Local News

စစ် ဆေးရုံ တွင် ဆေးစစ် ချင်ပါ က သူမ ကူညီပေး နိုင် ကြောင်း ပြောလာတဲ့ “ရွှေရူပါဦး”

စစ်ကောင်စီ အသိုင်းအဝိုင်းမှာတောင် လူတိုင်းတက်ရောက် ကုသခွင့်မရကျတဲ့ စစ်ဆေးရုံတွင် ဆေးစစ် ချင်ပါက သူမကူညီပေးနိုင်ကြောင်းပြောလာတဲ့ ရွှေရူပါဦးကြောင့် ပွဲဆူနေ

တပ်ထောက်ခံသူ သရုပ်ဆောင်ရွှေရူပါဦးမှ တပ်မတော် (လက်ရှိ/ဟောင်း)မိသားစု ဝင်တွေ၊ သာမန် အရပ်သားတွေ တပ်မတော်စစ် ဆေးရုံမှာ ဆေးစစ်ချင်ပါက

သူကူညီပေးနိုင်သည်ဟု သူ၏ လူမှုကွန်ယက်စာမျက်နှာမှ ရေးသားခဲ့သည့် အတွက် စစ်ဆေးရုံသို့ တက်ရောက်ကုသခွင့်မရသူတပ်မတော်မိသားစုဝင်တွေကြား မကျေမနပ်ပြောဆိုဝေဖန်နေကြောင်းသိရပါသည်။

လက်ရှိအချိန်တွင် တပ်မတော်ထောက်ခံသူများ၊ တပ်မတော် (လက်ရှိ/ဟောင်း) မိသားစုဝင်အများအပြားသည် စစ်ဆေးရုံတွင် ဆေးကုသခွင့်မရသဖြင့် သေဆုံးမှုများရှိနေသောကြောင့် စစ်တပ်အသိုင်းအဝိုင်းကြား

မကျေမနပ်ဖြစ်သံများကြားနေရသည်။တပ်ထောက်ခံသူ အမျိုးသား ရေးဝါဒီ ကိုလတ် (မင်္ဂလာတောင်ညွှန့်)၏ တူမ၊ အမကြီးနှင့်မိခင်ကိုယ်တိုင် ဆေးရုံတင်ခွင့်မရ၊ လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုများ မရရှိခဲ့သဖြင့် အသက်ဆုံးရှုံးခဲ့ရသည်။

ထို့အပြင် သူ့အမေအလောင်း သြင်္ဂိုလ်ဖို့တောင် အဆင်ပြေပြေမဆောင်ရွက်နိုင် သဖြင့် စစ်ကောင်စီခေါင်းဆောင်များ၏ စီမံအုပ်ချုပ်မှု ညံ့ဖျင်းပုံ၊ အလိမ်အညာ သတင်းမှားများလွှင့်ကာပြည်သူကိုလှည့်စားဖို့လောက် လုပ်တတ်သူများအဖြစ် Live လွှင့်၍

ဆဲဆိုဝေဖန်ပြစ်တင်ခဲ့သောကြောင့် တညဖမ်းဆီးခံခဲ့ရသေးသည်။ ထို့အပြင် ၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ကို

သေနတ်ဖြင့်ပစ်မည်ဟု ချိန်ရွယ်ဖူးသောဗိုလ်ကြီးဟောင်းမြင့်ဦးဟာလည်း သူ့ဇနီးဖြစ်သူ ကိုဗစ်ရောဂါ ကူးစပ်၍ စစ်ဆေးရုံသို့တင် ရန်ကြိုးစားစဉ် အဆင်မပြေခဲ့သောကြောင့်

တစ်သက်လုံးစိမ်းလာပြီးကြွေခါနီးမှ မနီချင်ဘူးဟု အစချီသော စစ်ကောင်စီ၏ အသုံးမကျမှုများကို ရေးသားခဲ့သေးသည်။
လက်ရှိ အချိန်တွင်တော့ ဦးမြင့်ဦးနှင့် သူ့ဇနီးသည်မှာ ကိုဗစ်ရောဂါဖြင့် ရှေ့ဆင့် နောက်ဆင့် တိမ်းပါးသွားပြီဖြစ်သည်။

သားရော၊ သမက်ရော ဗိုလ်ကြီးဖြစ်ရဲ့သားနဲ့ ကိုဗစ်ရောဂါကူးစက် ကာ အခြေအနေဆိုးနေချိန်မှာစစ်ဆေးရုံတက်ချင်လို့ ကိုယ်တိုင်ထိုင်ကန်တော့ပေမဲ့ အမှတ် ၂ စစ်ဆေးရုံမှာတက်ခွင့်မရ၍အိမ်မှာ အွန်လိုင်းက ဆရာဝန်များဖြင့်သာ လက်ရှိကုနေရသော

လူနာရဲ့ သမီးလုပ်သူကလည်း ဦးမြင့်ဦးပြောခဲ့သလို တစ်သက်လုံးစိမ်းလာပြီးမှ သဲရေကျရပြီဟု ပြောဆိုခဲ့ပါတယ်။ယခုအချိန်တွင် တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသော တပ်မတော်သား မိသားစုဝင်မဆိုထားနှင့် ဗိုလ်ကြီး/ ဗိုလ်မှုး

အဆင့်လောက်မှ မိသားစုဝင်တွေတောင် စစ်ဆေးရုံတွင် ကုသခွင့်မရပါဘူး။တဖက်တွင်တော့ စစ်ဗိုလ်ချုပ်များနှင့် ပတ်သက်ရာ၊ပတ်သက်ကြောင်း

အပြင်လူများ၊ DKBA စစ်ဦးစီးချုပ်လို လက်နက်ကိုင်အဖွဲ့အစည်းမှ လူများ၊ ဦးဝီရသူကဲ့သို့ အကျဉ်းထောင်အတွင်းမှ အမှုရင်ဆိုင်ရမည့်သူများက တက်ရောက်ကုသခွင့်ရကြသည်။

စစ်ဆေးရုံသို့ တက်ရောက်ပြသခွင့်မလွယ်သည့် ယခုလို အချိန်တွင် ရွှေရူပါဦးက သူကူညီပေးနိုင်သည်ဟုပြေဆိုလာသည့်အပေါ်လက်ရှိတပ်မတော်စစ်ဆေးရုံတွင် အလုပ်လုပ်နေသူအမျိုးသမီးတစ်ဦးကတော့ သူဟာ စစ်ဆေးရုံတွေတွင် လုပ်သက် ၂၀ နှစ်ရှိသော်လည်း

ယခုအချိန်မှာ ရွှေရူပါဦးလောက် အဖြစ်မရှိမစွမ်းဆောင်နိုင်သော်ကြောင့် စစ်ဆေးရုံတက်ခွင့် ရရန် သူ့အားအကူအညီတောင်းသည့် သူများအား ရွှေရူပါဦးထံတွင်သာ အကူအညီတောင်းရန် ရေးသားခဲ့ပါသည်။

celethatin