အဆင်မပြေကျတဲ့ ပြည်သူတွေ အ တွက် ထမင်းဘူးတွေကိုယ် တိုင်လိုက် လံလှူဒါန်းပေးခဲ့တဲ့ အေးသီတာ

အဆင်မပြေကျတဲ့ ပြည်သူတွေ အ တွက် ထမင်းဘူးတွေကိုယ် တိုင်လိုက် လံလှူဒါန်းပေးခဲ့တဲ့ အေးသီတာ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အေးသီတာကတော့ ဒီနေ့မှာ ထမင်းဘူးတွေလိုက်လံလှူဒါန်းပေးခဲ့ပါတယ်။

အေးသီတာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နေမကောင်းဖြစ်နေတဲ့ပြည်သူတွေအတွက်လည်းအာဟာရရှိစေမယ့် ကြက်ပေါင်းတွေ ကြက်စွပ်ပြုတ်တွေကိုလည်း လှူဒါန်းပေးခဲ့ပါတယ်။

သူကိုယ်တိုင်လည်း တတ်နိုင်သလောက် လှူဒါန်းပေးနေခဲ့သလို အလှူရှင်တွေကလှူဒါန်းပေးတာတွေကိုလည်းတကယ်လိုအပ်နေတဲ့သူတွေဆီကို ရောက်အောင် ကိုယ်တိုင်လိုက်လံလှူ ဒါန်းပေးနေခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း အေးသီတာက

အလှူရှင်တစ်ဦးကလှူဒါန်းပေးတဲ့ ထမင်းဘူးတွေကို အခုကာလ စားဝတ် နေရေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေထံကို သေချာလေးရောက်အောင် သူကိုယ်တိုင်လိုက်လံလှူဒါန်းပေးခဲ့တာပါ။

အေးသီတာက သူ့ရဲ့ဒီနေ့မှာပြုလုပ်တဲ့ လုပ်အားဒါနအလှူလေးကိုပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေဖို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါတယ်။ ပရိသတ်ကြီးတွေကလည်း အေးသီတာရဲ့

တကယ်လိုအပ်နေတဲ့ပြည်သူတွေဆီရောက်အောင် ကိုယ်တိုင်လိုက်လံလှူဒါန်းပေးတဲ့လုပ်အားဒါနမွန်မြတ်လှတဲ့ ကုသိုလ်လေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Credit