Celebrity

ဖခင်ဖြစ်သူ နာမည်ကြီးခဲ့တဲ့ပြဇာတ်လေးကိုကြည့်ပြီး သတိရကာ ခံစားနေရတဲ့သားလေးမေတ္တာမြင့်မြတ်ဟိန်း

ဟာသလူရွှင်တော်၊သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမေတ္တာကလည်းဩဂုတ်လ(၂)ရက်နေ့က ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ဦးမေတ္တာရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေကတော့ အခုထိ အရမ်းဝမ်းနည်းနေကြဆဲပဲဖြစ်ပါတယ်။ဦးမေတ္တာရဲ့ အနုပညာတွေကလည်း ပရိသတ်တွေရဲ့ရင်ထဲမှာ ထာဝရတည်ရှိနေမှာပဲဖြစ်ပါတယ်။

ဦးမေတ္တာရဲ့သားလေး မေတ္တာမြင့်မြတ်ဟိန်းကတော့ ဖခင်ရဲ့အနုပညာအမွေကိုဆက်ခံပြီး အနုပညာအလုပ်တွေလုပ်ကိုင်နေပြီဖြစ်ပါတယ်။မေတ္တာမြင့်မြတ်ဟိန်းကလည်း အဖေတူသားဖြစ်ပြီး လူချစ်လူခင်ပေါများသူတစ်ယောက်ဖြစ်ပါတယ်။မေတ္တာမြင့်မြတ်ဟိန်းက ဖခင်ကိုဆုံးရှုံးလိုက်ရတာ ရက်ပိုင်းပဲရှိသေးတာကြောင့် အမှတ်တရတွေကို ပြန်သတိရပြီး ဝမ်းနည်းခံစားနေတာဖြစ်ပါတယ်။ဦးမေတ္တာက သားဖြစ်သူစင်ပေါ်မှာသီဆိုဖျော်ဖြေနေရင်ပရိသတ်တွေကြားထဲကနေ သားလေးကိုအားပေးတတ်သူဖြစ်ပါတယ်။

ဦးမေတ္တာကလည်း ပြဇာတ်ခေတ်တွေကတည်းက နာမည်ကြီးသူတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပြဇာတ်တွေက အခုချိန်ထိမရိုးသွားသေးတာဖြစ်ပါတယ်။မေတ္တာမြင့်မြတ်ဟိန်းက ဖခင်ဖြစ်သူ ပြဇာတ်ကနေတဲ့ဗီဒီယိုလေးကို ပြန်ကြည့်ပြီး အဖေ့ကိုမျှော်နေတာဖြစ်ပါတယ်။ဖခင်ဖြစ်သူ မရှိတော့တာကို သိပေမယ့်လည်း ဘယ်လိုမှဖြည်မဆည်နိုင်ဘဲနေ့စဉ်ရက်ဆက်သတိရနေတာဖြစ်ပါတယ်။

REF : Myanmarload