Local News

ဓါတ်ပုံရိုက်ပေးမယ်ဟု ခေါ်ကာ အဓ္ဓမပြုကျင့်ပြီး ချိန်းခြောက်သည့်အမှု ကာယကံရှင်ပြောပြီ

ဓါတ်ပုံရိုက်ပေးမယ်ဟု ခေါ်ကာ အဓ္ဓမပြုကျင့်ပြီး ချိန်းခြောက်သည့်အမှု ကာယကံရှင်ပြောပြီရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးကို ဓါတ်ပုံရိုက်ပေးမည်ဟုဆိုကာ ဓါတ်ပုံဆရာတစ်ဦးနှင့်

အဖော်က အဓ္ဓမပြုကျင့်ခဲ့ကြောင်းအပြုလုပ်ခံရသူ ကာယကံရှင်အမျိုးသမီးက ကျုးလွန်သူများ၏ နာမည်များနှင့်တကွ သူမ၏ လူမှုကွန်ရက်မှတဆင့် ရဲရဲတင်းတင်း ပြောဆိုလိုက်ပါတယ်။အစောပိုင်းတွင် ကာယကံရှင် အမျိုးသမီးက သူ၏ သူငယ်ချင်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် နာမည်များကိုမဖော်ပြပွဲ ဓါတ်ပုံဆရာတစ်ဦးအနေဖြင့်သာ ဖြစ်စဥ်ကို ဖြန့်ဝေခိုင်းခဲ့တယ်။

ဒါပေမဲ့ နောက်ပိုင်းတွင် သူမှ ငွေလိုချင်လို့ ငွေညှစ်နေကြောင်း အဓ္ဓမပြုကျင့်ခဲ့သူများဖက်မှ မဟုတ်သတင်းများ လွှင့်လာ၍ ယခုကဲ့သို့ သူကိုယ်တိုင်ဖွင့်ပြောခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြထားပါသည်။ထို့အတူ သီဟနှင့် လမင်းသန့်စင်ခေါ် အမျိုးသား ၂ ဦးမှ သူမအား ဓာတ်ပုံရိုက်မေးမယ်ဟုဆိုက ချုပ်၍ တစ်ယောက်တလှည့် အဓ္ဓမပြုကျင့်ခဲ့ကြောင်း၊ထိုကိစ္စကို ဘယ်သူ့အှမပြောဖို့ သူ့ကိုချိမ်းခြောက်ခြင်း၊ ဆေးသောက်ခိုင်းခြင်း၊ သိဟဆိုသူမှ သူ့အားတွန်းပြီးရိုက်ဖို့ရွယ်ခဲ့ခြင်းများကိုပါ ပြောပြထားပါတယ်။ထို့အပြင် အဓ္ဓမပြုကျင့်မှုအကြောင်း ပို့စ်တင်သော သူ၏ သူငယ်ချင်းကို အသရေဖျက်မှုနှင့် တရားစွဲမယ်လို့ဆိုသော သူများကိုလည်း အမှုကိစ္စအား သူကိုယ်တိုင်တင်ခိုင်းခြင်းဖြစ်ကြောင်း ပြောပြထားပါတယ်။သူ့အနေဖြင့် သီဟနှင့်သာ သိကျွမ်းပြီး လမင်းသန့်စင်အား မီးထိုးပေးမယ့်သူအဖြစ် အမှုမဖြစ်ခင် နာရီဝက်အလိုမှ တွေ့ဖူးတယ်လို့ ဆိုတယ်။သူ့အနေဖြင့် အမှုအား ညှီနှိုင်းပေးမှာမဟုတ်သလို အဓ္ဓမပြုကျင့်သူ၂ ဦးအားခွင့်လွှတ်မှာ မဟုတ်လို့လည်း ပြောထားပါတယ်။အခုလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အချိန်ကာလမှာ ဒီအဓ္ဓမပြုကျင့်ခံရမှုကို ရဲစခန်းမှာ တိုင်ချက်ဖွင့်လို့ ရမရကိုတော့ မသိရသေးပါ။

Credit

Zawgyi

ဓါတ်ပုံရိုက်ပေးမယ်ဟု ခေါ်ကာ အဓ္ဓမပြုကျင့်ပြီး ချိန်းခြောက်သည့်အမှု ကာယကံရှင်ပြောပြီရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်တွင် အမျိုးသမီးငယ်တစ်ဦးကို ဓါတ်ပုံရိုက်ပေးမည်ဟုဆိုကာ ဓါတ်ပုံဆရာတစ်ဦးနှင့်

အဖော်က အဓ္ဓမပြုကျင့်ခဲ့ကြောင်းအပြုလုပ်ခံရသူ ကာယကံရှင်အမျိုးသမီးက ကျုးလွန်သူများ၏ နာမည်များနှင့်တကွ သူမ၏ လူမှုကွန်ရက်မှတဆင့် ရဲရဲတင်းတင်း ပြောဆိုလိုက်ပါတယ်။
အစောပိုင်းတွင် ကာယကံရှင် အမျိုးသမီးက သူ၏ သူငယ်ချင်း၏ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် နာမည်များကိုမဖော်ပြပွဲ ဓါတ်ပုံဆရာတစ်ဦးအနေဖြင့်သာ ဖြစ်စဉ်ကို ဖြန့်ဝေခိုင်းခဲ့တယ်။ဒါပေမဲ့ နောက်ပိုင်းတွင် သူမှ ငွေလိုချင်လို့ ငွေညှစ်နေကြောင်း အဓ္ဓမပြုကျင့်ခဲ့သူများဖက်မှ မဟုတ်သတင်းများ လွှင့်လာ၍ ယခုကဲ့သို့ သူကိုယ်တိုင်ဖွင့်ပြောခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြထားပါသည်။

ထို့အတူ သီဟနှင့် လမင်းသန့်စင်ခေါ် အမျိုးသား ၂ ဦးမှ သူမအား ဓာတ်ပုံရိုက်မေးမယ်ဟုဆိုက ချုပ်၍ တစ်ယောက်တလှည့် အဓ္ဓမပြုကျင့်ခဲ့ကြောင်း၊ထိုကိစ္စကို ဘယ်သူ့အှမပြောဖို့ သူ့ကိုချိမ်းခြောက်ခြင်း၊ ဆေးသောက်ခိုင်းခြင်း၊ သိဟဆိုသူမှ သူ့အားတွန်းပြီးရိုက်ဖို့ရွယ်ခဲ့ခြင်းများကိုပါ ပြောပြထားပါတယ်။

ထို့အပြင် အဓ္ဓမပြုကျင့်မှုအကြောင်း ပို့စ်တင်သော သူ၏ သူငယ်ချင်းကို အသရေဖျက်မှုနှင့် တရားစွဲမယ်လို့ဆိုသော သူများကိုလည်း အမှုကိစ္စအား သူကိုယ်တိုင်တင်ခိုင်းခြင်းဖြစ်ကြောင်း ပြောပြထားပါတယ်။သူ့အနေဖြင့် သီဟနှင့်သာ သိကျွမ်းပြီး လမင်းသန့်စင်အား မီးထိုးပေးမယ့်သူအဖြစ် အမှုမဖြစ်ခင် နာရီဝက်အလိုမှ တွေ့ဖူးတယ်လို့ ဆိုတယ်။သူ့အနေဖြင့် အမှုအား ညှီနှိုင်းပေးမှာမဟုတ်သလို အဓ္ဓမပြုကျင့်သူ၂ ဦးအားခွင့်လွှတ်မှာ မဟုတ်လို့လည်း ပြောထားပါတယ်။အခုလို တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အချိန်ကာလမှာ ဒီအဓ္ဓမပြုကျင့်ခံရမှုကို ရဲစခန်းမှာ တိုင်ချက်ဖွင့်လို့ ရမရကိုတော့ မသိရသေးပါ။

Credit