Local News

ပြည်သူ့အောင်ပွဲ (၅၅) ရက်သာလိုတော့တယ်လို့ပြောလာတဲ့ ဗေဒင်ဆရာမတစ်ဦး

ပြည်သူ့အောင်ပွဲရက်ပေါင်း၅၅ရက်သာလိုပါတော့တယ်။

ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ်ကြိုက်တဲ့အစိုးရကို ရွေးချယ်ပိုင်ခွင့်မရှိဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး အောက်ဆီဂျင်တောင်လွတ်လပ်စွာဖြည့်ခွင့်မရှိဘူး။

ကိုယ့်ထမင်းကိုယ်စားပြီး ဆေးရုံတက်ခွင့်တောင်လူတိုင်းမှာမရှိကြဘူး။ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်ငွေကိုယ်တောင်ပြန်ထုတ်ချင်လိုထုတ်လို့မရဘူး။

အဲဒါ ဝဋ်ကြွေးကြောင့် မဟုတ်ဘူး။ စစ်တပ်ကအနိုင်ကျင့်သမျှကို ကြောက်ပြီးငုံ့ခံနေတာသက်တမ်းကြာလာလို့။

ကြောက်တတ်နေသရွေ့ အခါခါနာကျင်စွာ ရှင်သန်နေရလိမ့်မယ်။ မအလအဖွဲ့နဲ့စကစတွေကိုတော်လှန်နိုင်မဲ့နေ့မှာ အားလုံးနဲ့အတူပါဝင်ပါ။

လက်နက်မဲ့ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ မအလနဲ့စစ်ကောင်စီကို နောက်ထပ်အနိုင်ကျင့်မှုတွေ ဆက်မပြုနိုင်ဖို့အတွက် ပြည်သူအားလုံး ပါဝင်ပြီး တိုက်ထုတ်ဖို့လိုတယ်။ ပြည်သူမညီရင် စစ်ကျွန်ဆက်ဖြစ်နေလိမ့်မယ်။

ကြိုးစားနေတဲ့ပြည်သူအချင်းချင်းကူညီပြီးတိုက်ပါ။ မတိုက်နိုင်ရင် တိုက်ပေးမဲ့သူတွေအတွက် ငွေလှူပါ။ ငွေမလှူနိုင်ရင် သစ္စာဆိုပြီးဆုတောင်းပေးပါ။

”မအလနဲ့စကစတွေကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်၊တော်လှန်၊ တိုက်ခိုက်နေသူများအားလုံး ဘေးကင်းကျန်းမာ၍ မအလတို့အဖွဲ့ကိုအမြန်ဆုံးနိုင်ပါစေ”စစ်အာဏာရှင်မောင်းထုတ်ပွဲမှာ တစ်နေရာကနေ ပါဝင်ဖို့ မကြောက်ပါနဲ့။ဘေးကင်းကျန်းမာပါစေ။

Copy ယူလိုသူများ ခွင့်ပြုပါတယ်၊ ခရက်တစ်ပေးရန်မလိုပါ

မေတ္တာဖြင့် May Thingyan Hein-Myitmakha #အရေးတော်ပုံအောင်ပြီ။

unicode










မတေ်တာဖွင့ျ May Thingyan Hein-Myitmakha #အရေးတောျပုံအောငျပွီ။