Celebrity

သရုပ်ဆောင် မေပန်းချီရဲ့ မိခင် ကွယ်လွန်

သရုပ်ဆောင် မေပန်းချီရဲ့ မိခင် ကွယ်လွန်

ဧရာဝတီ၊ ဩဂုတ် ၅ ၊ ၂၀၂၁ ။

သရုပ်ဆောင် မေပန်းချီရဲ့ မိခင်ဟာ ဇူလိုင်လအတွင်းက COVID-19 ရောဂါကြောင့် အောက်ဆီဂျင် မပြတ်အောင် ဆေးကုသမှု ခံယူရခဲ့ရပြီး၊ ယနေ့၊ ဩဂုတ်လ ၅ ရက် ညမှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။

“ကျမ စကားလေး နားထောင်ပြီး အခုပဲ ကျမ အမေကြီး အပြီးအနားယူသွားပါပြီ။ အိပ်ပျော်သွားပါပြီ”လို့ မေပန်းချီက စိတ်မကောင်းစွာ အသိပေးထားပါတယ်။

မေပန်းချီရဲ့ မိခင်ဟာ ဇူလိုင် ၃ ရက်နေ့က ချော်လဲပြီး သတိလစ်ရာ ပင်လုံဆေးရုံသို့ တင်ခဲ့ရပြီး၊ အဲဒီနောက် ဆေးစစ်ခဲ့ရာ မိသားစုဝင်များ COVID-19 Positive ဖြစ်ကြောင်း သိရပါတယ်။

မေပန်းချီ ကိုယ်တိုင် COVID-19 ရောဂါ Positive ဖြစ်ခဲ့ပြီး၊ ရောဂါ ပျောက်ကင်းပြီးနောက် မိခင်အား နောက်ဆုံးအချိန်ထိ အနီးကပ် ပြုစု စောင့်ရှောက်ခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ – May Panche’s Facebook