နာမည်ကြီး UFC ဖိုက်တာ မက်ဂရီဂေါ် ခြေကျိုးနေပေမယ့် ဝှီးချဲပေါ်ကနေ ထိုးသတ်မည်

နာမည်ကြီး UFC ဖိုက်တာ မက်ဂရီဂေါ် ခြေကျိုးနေပေမယ့် ဝှီးချဲနဲ့ ထိုးသတ်မည်ပွဲအား ကြံ့ခိုင်မှုအခြေနေကြောင့် ရွှေ့ဆိုင်းပေးရန် တောင်းဆို

ဇူလိုင်လတုန်းက ထိုးသက်ခဲ့တဲ့ UFC ပွဲစဥ်မှာ မက်ဂရီဂေါ်ကတော့ စတင်ပိုရီယေးနဲ့ ပွဲမှာ ခြေထောက်ကျိူးခဲ့ရပါတယ်။

နာမည်ကြီး UFC ဖိုက်တာ မက်ဂရီဂေါ်ဟာ လာမယ့်လမှာတော့ ရန်ပုံငွေပွဲအတွက် သရုပ်ပြပွဲတစ်ခုအနေနဲ့ ဝှီးချဲပေါ်ကနေပဲ ထိုးသက်ဖို့ရှိကြောင်း ၎င်းကောင်း လူမှုကွက်ရက်စာမျက်နှာကနေ ဖော်ပြရေးသားထားတာတွေ့ရပါတယ်။

ယင်းပွဲစဥ်မှာ ရန်ပုံငွေဖြစ်​မြောက်ရေး ကတော့ ခြေထောက်မသန်မစွမ်းတွေကို ကူညီထောက်ပံ့နေတဲ့ အိုင်ယာလန် ဝှီးချဲ အဖွဲ့အစည်းဖြစ်ပြီး ထိုပွဲစဥ် မှာ ရန်ပုံငွေရဖို့ သရုပ်ပြ ဝှီးချဲပေါ်ကနေ ထိုးသက်ကြမှာကတော့ UFCဖိုက်တာ မက်ဂရီဂေါ်နဲ့ ဟာသသရုပ်ဆောင် အယ်လ်ဖိုရမ်တို့ဖြစ်ပါတယ်။
နှစ်ဦးလုံးကတော့ ဝှီးချဲပေါ်ကနေပဲ ထိုးကြမှာပါ။

ထို့ပွဲစဥ်အနေနဲ့ လာမယ့် စတင်ဘာ ၁၁ရက်နေ့မှာ အိုင်ယာလန်နိုင်ငံ ဂယ်လ်ဝေးမြို့က လင်တန်ဟိုတယ်မှာ စီစဥ်ကျင်းပသွားပါတယ် ရရှိလာတဲ့ ငွေကြေးအားလုံးကိုလည်း အိုင်ယာလန်ဝှီးချဲ အဖွဲ့စည်းကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကြံ့ခိုင်မှုအခြေနေကြောင့် ရွှေ့ဆိုင်းပေးရန် မက်ဂရီဂေါ် က တောင်းဆိုထားပါတယ်။

လေးစား အားပေးလျက်ပါ မက်ဂရီဂေါ်….

Ref:Sportinsight
SportGaber