International News

သံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ငွေကြေးပေးငှါးထားသူ အမေရိကန်ရဲတပ်ဖွဲ့ စစ်ဆေးနေ

ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ဌားရမ်းခံရသူကို ထိန်းသိမ်း စစ်ဆေးနေ

ဩဂုတ် ၅၊ ချင်းမိုင်

​UN အထူးကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို လုပ်ကြံရန် ဌားရမ်းခံရသူအား အမေရိကန် အထူးစုံစမ်းရေးတပ်ဖွဲ့ က ထိန်းသိမ်း စစ်ဆေးမေးမြန်းနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဌားရမ်းခံရသူကိုယ်တိုင် ဦးကျော်မိုးထွန်းကိုဆက်သွယ်သတင်းပေးခဲ့ခြင်းဖြစ်ပြီး ယခုအချိန် အမေရိကန် လုံခြုံရေးတပ်ဖွဲ့များက ဦးကျော်မိုးထွန်းကိုအထူးလုံခြုံရေးပေးထားကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

မြန်မာစစ်တပ်က စစ်ကိုင်းတိုင်း နှင့် ချင်းပြည်နယ်ဘက်တွင် ဒေသခံ ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များကို ဦးကျော်မိုးထွန်းက UN အတွင်းရေးမှူးထံ အထောက်အထားများနှင့် စာရေးသားတိုင်ကြားထားကြောင်း သိရသည်။

FBI ၏ စစ်ဆေးမှု အရ ဦးကျော်မိုးထွန်းကို မည်သည့်အဖွဲ့အစည်းက လုပ်ကြံရန်ကြိုးစားနေသည့် ကိစ္စ မကြာမီ ပေါ်ပေါက်လာဖွယ် ရှိနေသည်။

ယင်းကြိုးပမ်းမှုမှာ မြန်မာ စစ်တပ်နှင့် ဆက်စပ်နေပါက အကြမ်းဖက်လုပ်ရပ် အဖြစ် နိုင်ငံတကာတွင် ပေါ်ပေါက်သွားမည် ဖြစ်သည်။

ပုံ – ရိုက်တာ

Credit