Celebrity

ဝါရင့်သရုပ်ဆောင်ကြီး ဦးစံမတူ ကွယ်လွန်

ဝါရင့်သရုပ်ဆောင်ကြီး ဦးစံမတူ ကွယ်လွန်

ဧရာဝတီ၊ သြဂုတ် ၃ ၊ ၂၀၂၁ ။

ရုပ်ရှင်နှင့် ဗီဒီယို ဝါရင့် ဟာသရုပ်ဆောင်ကြီး ဦးစံမတူ (အသက် ၉၀ နှစ်) ဟာ ယနေ့၊ သြဂုတ်လ ၃ ရက်နေ့၊ နံနက် ၆ နာရီခွဲ အချိန်က လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း သိရပါတယ်။

“ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့် ဟာသသရုပ်ဆောင် ဦးစံမတူ ကွယ်လွန်သွားပြန်ပါပြီဗျာ။ ဘဘ ကောင်းရာဘုံဘဝကို ရောက်ပါစေ”လို့ လူရွှင်တော် ကောင်းကျော်က စိတ်မကောင်းစကား ဆိုပါတယ်။

ဦးစံမတူဟာ ဇာတ်သဘင်လောကမှ ရုပ်ရှင်နယ်ပယ်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး၊ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ရာ ဟာသသရုပ်ဆောင် ဦးပလာတာနဲ့ အတွဲညီညီ သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Credit