးလေးရတည်းက ပထမဆုံး နိုင်ခဲ့တဲ့ ပွဲဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။

မနှစ်က ထိုးခဲ့တဲ့ ပွဲတွေဟာ ရှုံးနိမ့်နေတာဖြစ်ပြီး ထို့ရှုံးပွဲကလည်း ရိုင်နီယာနဲ့ နှစ်ပွဲဆက် ရှုံးခဲ့ရတာပါ ထို့နှစ်ထဲမှာပဲ ကံမကောင်းစွာ ကိုဗစ်ကူးစက်ခံလိုက်တဲ့ အောင်လဟာ အခက်ခဲများစွာ ကြိုးစားရင်း လီအန်ဒရိုနဲ့ပွဲမှာ တော့ နိုင်ပွဲနဲ့ အောင်လပြန်ဘီဟု One Championship Facebook pageကလည်း ဂုဏ်ပြု ကြောင်း ရေးသားထားပါတယ်။

အောင်လဟာ ၈လပိုင်းထိုးပွဲ ရှိမလား စောင့်ကြည့်ရဖို့ရှိပါတယ်…ယူရှင်အိုကာမီ နဲ့ ထိုးဖို့ ရာခိုင်နှုန်း များပြားလာပြီ ရိုင်နီယာကိုလည်း သတိပေးဆိုထားတွေရှိပါတယ်။ ရိုင်နီယာကို မင်းခါးပတ်ကို ပြောင်လက်နေအောင် တိုက်ထားတော့အလဲထိုးပွဲတွေရယူပြီးနဲ့ မင်းဆီ ငါလာပြီး ပြောဆိုထားပါတယ်။

သမီးလေးအတွက် ပထမဆုံး နိုင်ပွဲရတဲ့ အောင်လပွဲစဥ်ကိုလည်း သမီးလေး အားပေးနေတဲ့ ပွဲစဥ်လေးလည်းဖြစ်ခဲ့ကြောင်းသိရပါတယ်။

Unicode



